အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
လတ်တလော ဆက် လက်ဖြစ်ပွားနေသော တိုက်ပွဲများ သည် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဦး ဆောင်နေသည့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းစဉ်ကို အ ဟန့်အတားဖြစ်စေ၍ အပြန်အ လှန်ယုံကြည်မှုနှင့် အမျိုးသား ရင်ကြားစေ့ရေးတည်ဆောက်နိုင် ရန် ပစ်ခတ်တိုက်ခိုက်မှုများ ရပ် တန့်ရန် လိုအပ်ကြောင်း ရှမ်းတိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့ များ၊ ရှမ်းနိုင်ငံရေးပါတီများနှင့် ဖွဲ့စည်းထားသည့် ရှမ်းပြည်ညီ ညွတ်ရေးကော်မတီ (CSSU) က ထုတ်ပြန်သည်။
CSSU ၏ နှစ်ပတ်လည် အစည်းအဝေးကို မေလ ၄ ရက် နှင့် ၅ ရက်တို့တွင် ထိုင်းနိုင်ငံ ချင်းမိုင်၌ ကျင်းပရာ ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌဦးခွန်ထွန်းဦး၊ ရှမ်း ပြည်တိုးတက်ရေးပါတီ (SSPP) နာယက ဗိုလ်ချုပ်ကြီးဆေထင်၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS) ဥက္ကဋ္ဌဒုတိယ ဗိုလ်ချုပ်ကြီးယွက်ဆစ်၊ ရှမ်းတိုင်း ရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP) ဥက္ကဋ္ဌဦးစိုင်းအိုက်ပေါင်း တို့အပါအ၀င် CSSU အဖွဲ့ဝင် ကိုယ်စားလှယ်များ တက်ရောက် ခဲ့ပြီး အစည်းအဝေးအပြီးတွင် ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ် သည်။
ရှမ်းအမျိုးသားရေးလုပ်ငန်း များကို ဦးဆောင်နေသည့် အဖွဲ့ အစည်းများအနေဖြင့် အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲ (ရှမ်း လူမျိုး)ကို ကျင်းပနိုင်ရေး ကြိုးပမ်း ဆောင်ရွက်နေရာ မေလ ၂၄ ရက် တွင် ကျင်းပမည့် ၂၁ ရာစုပင်လုံ ညီလာခံမတိုင်မီ တောင်ကြီးမြို့၌ ကျင်းပနိုင်ရန် ရည်ရွယ်ထားသည် ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။
တိုင်းရင်းသားတန်းတူရေး နှင့် စစ်မှန်သော ဖက်ဒရယ်ပြည် ထောင်စုဒီမိုကရေစီနိုင်ငံတည် ဆောက်ရေးလုပ်ငန်းများ၌ လွှတ် တော်၊ အစိုးရ၊ တပ်မတော်အပါ အ၀င် နိုင်ငံရေးပါတီများ၊ တိုင်း ရင်းသားလက်နက်ကိုင်တော်လှန် ရေးအဖွဲ့အစည်းများ၊ အမျိုးသမီး များ၊ လူငယ်များ၊အခြားလူမှုအဖွဲ့ အစည်းများ အားလုံးတို့နှင့် တက် ကြွစွာ ဆက်လက်ပူးပေါင်း၍ ဆောင်ရွက်ရန် သဘောတူညီခဲ့ သည်ဟု CSSU ထုတ်ပြန်ချက် တွင် ဖော်ပြသည်။
တိုင်းရင်းသားအချင်းချင်း အကြား အပြန်အလှန်လေးစားယုံကြည်မှုတည်ဆောက်ရေးနှင့် အ မျိုးသားရင်ကြားစေ့ရေးလုပ်ငန်း များတွင် နိုင်ငံတော်အစိုးရအနေ ဖြင့် လက်တွေ့ကျကျ ပူးပေါင်း ဆောင်ရွက်မှသာ ပြည်ထောင်စု ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင် မည်ဟု ယုံကြည်ကြောင်း ပါရှိ သည်။
ရှမ်းပြည်နယ်နှင့် ပြည် ထောင်စုတစ်ဝန်းလုံးတွင် ပျံ့နှံ့ နေသည့် မူးယစ်ဆေးဝါးပြဿနာ သည် လူထုကို အညွန့်တုံးစေပြီး ပြည်သူ့ကျန်းမာရေးနှင့် အမျိုး သားလုံခြုံရေးတို့ကို ထိခိုက်စေ သည့်အပြင် ငြိမ်းချမ်းရေးဖြစ်စဉ် ကို အဟန့်အတားဖြစ်စေ၍ မူး ယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ် ငန်းများကို လူထုတစ်ရပ်လုံး၊ သက်ဆိုင်ရာအဖွဲ့အစည်းများ အားလုံးနှင့် ပူးပေါင်းဆောင်ရွက် ရန် CSSU အစည်းအဝေး၌ ဆုံး ဖြတ်ခဲ့သည်။
===================
251/End
၇ မေ ၂၀၁၇ - ၁၇:၃၆
News ID: 828386