အင်ဒိုနီရှားရှီအာမူဆလင်(မ)များ ( ၁ )
ယုံကြည်မှုကြောင့်ဖိနှိပ်ခံနေကြရသောရှီအာမူဆင်(မ)များ၏ဘဝ
အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊အဗ်နာ
အင်ဒိုနီရှားတွင်အကြမ်းဖက်မှုများကြောင့်ထွက်ပြေးရှောင်တိမ်းနေရသောရှီအာမူဆလင်(မ)မိသားစုများလမြတ်ရမဇာန်
တွင်မိမိတို့၏နေအိမ်များတွင်ဥပုဒ်သီလစောင့်နိုင်ရန်တမ်းတနေကြသည်။
အရှေ့ဂျာဝါး၊မဒူရာမြို့နယ်၊ဆမ်ပန်း(ဂ)အုပ်ချုပ်ရေးဒေသ၊ဘလူးရန်ကျေးရွာမှနှင်ထုတ်ခြင်းခံခဲ့ရသောအသက်၄၂နှစ်ရှိ
ဂျဝီးအမည်ရှိရှီအာမူဆလင်(မ)အမျိုးသားသည်မိမိတစ်သက်တွင်ပထမဆုံးအကြိမ်ရိုဇာကိုသူ့ရွာတွင်မထား နိုင်ပါ။ ကလေးလေးယောက်၏ဖခင်ဖြစ်သူဂျဝီးသည်သူ့ရွာမှကီလိုမီတာ၁၀၀ကျော်ဝေးသော ဂျီမွန်ဒိုခရိုင်၊ စီဒိုရ်ဂျိုအုပ်ချုပ်ရေးဒေသရှိပူးစ်ပါးအာရ်ဂိုတန်ဖိုးနည်းစုပေါင်းအိမ်ရာတွင်မလွဲမရှောင်သာနေရပြီးရိုဇာစောင့်တည်နေ
သည်။ဂျဝီးသည်မိမိ၏နေအိမ်၌အခြားမူဆလင်(မ)များနှင့်အတူတကွစုစုစည်းစည်းနေခဲ့သည်ကိုအောင်းမေ့တမ်းတနေ
သည်။အိမ်နီးနားခြင်းများနှင့်စည်းရုံးစွာညနေ(အီဖ်တားရ်)၀ါဖြေပြီးလျှင်သူ့မိတ်ဆွေတို့သရာဝီးနမားဇ်ဖတ်ရန်စောင့်နေ
ချိန်အတောအတွင်းအချိန်ဖြုန်းခဲ့ကြသည်ကိုတွေးပြီးတမ်းတမိသည်။
"ရွာမှာမရှိတော့တဲ့ကျွန်တော့်အိမ်ကိုပြန်ချင်တယ်၊ ဒါပေမဲ့ဘယ်လိုပြန်လို့ရမလဲဆိုတာတော့မသိဘူး။ ရွာက ကျွန်တော့်အိမ်ကိုစလဖီအကြမ်းဖက်သမားတွေမီးရှို့လို့ပြာကျသွားခဲ့ပြီ" ဟုဂျဝီးကပြောပြခဲ့သည်။လူနည်းစုဖြစ် သောရှီအာမူဆလင်(မ)များကိုစလဖီအုပ်စုများကအကြမ်းဖက်တိုက်ခိုက်မှုများကြောင့်ဆမ်ပန်(ဂ)ရှိရှီအာ မူဆလင်(မ)များသည်ဒုက္ခသည်များအဖြစ်နေနေရသည်မှာတစ်နှစ်ကျော်ခဲ့ပြီး။ရှီအာမူဆလင်(မ)နှစ်ဦးရှဟီးဒ် ဖြစ်ခဲ့ပြီး
ရာနှင့်ချီသောရှီအာတို့၏နေအိမ်များကိုအကြမ်းဖက်သမားများကမီးရှို့ခဲ့ကြသည်။အင်ဒိုနီရှားတွင်ဆွန်နီ မူဆလင်(မ)များမှာလူများစုဖြစ်သည်။
ဂျဝီးရွာတွင်နေစဉ်ကသူ့ဘ၀ဆိုပြေလှပသည်ဟုဆိုသည်။ နွားတစ်ကောင်နှင့်ဆိတ်နှစ်ကောင်ပိုင်ဆိုင်ပြီး၅ဧက ခန့်ရှိလယ်တွင်ဆေးရွက်ကြီး၊ပြောင်းနှင့်မြေပဲနှင့်စပါးစိုက်၍ရသောဝင်ငွေနှင့်သူ့မိသားစုကိုလုံလောက်စွာ ထောက်ပံ့နိုင်ခဲ့သည်ဟုဆိုသည်။ဆေးရွက်ကြီးရောင်းလျှင်ရူပီယား၁၆သန်း(အမေရိကန်ဒေါ်လာတစ်ထောင့်ခု နှစ်ရာရသည်။ လယ်မှထွက်သောစပါးနှင့်ပြောင်းကိုမိသားစုစားသောက်ရန်အတွက်ဖယ်ထားပြီးမြေပဲကိုမူရောင်း ချ သည်ဟုဂျဝီးကပြောပြသည်။
အသက်နှစ်ဆယ်အရွယ်အခြားရှီအာမူဆလင်(မ)တစ်ဦးဖြစ်သူဇိုင်နီကလည်းဂျဝီးပြောပြသည့်အတိုင်းပင်ခံစားရ သည်။ သူလည်းသူငယ်ချင်းအပေါင်းအသင်းများနှင့်ရာန်မဇန်ညနေခင်းများတွင်အတူအချိန်ဖြုန်းခဲ့သည်ကိုသတိ ရတမ်းတသည်။"အခုတော့အခြေအနေတွေအားလုံးပြောင်းသွားပြီး။ ဒီမှာနေရတာအရမ်းအထီးကျန်ဆန်တယ်၊ ရွာကအိမ်မှာရိုဇာထားရတာအတော့်ကိုသက်တောင့်သက်သာရှိပြီးအဆင်ပြေတယ်။ ရွာပြန်ပြီးပဲရိုဇာထားချင် တယ်။" ဟုဇိုင်နီကပြောသည်။
အသက်၁၆နှစ်ရှိအခြားဒုက္ခသည်မိန်းကလေးတစ်ဦးဖြစ်သူစီတီလိုင်လာကအီးဖ်တာရ်အတွက်အစားအသောက် များချက်ပြုတ်ရန်သူ့အမေကိုမကူညီနိုင်တော့ဟုဆိုသည်။သူမကလည်းရွာတွင်ရှိသောပတ်ဝန်းကျင်ကိုလွမ်း သည်ဟုပြောပြသည်။ သူမ၏ရွာတွင်အီးဖ်တားရ်အတွက်စားဖွယ်များတစ်အိမ်နှင့်တစ်အိမ်ဖလှယ်ခြင်းသည်ရိုးရာ ဓလေ့ထုံးစံဖြစ်ပြီးရှီအာနှင့်ဆွန်နီမိသားစုများအကြားခွဲခြားကွဲပြားခြင်းမရှိဟုပြောပြသည်။ "အိမ်တိုင်းအီးဖ်တားရ် အတွက်အစားအသောက်တွေဖလှယ်ကြတယ်။ရမဇာန်ဆိုရင်အရမ်းကိုစိတ်လှုပ်ရှားဖို့ကောင်းတယ်"ဟုလိုင်လာ ကပြောပြသည်။
ပြီးခဲ့သည့်ဇွန်လ၂၀ရက်နေ့ကတည်းက(မီးရှို့ဖျက်ဆီးခံရ၍)အိုးမဲ့အိမ်မဲ့ဖြစ်သွားသောရှီအာမိသားစု၆၄စု (လူဦးရေ၂၂၄ဦး) သည်ပူးစ်ပါးအာရ်ဂို Puspa Argo တန်ဖိုးနည်းစုပေါင်းအိမ်ရာတွင်ဒုက္ခသည်များအဖြစ်နေနေ ကြ ရ သည်။ထိုဒုက္ခသည်များတွင် နို့စို့ကလေး၅ဦး၊ လမ်းလျှောက်စကလေး ၁၅ဦး၊ ကျောင်းသွားသည့်အရွယ် ၁၀၅ဦး၊ လူကြီး ၉၀နှင့်အသက်၆၀ကျော်သက်ကြီးရွယ်အို၉ဦးတို့ပါဝင်သည်။
အရှေ့ဂျာဝါးပြည်နယ်အုပ်ချုပ်ရေးအဖွဲ.ကဒုက္ခသည်များကိုအစားအစာနှင့်အသက်အရွယ်လိုက်လိုအပ်သောအဟာရ၊သင့်
တင့်သောပညာရေးနှင့်အလုပ်အကိုင်မဲ့ဖြစ်နေသောလယ်သမားများအားအလုပ်အကိုင်ရှာဖွေပေးခြင်းကဲ့သို့သောစီး
ပွားရေးလိုအပ်ချက်များနှင့်အခြားအခြေခံလိုအပ်ချက်များကိုဖြည့်စည်းပေးခြင်းမရှိဟုဖိနှိပ်ခံရသူ များနှင့်ပျောက်ဆုံးနေသူများဆိုင်ရာကော်မရှင်ညှိနှိုင်းရေးမှုး(ဆူရာဘိုင်ယာအခန်းကဏ္ဍ)အန်ဒီအီရ်ဖါးန်က ပြောကြားလိုက်သည်။
http://abna.ir/data.asp?lang=3&Id=440789
ရှာဖွေတင်ပြသူ - Zainab Ali