အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
IRNAသတင်းဌာန၏အစီရင်ခံစာအရ အစ္စရေးစစ်တပ်က စနေနေ့ညတွင် ထုတ်ပြန်ကြေညာရာ ဟစ်ဇ်ဘိုလာ၏ ဒရုန်းတိုက်ခိုက်မှုကြောင့် ၎င်းတို့၏ စစ်သား ၃ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
အစ္စရေးဘက်၏ ပြောကြားချက်အရ အဆိုပါ ဒရုန်းတိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသူများတွင် စစ်ဘက်အရာရှိတစ်ဦးနှင့် သာမန်စစ်သား ၂ ဦး ပါဝင်ပါတယ်။
အစ္စရေးမီဒီယာများကလည်း တောင်ပိုင်းလက်ဘနွန်၌ ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုတစ်ခုအတွင်း အစ္စရေးစစ်သား ၃ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ယမန်နေ့ညကတည်းက ဖော်ပြခဲ့ပါတယ်။
အစ္စရေးမီဒီယာ သတင်းရင်းမြစ်များ၏ အဆိုအရ ဟစ်ဇ်ဘိုလာသည် တောင်ပိုင်းလက်ဘနွန်၌ အဆိုပါ တိုက်ခိုက် မှုကို ချုံခိုတိုက်ခိုက်သည့်ပုံစံဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။
အစ္စရေးအစိုးရသည် ပုံမှန်အားဖြင့် ၎င်း၏ လူအင်အားဆုံးရှုံးမှုနှင့် ပတ်သက်သည့် အသေးစိတ် အချက် အလက်များကို ထုတ်ဖော်ပြောကြားလေ့မရှိဘဲ၊ ယင်းကိစ္စနှင့်ပတ်သက်၍ ၎င်း၏မီဒီယာများအပေါ် တင်းကျပ် သော သတင်းဆင်ဆာစည်းမျဉ်းများ ချမှတ်ထားသည်ဟု သတင်းတွင် ဖော်ပြထားပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment