၁၅ ဇူလိုင် ၂၀၂၆ - ၀၈:၅၆
ဘရာဇီးလ်က အီရန်အပေါ် အမေရိကန်၏ တိုက်ခိုက်မှုကို ဆန့်ကျင်ကြောင်း ကြေညာ၊ ထရမ့်ကို “ပင်လယ် ဓားပြ” ဟု သတ်မှတ်

ဘရာဇီးလ်သမ္မတ လူးလစ် အီနာစီယို လူလာ ဒါ ဆီလ်ဗာက ၎င်း၏နိုင်ငံအနေဖြင့် အီရန်အပေါ် အမေရိကန်၏ တိုက်ခိုက်မှုကို လက်မခံကြောင်းနှင့် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသည့် သင်္ဘောများအပေါ် အမေရိကန်က ကောက်ခံမည့် အခကြေးငွေမှာ ပင်လယ်ဓားပြလုပ်ရပ်နှင့် တူညီကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehrသတင်းဌာန၏ အစီရင်ခံစာအရ ဘရာဇီးလ်သမ္မတ လူးလစ် အီနာစီယို လူလာ ဒါ ဆီလ်ဗာသည် အီရန်အပေါ် အမေရိကန်၏ တိုက်ခိုက်မှုကို ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြောကြားပြီး ဘရာဇီးလ်နိုင်ငံအနေဖြင့် ထိုသို့သော စစ်ရေးဆောင်ရွက်မှုကို လက်မခံကြောင်း အလေးအနက် ပြောဆိုခဲ့ပါတယ်။

ဘရာဇီးလ်သမ္မတက စစ်ပွဲ၏ ကုန်ကျစရိတ်များသည် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းများအပေါ် တိုက်ရိုက် သက်ရောက်မှုရှိလာမည်ဟု သတိပေးခဲ့ပါတယ်။

ထို့အပြင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ မူဝါဒများကိုလည်း ဝေဖန်ကာ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်း သည့် သင်္ဘောများအပေါ် အမေရိကန်က ကုန်ပစ္စည်းတန်ဖိုး၏ ၂၀ ရာခိုင်နှုန်းကို အခကြေးငွေအဖြစ် ကောက်ခံမည်ဟု ကြေညာထားခြင်းသည် ပင်လယ်ဓားပြလုပ်ရပ်နှင့် မခြားနားကြောင်း ပြောကြားခဲ့ပါတယ်။

ယင်းပြောကြားချက်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏ လူမှုကွန်ရက် Truth Social တွင် ဟော်မုဇ် ရေလက်ကြားသည် အီရန်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အမြဲဖွင့်လှစ်ထားမည်ဖြစ်ပြီး အမေရိကန်သည် ထိုရေလက်ကြား ၏ လုံခြုံရေးကို တာဝန်ယူကာကွယ်သူဖြစ်သည်ဟု ဆိုထားသည့် နောက်ခံအခြေအနေတွင် ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။

ထရမ့်က ကမ္ဘာ့အရေးပါသော ဤမဟာဗျူဟာကျ ဒေသ၏ လုံခြုံရေးအတွက် ကုန်ကျစရိတ်များကို ပြန်လည် ဖြည့်တင်းရန် လိုအပ်ကြောင်း ၊ ထို့ကြောင့် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသည့် ကုန်တင် သင်္ဘောအားလုံး ၏ ကုန်ပစ္စည်းတန်ဖိုး၏ ၂၀ ရာခိုင်နှုန်းကို အခကြေးငွေအဖြစ် ကောက်ခံသွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့ပါ တယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha