အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန ၏ ဖော်ပြချက်အရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း သည် တီဟီရန်မြို့သို့ လာရောက်လည်ပတ်သော အီရတ်ဝန်ကြီးချုပ် အလီ ဖာလေဟ် အယ်လ်ဇိုင်ဒီ နှင့် ၎င်းဦးဆောင်သည့် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့အား တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား ဆက်ဆံရေးကို ပိုမိုချဲ့ထွင်ရေးနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတို့အပေါ် အသေးစိတ် ဆွေးနွေးခဲ့ကြပါတယ်။
တွေ့ဆုံစဉ်အတွင်း ခေါင်းဆောင်နှစ်ဦးက အီရန် နှင့် အီရတ်အကြား ရှိနှင့်ပြီးဖြစ်သော သမိုင်းကြောင်း၊ ယဉ်ကျေး မှု ၊ ဘာသာရေးနှင့် ပြည်သူ အချင်းချင်း ဆက်ဆံရေးများကို နှစ်နိုင်ငံအတွက် အဖိုးတန် အရင်းအနှီးအဖြစ် သတ်မှတ် ခဲ့ပြီး၊ ယင်းဆက်ဆံရေးများကို ထိန်းသိမ်းကာ ပိုမိုခိုင်မာစေရန် လိုအပ်ကြောင်း အလေးပေး ပြောကြား ခဲ့သည်။ ထိုအခြေခံပေါ်တွင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးတက်စေရန် ရည်ရွယ် ကြောင်းလည်း ဆိုခဲ့ပါတယ်။
သမ္မတ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း နှင့် အီရတ်ဝန်ကြီးချုပ်တို့က နှစ်နိုင်ငံအကြား ချုပ်ဆိုထားသော ပူးတွဲ သဘောတူညီချက်များကို အမြန်ဆုံးနှင့် အပြည့်အဝ အကောင်အထည်ဖော်ခြင်းသည် နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာရေးနှင့် အပြန်အလှန် အကျိုးစီးပွားများကို ကာကွယ်ရေးအတွက် အရေးကြီးကြောင်း ပြောကြားခဲ့ပါတယ်။ ထို့ပြင် နိုင်ငံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ကုန်စည်သယ်ယူပို့ဆောင်ရေး (Transit)၊ စွမ်းအင်နှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍများတွင် နှစ်နိုင်ငံ၏ ပူးတွဲစွမ်းဆောင်ရည်များကို အပြည့်အဝ အသုံးချသွားရန်လည်း သဘောတူခဲ့ကြပါတယ်။
ခေါင်းဆောင်နှစ်ဦး က တီဟီရန်နှင့် ဘဂ္ဂဒက်အကြား အဆက်မပြတ် ညှိနှိုင်းဆောင်ရွက်မှုနှင့် ပူးပေါင်း ဆောင်ရွက် မှုများမှတစ်ဆင့် နှစ်နိုင်ငံဆက်ဆံရေးအတွက် အခွင့်အလမ်းသစ်များ ဖွင့်လှစ်နိုင်ခြင်းသည် အနာဂတ်အတွက် မဟာဗျူဟာမြောက် လိုအပ်ချက်တစ်ရပ်ဖြစ်ကြောင်း အလေးပေး ပြောကြားခဲ့ပါတယ်။
၎င်းတို့က ပြည့်စုံကျယ်ပြန့်သော နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများသည် နှစ်နိုင်ငံလုံးတွင် တည်ငြိမ်ရေး၊ လုံခြုံရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ပေးရုံသာမက ညီနောင်ပြည်သူနှစ်ရပ်၏ ပူးတွဲအကျိုးစီးပွားများကို ကာကွယ် ရန်နှင့် ဒေသတွင်း စည်းလုံးညီညွတ်မှုကို ပိုမိုအားကောင်းစေရန်လည်း အရေးပါသော တိုးတက် မှုများ ကို ဆောင်ကြဉ်းပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment