၁၄ ဇွန် ၂၀၁၇ - ၁၇:၀၀
အမြန်လမ်းဘေးရှိ ကျူးကျော်အိမ် လေးထောင်ကျော်ကို အင်အားသုံးဖယ်ရှား

ရဲတပ်ဖွဲ့နှင့်ကျူးကျော်များ ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီး ကျူးကျော်သူငါးဦး ဖမ်းဆီးခံရ

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


လှည်းကူးမြို့နယ်အ တွင်း အမြန်လမ်းမကြီးဘေး မိုင် တိုင် ၃ အနီးရှိ ကျူးကျော်တဲ ၄,၀၀၀ ကျော်ကို ဖယ်ရှားရာတွင် ကျူးကျော်များနှင့် ရဲတပ်ဖွဲ့ဝင် များ ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီး ကျူးကျော်သူငါးဦးကို ရဲတပ်ဖွဲ့ က ဖမ်းဆီးခဲ့သည်။

အမြန်လမ်းမကြီးဘေးရှိ မြို့ ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ပိုင် မြေနေရာအတွင်း ဝင်ရောက် ကျူးကျော်နေသော ကျူးကျော်တဲ အလုံးရေ ၄,၀၀၀ ကျော်ကို ဇွန်လ ၁၂ ရက်က ရဲတပ်ဖွဲ့ဝင်များနှင့် ကျေးရွာများမှ ခေါ်ယူထားသော ရွာသားများအပါအဝင် အင်အား ၂,၀၀၀ ကျော်ဖြင့် ဖယ်ရှားခြင်း ဖြစ်သည်။

၎င်းတို့သည် ကျူးကျော်တဲ များကို ဖယ်ရှားရန် ဇွန်လ ၁၁ ရက် ညကတည်းက နေရာယူစောင့် ဆိုင်းနေခြင်းဖြစ်သည်။ နံနက် မိုး လင်းသည်နှင့် ကျူးကျော်တဲများ ကို ဖယ်ရှားရန် အချိန် လေးနာရီ ကြာ

စီစဉ်ပြင်ဆင်ခဲ့ပြီး နံနက် ၉ နာရီ တွင် စတင်ဖယ်ရှားခြင်းဖြစ် သည်။

ပြည်သူ့အစိုးရသစ်လက် ထက်တွင် ကျူးကျော်တဲများကို ဖယ်ရှားရှင်းလင်းခဲ့သည်မှာ ယခု အကြိမ်သည် တတိယအကြိမ်ဖြစ် သည်။ ၂၀၁၆ ဇန်နဝါရီ ၂၃ ရက် က ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ အစိုးရ စီမံကိန်းနယ်မြေများတွင် နှစ် ပေါင်း ၂၀ ခန့် နေထိုင်ခဲ့သော ကျူးကျော်အိမ်ခြေ ၂၀၀ ကျော်ကို ရန်ကုန်မြို့ မြို့ရွာနှင့် အိုးအိမ်ဖွံ့ ဖြိုးရေးဦးစီးဌာနက ဖယ်ရှားခဲ့ပြီး ဇန်နဝါရီ ၂၅ ရက်က မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင်စက်မှုဇုန်ရှိ နေရာသုံးခုမှ ကျူးကျော်အိမ်ထောင်စု ၂,၀၀၀ ကျော်ကို ဖယ်ရှားခဲ့ သည်။

ဇွန်လ ၁၂ ရက်က ကျူးကျော်တဲများ ဖယ်ရှားရာတွင် ကျူးကျော်အချို့က ရဲတပ်ဖွဲ့ဝင်များကို စိန်ခေါ်ဆဲဆိုပြီး လေးခွဖြင့် စတင် ပစ်ခတ်ခဲ့သည်။ ထိုသို့ ပြုလုပ်ရာ တွင် ပါဝင်သူများနှင့် ရဲတပ်ဖွဲ့ဝင် များကို ဝတ္တရားနှောင့်ယှက်သော ကျူးကျော်အမျိုးသားလေးဦးနှင့် အမျိုးသမီးတစ်ဦး စုစုပေါင်းငါးဦး ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်း ခဲ့သည်။

ကျူးကျော်များဖယ်ရှားခြင်း သည် ဥပဒေအတိုင်း လုပ်ဆောင် နေခြင်းဖြစ်ကြောင်း ယင်းဖယ်ရှား မှုကို ကွပ်ကဲနေသော ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ရဲမှူးချုပ်မြဝင်းက ပြောသည်။

‘‘ဥပဒေအတိုင်း လုပ်နေတာ ပဲ။ ကျွန်တော်တို့က စက်ယန္တရား မသုံးဘူး။ သူတို့ဘာသာ ဖျက်သွားရင် အဆင်ပြေအောင်လုပ်တယ်။ ဒီကိစ္စကို အချိန်ယူပြီး လုပ်သွား မယ်။ တစ်လလည်း ဟုတ်တယ်။ နှစ်လလည်း ဟုတ်တယ်။ ပွင့်ပွင့် လင်းလင်းနဲ့ လုပ်သွားမယ်။ ဒါပေ မဲ့ ဝတ္တရားနှောင့်ယှက်လာရင် တော့ ဥပဒေအတိုင်း လုပ်ရမှာပဲ’’ ဟု ၎င်းက ပြောသည်။

‘‘ပြီးခဲ့တဲ့ အတွေ့အကြုံတွေ အရဆိုရင်တော့ ကျူးကျော်တွေ ပြန်မဝင်နိုင်အောင် စီမံထားပါ တယ်။ ရန်ကုန်တိုင်းဒေသကြီးရဲ့ လမ်းညွှန်မှုအရပေါ့။ ဌာနဆိုင်ရာ တွေက ဆောင်ရွက်မယ်။ အရင် တုန်းကတော့ လာတယ်။ လာပြီး ဖျက်ပြီး ပြန်ဝင်တယ်လို့ ဖြစ်တာ ပေါ့။ လုပ်ရတဲ့ဌာနဆိုင်ရာ ဝန် ထမ်းတွေမှာလည်း တော်တော်  လေးကို တာဝန်ကြီးပါတယ်။ လက်ရှိ အနေအထားအရတော့ ပွင့်ပွင့်လင်းလင်းပဲ။ အဲဒီလိုပဲ ဆောင်ရွက်မှာပဲ။ သူတို့ပစ္စည်း တွေ သူတို့ ပြန်သယ်သွားဖို့ပေါ့။ စီးပွားရေးအရ ရောင်းချတဲ့သူတွေ ဆီက သူတို့က သွားပြီး ဝယ်လိုက် တာကိုး။ ကျူးဖြစ်တဲ့အတွက် ကျွန် တော်တို့က သူ့ပစ္စည်းသူပြန်ယူ သွားပေါ့’’ဟု မြို့ပြနှင့် အိမ်ရာဖွံ့ ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးယုခိုင်က ပြောသည်။

ကျူးကျော်များသည် အိုး အိမ်ဌာနပိုင် မြေဧက ၁,၄၀၀ ကျော်အတွင်း စိမ်းလန်း၊ ဂန့်ဂေါ်ကျွန်း၊ အောင်ရတနာ၊ ရတနာအောင်နှင့် အောင်သုခကျေးရွာသစ်ဟု အ မည်ပေးထားပြီး ကျေးရွာများအ ဖြစ် နေထိုင်နေခြင်းဖြစ်သည်။ ယင်းကျေးရွာများအတွင်း ဘုန်း ကြီးကျောင်း ၁၀ ကျောင်းရှိ ကြောင်း ရတနာအောင်ကျေးရွာ သစ်မှ ကျောင်းထိုင်ဆရာတော် ဦးသုမနက ပြောသည်။

ဖယ်ရှားခံရသော ကျူးကျော်တဲများ ဖယ်ရှားဖျက်ဆီးမခံရ စေရန် ၎င်းတို့က ငိုယို၍ တောင်းပန်ခဲ့သည်ကို တွေ့ရသည်။ ‘‘လက် သန်းလေးတွေတောင် နှမြောတယ် ဝန်ကြီးချုပ်ရယ်။ ကျွန်မတို့ ကျောင်းတက်နေတဲ့ ကလေးတွေ ဒုက္ခရောက်ပါပြီ။ မရှိလို့ လာနေတဲ့သူတွေကို ဒုက္ခပေးတယ်’’ဟု ဖယ်ရှားခံရသူတစ်ဦးက ငိုယိုအော် ဟစ်ပြောကြားသည်။

‘‘ကျွန်မတို့ တစ်လအိမ်လခ ခြောက်ထောင်မတတ်နိုင်လို့ ဒီနေရာကို လာနေတာပါ။ အခုလို ဖျက်ဆီးခံရတော့ ကျွန်မတို့မှာ နေစရာ မရှိတော့ဘူး။ အခု လက်ရှိ ကလေးတွေလည်း ကျောင်းတက် နေတယ်။ ကျွန်မ ကလေးတွေ ဒုက္ခရောက်ပါပြီ’’ဟု ကလေး လေးဦး၏မိခင် မသီတာက ငို၍ ပြော သည်။

အိုးအိမ်မြေနေရာပေါ်တွင် ဝင်ရောက်ကျူးကျော်နေထိုင်သူ များသည် ပေ ၄၀×၆၀ မြေတစ် ကွက်လျှင် ကျပ်နှစ်သိန်းမှ ၁၂ သိန်းအထိပေးဝယ်၍ နေထိုင်သူ များရှိကြောင်း ဖယ်ရှားခံကျူး ကျော်များက ပြောသည်။

‘‘ကျွန်တော်တို့ဆို မြေနေရာ ဝယ်နေရတာ။ မြေကွက် ငါးသိန်း ပေးရတယ်။ အခု ဘယ်သူက တာဝန်ယူမှာလဲ။ ဖျက်မယ် ဆိုတာ လည်း စာပို့အကြောင်းကြားတာ မရှိဘူး’’ဟု ဖယ်ရှားခံရသူ ကိုမင်း မင်းအောင်က ပြောသည်။

၂၀၁၅ ဒီဇင်ဘာ ၁၇ ရက်က ယင်းနေရာများရှိ ကျူးကျော်တဲ များကို ရန်ကုန်တိုင်းအစိုးရက ဘူဒိုဇာဖြင့်ထိုး၍ ဖယ်ရှားခဲ့ သော်လည်း ရှင်းလင်းမသွားဘဲ ယင်းနှစ်တွင်ပင် ပြန်လည်ဝင် ရောက် ကျူးကျော်နေထိုင်ခြင်း ဖြစ်သည်။

၂၀၁၅ က ကျူးကျော်တဲ ၂,၀၀၀ ခန့်သာ ရှိသော်လည်း လက်ရှိတွင် ကျူးကျော်တဲ ၄,၀၀၀ ကျော်အထိ တိုးလာခြင်းဖြစ် သည်။

ယခုဖယ်ရှားခံ ကျူးကျော် များသည် ၂၀၁၅ ကတည်းက ဖယ်ရှားခံရသူများပါသလို အသစ်ရောက်လာသူများက အများစုဖြစ် နေကြောင်း ၎င်းတို့က ပြောသည်။

‘‘အရင်တစ်ခါကလည်း ဖယ် ရှားခံရသေးတယ် ပြောတယ်။ ကျွန်မက အဲဒီတုန်းက မရှိသေး ဘူး။ ဒါပေမဲ့ ကျွန်မနေလာတာ ၂ နှစ်ရှိပြီ။ နေစရာမရှိလို့ကို လာနေ တာပါ။ သူများဆီက ဝယ်တာ လည်း မဟုတ်ဘူး။ အစိုးရမြေ လွတ်ဆိုပြီး လာနေတာ’’ဟု ဇွန်လ ၁၂ ရက်က ကျူးကျော်တဲဖယ်ရှား ခံရသူ ဒေါ်မြစန်းက ပြောသည်။

လက်ရှိ ဖယ်ရှားနေသော ကျူးကျော်တဲများကို KNU/KNLA (PC) စီးပွားရေးတာဝန်ခံ များက ဆင်းရဲနွမ်းပါးမှုလျှော့ချ ရေးလုပ်ငန်းစဉ်ဟုဆိုကာ ပေ ၄၀×၆၀ မြေကွက်များကို ၂၀၁၄ က စတင်ရောင်းချခြင်းဖြစ်သည်။

ရတနာအောင်ကျေးရွာသစ် စီမံကိန်းသည် ၂၀၁၄ က KNU/ KNLA(PC) စစ်ထောက်ချုပ်မဲလှ ဒေသ မဲလှမြို့တော်တပ်ဖွဲ့တာဝန် ခံ ဗိုလ်မှူးစောသာဂေး (စီးပွား စီမံ)က အကောင်အထည်ဖော် တည်ဆောက်မည့် ကျေးရွာသစ် ဆိုင်းဘုတ်နှင့်အတူ လမ်းများ၊ ဆေးခန်းနှင့် မူလတန်းကျောင်း များ ဆောက်လုပ်ကာ မြေကွက် များ စတင်ရောင်းချခဲ့သည်။

‘‘ကျွန်တော်လည်း အဲဒီသ တင်းကြားပြီး စိတ်မကောင်းဖြစ် နေတာပါ။ အဲဒီပြဿနာက ၂၀၁၄ လောက်ကတည်းက ဖြစ်နေတာ။ ကျွန်တော်တို့ဌာနချုပ်ကနေ စေ ခိုင်းတာတော့ မဟုတ်ဘူးဗျ။ စီး ပွားရေးတာဝန်ခံတွေက လုပ်တာ လို့ သိရတယ်။ အဲဒါလည်း ပြန် ကြားရတာပေါ့။ အရင်တစ်ခါ လည်း အဲဒီလိုဖြစ်ဖူးတယ်။ တ ကယ်လုပ်တယ်ဆိုရင်တော့ အ ရေးယူမှုအပိုင်းတွေ လုပ်ရမှာ ပေါ့’’ဟု KNU/KNLA(PC)မှ ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြော သည်။

ယမန်နေ့က ဖယ်ရှားခံရမှု ကြောင့် ကျူးကျော်များက မြေ ကွက်များကို အကွက်ရိုက်လိမ်လည်ရောင်းချသူများကို အမြန် ဆုံးအရေးယူပေးရန် တောင်းဆိုခဲ့ သည်။ ကျူးကျော်တဲများဖယ် ရှားရာတွင် ကျူးကျော်တဲ ၂၀၀ ခန့်သာ ဖယ်ရှားခဲ့ပြီး ယနေ့ (ဇွန်လ ၁၃ ရက်)၌လည်း ဆက် လက်ဖယ်ရှားရန် အာဏာပိုင်များ က စီစဉ်နေသည်။

=====================
251/ End