၁ ဇွန် ၂၀၁၂ - ၁၉:၃၀

ကျွန်တော်များ အဗ်နာသတင်းဌာနမှ ဟီလာရီကလင်တန် ၏ မုသားများ ကို myanmarmuslim net မှ တိုက်ရိုက်ကူး ယူဖော်ပြလိုက်ပါသည်။ တဆက်တည်းမှာဘဲ အမှန်တရားကို သိသူတိုင်းသည် သူမ ၏စကားများသည် လိမ်ပြောမှု ၊မုသားဆိုမှုမှ အပ အခြားမဟုတ်ကြောင်းသိကြပေသည်။ ကျွန်တော်တို့ သတင်းဌာန ၏ သုံးသပ်ချက်ကို အနီရောင်များဖြင့်ဖော်ပြထားပါသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က မိမိတို့နိုင်ငံသည် မွတ်စလင်မ်များနှင့် ၎င်းတို့၏ ဘာသာရေးကိုးကွယ်မှုကို ပစ်မှတ်ထားနေသည်ဆိုခြင်းကို ငြင်းဆန်လိုက်ပြီး အာဖဂန်နစ္စတန်နှင့် အီရတ်ရှိ အမေရိကန်တပ်များသည် ကိုယ့်ကိုယ်ကိုကာကွယ်ခြင်းမျှသာဖြစ်ကြောင်း မကြာသေးခင်က ထုတ်ဖော်ပြောဆို ခဲ့သည်။မိမိကိုယ့်ကိုယ် ကာကွယ်ခြင်းဆိုလျှင် အဘယ်ကြောင့်  ကျမ်းတော်မြတ်ကို မီးရှို့ခြင်း ၊စွန္နီ၊ရှီအာ အဓိကရုန်း ဖြစ်အောင်ဖန်းတီခြင်းကို    အဘယ်ကြောင့်ပြုရပါသနည်း???       “မွတ်စလင်မ်ကို ပစ်မှတ်ထားနေတယ်ဆိုတဲ့စကားက ကျွန်မကို အတော်ကြီးထိခိုက်နာကျင်စေပါတယ်။ ဒီစကားကြားရတာကိုက စိတ်ထိခိုက်စရာဖြစ်နေပြီ။ လူတိုင်းက ဒီစကားကို ယုံကြည်နေတာ ဒါမှမဟုတ် ဒီစကားကို ၀ါဒဖြန့်နေကြတာမို့ ကျွန်မ အလွန်ပဲနောင်တရမိပါတယ်” ဟု အမေရိကန်က အစ္စလာမ်ကို ဆန့်ကျင်သည့်အမြင်ရှိနေကြောင်း ဘင်္ဂလားဒေ့ရှ် ပြည်သူ့စကားဝိုင်းတွင် ကျောင်းသားတစ်ဦး၏အမေးကို ကလင်တန်က အထက်ပါအတိုင်း ဖြေကြားခဲ့ကြောင်း ပြင်သစ်သတင်းဌာန အေအက်ဖ်ပီ က ဖော်ပြသည်။&n