အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr News Agency ၏ သတင်းအရ အီရန်ပါလီမန် ဥက္ကဋ္ဌ ဒေါက်တာ မိုဟမ္မဒ် ဘာကဲရ် ကာလီဗါဖ်သည် အမေရိကန်တွင် ဓာတ်ဆီဈေးနှုန်းများ စံချိန်တင် မြင့်တက်လာမှုအပေါ် တုံ့ပြန်သည့်အနေဖြင့် နာမည်ကျော် အမေရိကန် အန်နီမေးရှင်းစီးရီးThe Simpsons မှ ဗီဒီယိုကလစ်တစ်ခုကို ၎င်း၏ ကိုယ်ပိုင် X အကောင့်တွင် မျှဝေခဲ့သည်။
ကာလီဘက်ဖ်က တနင်္ဂနွေနေ့တွင် မျှဝေခဲ့သော အဆိုပါကလစ်ထဲတွင် အမေရိကန်၌ ဓာတ်ဆီဈေးနှုန်းများ စံချိန်တင်မြင့်တက်မည့်အခြေအနေကို ကြိုတင်ခန့်မှန်းထားသကဲ့သို့ ထင်ရသော The Simpsons ၏ ဇာတ်ဝင်ခန်းတစ်ခု ပါဝင်ပါတယ်။
အဆိုပါ ဇာတ်ဝင်ခန်းတွင် ဓာတ်ဆီဆိုင်တစ်ဆိုင်ရှိ ဈေးနှုန်းပြဘုတ်သည် ဂဏန်းနှစ်လုံးပါ ဈေးနှုန်းကို ဖော်ပြနိုင်ခြင်းမရှိတော့သည့်ပုံစံကို ပြသထားပြီး၊ ထိုအခါ ဇာတ်ကောင်တစ်ဦးက ဟာသနှော၍ “ဓာတ်ဆီက အခမဲ့ဖြစ်သွားပြီ” ဟု ပြောဆိုပါတယ်။
ဥက္ကဋ္ဌ ဒေါက်တာ မိုဟမ္မဒ် ဘာကဲရ် ကာလီဗါဖ် ၏ ယခုတုံ့ပြန်မှုသည် အမေရိကန်ရှိ ဓာတ်ဆီဆိုင်တစ်ဆိုင်တွင် လောင်စာဆီဈေးနှုန်းသည် တစ်ဂါလန်လျှင် ၉.၉၉ ဒေါ်လာ အထိ ရောက်ရှိခဲ့ပြီး စံချိန်တင်အမြင့်ဆုံးဈေးနှုန်းဖြစ်ကြောင်း ဖော်ပြထားသည့် Bloomberg ၏ သတင်းတစ်ရပ် ထွက်ပေါ်လာပြီးနောက် ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment