၁၈ စက်တင်ဘာ ၂၀၂၆ - ၂၃:၅၈
အီရန်ပြည်သူများသည် အာဇာနည်များ၏သွေးအတွက် လက်စားချေရန် အခိုင်အမာဆုံးဖြတ်ထားကြသည် /အာယာသွလ္လာဟ် ဆယက်ဒ် စအီဒီ

ကွမ်းမြို့၏ သောကြာနမာဇ် ရှေ့ဆောင် ဆရာတော် အာယာသွလ္လာဟ် ဆယက်ဒ် မိုဟမ္မဒ် စအီဒီ က အီရန်ပြည်သူများသည် လွန်ခဲ့သည့် ညပေါင်း ၂၀၀ ကျော်ကတည်းက ကွင်းပြင်တွင် ရှိနေကြပြီး အာဇာနည်များ၏သွေးအတွက် လက်စားချေရန် တောင်းဆိုနေကြသည် ဟု မိန့် ကြားခဲ့ပါတယ်။ ၎င်းက ပြည်သူများ၏ ထိုဆုံးဖြတ်ချက်သည် ရန်သူကို ရင်ဆိုင်ရာတွင် ၎င်းတို့၏ ယုံကြည်ခြင်းနှင့် ခိုင်မြဲတည်ကြည်မှု၏ လက္ခဏာဖြစ်ကြောင်းမိန့်ကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Hawzahnews ၏ အစီရင်ခံစာအရ  အာယာသွလ္လာဟ် ဆယက်ဒ် မိုဟမ္မဒ် စအီဒီ သည် ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၈ ရက် သောကြာနေ့ တွင် ကွမ်းမြို့ရှိ မိုဆွလာယေ ကွဒ်စ်၌ သောကြာနမာဇ် ခွသ်ဗဟ် ၌ တရား ဟောကြားခဲ့ပါတယ်။

ထိုအခါ ၎င်းက “မြင့်မြတ်သော ကာကွယ်ရေးစစ်ပွဲ” ၏ နှစ်ပတ်လည်အခမ်းအနားနှင့် ယီမင်နိုင်ငံတွင် မကြာသေးမီက ဖြစ်ပွားခဲ့သော စစ်ပွဲအကြောင်းကို မိန့်ကြားခဲ့ပါတယ်။ 

ယီမင်ရှိ အန်ဆွာရိုလ္လာဟ် ၏ စစ်ဆင်ရေးများကို အီရန်နိုင်ငံရှိ ခိုရမ်ရှဟ်မြို့ လွတ်မြောက်ရေးနှင့် နှိုင်းယှဉ်ပြောဆိုခဲ့ပြီး ဖြစ်ရပ်နှစ်ခုစလုံးတွင် ယုံကြည်ခြင်း၊ အလ္လာဟ်၏ အကူအညီနှင့် ခုခံတော်လှန်ရေးစိတ်ဓာတ်တို့ ထင်ရှားကြောင်း မိန့်ကြားခဲ့ပါတယ်။

၎င်းက ၁၃၆၁ ဟစ်ဂျရီ ရှမ်စီနှစ် တွင် ခိုရမ်ရှဟ်မြို့ လွတ်မြောက်မှုသည် စစ်ပွဲ၏ အခြေအနေများကို ပြောင်းလဲစေခဲ့သကဲ့သို့ ယီမင်နိုင်ငံရှိ ဘာဗ်ဗိုလ်မန်ဒက်ဗ် ရေလက်ကြားကို ထိန်းချုပ်နိုင်ရန် ပြုလုပ်ခဲ့သော စစ်ဆင်ရေးများ သည်လည်း စစ်ပွဲ၏ အခြေအနေကို ပြောင်းလဲစေခဲ့ကြောင်းမိန့်ကြားခဲ့ပါတယ်။

အစ္စလာမ့်ခုခံတော်လှန်ရေးအတွက် အောင်မြင်မှုလမ်းကြောင်းသည် ယုံကြည်ခြင်းနှင့် အလ္လာဟ်၏ ကူညီစောင်မမှုအပေါ် ယုံကြည်အားကိုးခြင်းဖြင့် ဆက်လက်တည်ရှိမည်ဟု ၎င်းက မိန့်ကြားခဲ့ပါတယ်။

ကွမ်းမြို့၏ သောကြာနမာဇ် ရှေ့ဆောင် ဆရာတော် က  အီရန်ပြည်သူများသည် ညပေါင်း ၂၀၀ ကျော်ကတည်းက ကွင်းပြင်တွင် ရှိနေကြပြီး အလံမျိုးစုံကို ကိုင်ဆောင်ကာ အာဇာနည်များ၏သွေးအတွက် လက်စားချေရန် တောင်းဆိုနေကြသည်ဟု မိန့် ကြားခဲ့ပါတယ်။

၎င်း၏အဆိုအရ ပြည်သူများသည် အီရန်၏ ဘာသာရေးခေါင်းဆောင်၊ စစ်ဘက်တပ်မှူးများ၊ သိပ္ပံပညာရှင်များ၊  Dena သင်္ဘော မှ အမှုထမ်းများနှင့် မီးနာဗ် မြို့ရှိ ကျောင်းမှ အပြစ်ကင်းစင်သော ကလေးငယ်များ သေဆုံးခဲ့မှုအပေါ် ၎င်းတို့၏ ဝမ်းနည်းမှုနှင့် ဒေါသကို ဖော်ပြခဲ့ကြပါတယ်။

၎င်းက အီရန်နိုင်ငံကို ကျူးကျော်ရန် ရည်ရွယ်ချက်ရှိသူ မည်သူမဆို အီရန်ပြည်သူများ၏ ပြင်းထန်သော တုံ့ပြန်မှုအတွက် အသင့်ပြင်ထားရမည် ဟု မိန့်ကြားခဲ့ပါတယ်။

အာယာသွလ္လာဟ် ဆယက်ဒ် မိုဟမ္မဒ် စအီဒီ  သည် ပညာသင်နှစ်အသစ် စတင်ခြင်းအကြောင်းကိုလည်း ပြောကြားခဲ့ပြီး ကျောင်းသားများအား ကြိုးစား၍ ပညာသင်ကြားကြရန် တိုက်တွန်းခဲ့ပါတယ်။

ကလေးများနှင့် လူငယ်များသည် နိုင်ငံ၏ တန်ဖိုးအရှိဆုံး အရင်းအနှီးဖြစ်ကြောင်း အေမာမ် အလီ (အ.စ) ၏ ပညာသင်ကြားခြင်းနှင့် ပတ်သက်သည့် ဟဒီးစ်တော်တစ်ရပ်ကို ကိုးကား၍ ငယ်စဉ်က ပညာမသင်ယူသူသည် အသက်ကြီးလာသောအခါ တိုးတက်အောင်မြင်နိုင်မည်မဟုတ် ဟု မိန့်ကြားခဲ့ပါတယ်။

၎င်းသည် မီးနာဗ် ဖြစ်ရပ်ဆိုး တွင် သေဆုံးခဲ့ကြသော အာဇာနည်များကိုလည်း အမှတ်ရစေခဲ့ပြီး ဟဂျ်ဘုရားဖူးများ၏ လုံခြုံရေးသည် အလွန်အရေးကြီးကြောင်း မိန့်ကြားခဲ့ပါတယ်။

ကွမ်းမြို့၏ သောကြာနမာဇ် ရှေ့ဆောင် ဆရာတော် က အေမာမ် ဟစန် အက္စ်ကရီ (အ.စ)  ၏ မင်္ဂလာမွေးနေ့ ရက်မြတ် ကိုလည်း ဂုဏ်ပြုခဲ့ပြီး အေမာမ် ၏ တိုတောင်းသော်လည်း အရေးပါသော အေမာမ် တာဝန်ထမ်းဆောင်သည့် ကာလအတွင်း ရှီအဟ် များကို ဂိုင်ဗသ်  (အေမာမ် အကွယ် တွင် ရှိနေသည့်ကာလ)အတွက် ပြင်ဆင်ပေးခဲ့ကြောင်း မိန့်ကြားခဲ့ပါတယ်။ 

အေမာမ် ဟစန် အက္စ်ကရီ (အ.စ)  သည် ရှီအဟ် လူ့အဖွဲ့အစည်းအား လမ်းညွှန်ပေးနိုင်ရန် စီမံချက်များ ချမှတ်ထားခဲ့သဖြင့် ဂိုင်ဘဗ် ကာလအတွင်း၌ပင် ဘာသာရေးလမ်းညွှန်မှုများ ဆက်လက်ရှိနေစေရန် အထောက်အကူပြုခဲ့ကြောင်း အာယာသွလ္လာဟ် က မိန့်ကြားခဲ့ပါတယ်။

အာယာသွလ္လာဟ် က ဟဇရသ်  ဖွာတွေမဟ် မအ်စူမဟ် (စ.အ) ၏ ကွယ်လွန်ခြင်းနှစ်ပတ်လည်နေ့ကိုလည်း အမှတ်ရစေခဲ့ပြီး ဟဇရတ် မအ်စူမဟ် (စ.အ)  ကွမ်း မြို့သို့ ကြွရောက်လာခြင်းသည် အီရန်နိုင်ငံ၏  နာမ်ပိုင်း ရေးရာအခြေအနေအပေါ် နက်ရှိုင်းသော သက်ရောက်မှုရှိခဲ့ကြောင်း မိန့်ကြားခဲ့ပါတယ်။

ထို့အပြင် ၎င်းအား အမျိုးသမီးများအတွက် အရှက်အကြောက်၊ အကျင့်သီလ၊ ဘာသာရေးအသိပညာနှင့် အစ္စလာမ့်ဘဝနေထိုင်မှုပုံစံတို့တွင် စံပြပုဂ္ဂိုလ် အဖြစ် ဖော်ပြခဲ့ပါတယ်။

ကွမ်းမြို့၏ သောကြာနမာဇ် ရှေ့ဆောင် ဆရာတော် က ပထမခွသ်ဗဟ် တွင် သက္က်ဝါး (အလ္လာဟ် ဟို အရှင်မြတ် သခင်အား ကြောက်ရွံ့ရိုသေခြင်း) ၊ အလ္လာဟ်ထံ နီးကပ်ခြင်းနှင့် ကုရ်အာန် ၏ စူရာဟ် ဖသ်ဟ် အာယသ်တော်  ၂၉ ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုလည်း ရှင်းလင်းမိန့်ကြားခဲ့ပါတယ်။

၎င်းက စူရာဟ် ဖသ်ဟ် အာယသ်တော်  ၂၉  သည် ယုံကြည်သူများ၏ လူ့အဖွဲ့အစည်းတစ်ရပ်တွင် ရှိသင့်သည့် လက္ခဏာများ ကို ဖော်ပြထားကြောင်း ဆိုပါတယ်။ 

ထိုလူ့အဖွဲ့အစည်းသည် တမန်တော် မိုဟမ္မဒ် (ဆွ) ၏ ရစူလ်အဖြစ် တာဝန်ထမ်းဆောင်မှုကို ဗဟိုပြု၍ တည်ဆောက်ထားရမည်၊ အချင်းချင်း ကရုဏာနှင့် မေတ္တာထားရှိရမည်၊ ဝတ်ပြုကိုးကွယ်သူများ ဖြစ်ရမည်ဖြစ်ပြီး အလ္လာဟ်၏ နှစ်သက်ကျေနပ်မှုကို ရှာဖွေရမည်ဟု မိန့်ကြားခဲ့ပါတယ်။

၎င်းက အစ္စလာမ့်အွန်မ္မသ်  (မွတ်စလင်မ် ကမ္ဘာ့အသိုက်အဝန်း) ၏ အမှတ်လက္ခဏာသည် လူမျိုး၊ ပထဝီဝင်နယ်မြေ သို့မဟုတ် လူမှုအကျိုးစီးပွားများသာဖြင့် သတ်မှတ်ထားခြင်းမဟုတ်ဘဲ တမန်တော် မိုဟမ္မဒ် (ဆွ) နှင့် ဆက်နွှယ်မှုနှင့် ကိုယ်တော်၏ ရစူလ်တာဝန်မှတစ်ဆင့် တည်ဆောက်ထားခြင်းဖြစ်သည်ဟု မိန့်ကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha