၂၀ ဩဂုတ် ၂၀၂၆ - ၂၃:၅၇
အီရန်၊အိုမန် သဘောတူညီချက်ကြောင့် ထရမ့် ဘာကြောင့် မကျေနပ်တာလဲ?အကြောင်းရင်း ပေါ်ထွက်လာ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဟော်မုဇ်ရေလက်ကြားကို ထိန်းချုပ်ရေးဆိုင်ရာ ဆွေးနွေးမှုများတွင် အိုမန်နိုင်ငံက အီရန်ဘက်ကို လိုအပ်သည်ထက် ပိုမိုအလျှော့ပေးခဲ့သည်ဟု ယူဆနေကြောင်း သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr News Agency ၏ သတင်းအရ အီရန်နှင့် အိုမန်တို့အကြား ဟော်မုဇ်ရေလက်ကြားနှင့် ပတ်သက်၍ ပြုလုပ်ခဲ့ သည့် ဆွေးနွေးမှုများနှင့် သဘောတူညီချက်အပေါ် အမေရိကန်သမ္မတ ထရမ့် မကျေနပ်ရသည့် အကြောင်းရင်း ပေါ်ပေါက် လာခဲ့ပါတယ်။

အသေးစိတ်အနေဖြင့် အမေရိကန်အစိုးရသည် အီရန်နှင့် အိုမန်တို့အကြား ရရှိထားသည့် သဘော တူညီချက် အချို့အပေါ် ကျေနပ်မှုမရှိကြောင်း အမေရိကန်မီဒီယာများက အမည်မဖော်လိုသည့် သတင်းရင်းမြစ်များကို ကိုးကား၍ ဖော်ပြခဲ့ပါတယ်။

သတင်းများအရ ဝါရှင်တန်၏ အမြင်မှာ အိုမန်အာဏာပိုင်များသည် ဟော်မုဇ်ရေလက်ကြား ထိန်းချုပ်ရေးနှင့် ပတ်သက်သည့် အီရန်နှင့် ဆွေးနွေးမှုများအတွင်း တီဟီရန်ဘက်ကို အလွန်အကျွံ အခွင့်အရေးများ ပေးခဲ့ သည် ဟူ၍ ဖြစ်ပါတယ်။

အမေရိကန်ဘက်မှ အထူးကန့်ကွက်နေသည့် အချက်များမှာ ဟော်မုဇ်ရေလက်ကြားအတွင်း သင်္ဘောများ သွားလာမှုကို အီရန်နှင့် အိုမန်တို့ ပူးတွဲစောင့်ကြည့်ရန် နှင့် ရေလက်ကြားကို ဖြတ်သန်းသွားလာသည့် လှေ/သင်္ဘောပိုင်ရှင်များထံမှ ဖြတ်သန်းခ ကောက်ခံရန် သဘောတူထားသည့် ကိစ္စများ ဖြစ်ပါတယ်။

Associated Press (AP) ၏ ဖော်ပြချက်အရ အိမ်ဖြူတော်၏ သဘောထားမှာ အိုမန်သည် အီရန်နှင့် ဆွေးနွေးရာတွင် အမေရိကန်က လိုလားသလောက် တင်းကျပ်သော ရပ်တည်ချက် မယူခဲ့ခြင်းဖြစ်ပါတယ်။

တစ်ဖက်တွင် ရုရှားသတင်းဌာန TASS ၏ ဖော်ပြချက်အရ ဒေါ်နယ်ထရမ့်က ဩဂုတ်လ ၁၇ ရက်နေ့တွင် အိုမန်၏ လုပ်ဆောင်ချက်များအပေါ် မကျေနပ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး၊ အိုမန်သည် အီရန်နှင့် အမေရိကန် အကြား ပဋိပက္ခကို ဖြေရှင်းရန် ကြိုးပမ်းမှုများတွင် အတားအဆီးဖြစ်လာပါက ပြင်းထန်သော ဗုံးကြဲ တိုက်ခိုက် မှုများ ပြုလုပ်ခံရနိုင်ကြောင်း ခြိမ်းခြောက်ခဲ့သည်ဟု ဆိုပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha