အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ ယာဉ်ကြော ကြပ်တည်းမှု ရှင်းလင်းစေရေးအတွက် ယနေ့မှ စတင်၍ စည်းကမ်း ဖောက်ဖျက်သည့် ယာဉ်များအား အနည်းဆုံး ဒဏ်ငွေမှ ကညန နှင့်ညှိနိုင်းပြီး လိုင်စင် ပိတ်သည့်အထိ အရေးယူမည်ဟု သိရသည်။

ယာဉ်ကြော ကြပ်တည်းမှု ရှင်းလင်း ပညာပေး စီမံချက်ကို လှည်းတန်း၊ မြေနီကုန်း၊ ရွှေဂုံတိုင် စသည့်နေရာများ ပါဝင်သည့် နေရာ ၉ ခုတွင် ဇန်နဝါရီ ၂၂ ရက်မှ ၂၈ ရက်ထိ ပညာပေး ကာလအဖြစ် ဆောင်ရွက်ခဲ့ပြီး ကိုယ်ပိုင်ယာဉ် ၁၀၆၆ စီး၊ အငှားယာဉ် ၁၃၁၆ စီး၊ ကုန်တင်/ကွန်တိန်နာ ၁၈၁ စီး၊ ဘက်စ်စကား အစီး၂၁၀၀ နှင့် လူကူး မျဉ်းကြားမှ မကူးသူ ၂၄၆၉ ဦးတို့အား ပညာပေး အရေးယူ ခဲ့ကြောင်း ယဉ်ထိန်းတပ်ဖွဲ့ခွဲ (ရန်ကုန်) မှ ထုတ်ပြန်သော စာရင်းများအရ သိရသည်။