အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
သတင်းအပြည့်အစုံ (News Body) ဝါရှင်တန်ပို့စ် သတင်းစာ၏ ဖော်ပြချက်အရ အဆိုပါ တိုက်ခိုက်မှုအပြီး အသက်ရှင်လွတ်မြောက်ခဲ့သည့် အမေရိကန်စစ်သားများက စစ်အခြေစိုက်စခန်း၏ လုံခြုံရေး အားနည်းချက် များနှင့် ပတ်သက်သည့် ကြိုတင်သတိပေးချက်များကို အမေရိကန်စစ်တပ်ခေါင်းဆောင်များက လျစ်လျူရှုခဲ့ ကြောင်း စွပ်စွဲပြောဆိုခဲ့ပါတယ်။
၎င်းတို့၏ ပြောကြားချက်အရ တပ်ဖွဲ့များ နေရာချထားသည့် စစ်အခြေစိုက်စခန်းသည် အီရန်၏ ဒရုန်း တိုက်ခိုက်မှုများကို ရင်ဆိုင်ကာကွယ်နိုင်ရန် လုံလောက်သည့် ပြင်ဆင်မှုများ မရှိခဲ့သလို၊ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ဒဏ်ရာရသူများကို ကယ်ဆယ်ရေးနှင့် ဆေးရုံသို့ ပို့ဆောင်ရေးလုပ်ငန်းများတွင်လည်း ချို့ယွင်း ချက်များ ရှိခဲ့ကြောင်း ဆိုပါတယ်။
ထို့ပြင် အမေရိကန်စစ်တပ်၏ အတွင်းပိုင်း စုံစမ်းစစ်ဆေးမှုအရ ဖြစ်စဉ်နှင့်ပတ်သက်၍ တာဝန်ရှိသည်ဟု သတ်မှတ်ခံရ သည့် တပ်မှူး သို့မဟုတ် တာဝန်ရှိသူတစ်ဦးတစ်ယောက်ကို မတွေ့ရှိခဲ့သဖြင့် အသက်ရှင် လွတ်မြောက်ခဲ့သည့် စစ်သားအချို့အကြား မကျေနပ်မှုများ ပိုမိုမြင့်တက်နေကြောင်းလည်း သတင်းတွင် ဖော်ပြထား ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment