-
အေမာမ် ဟိုစိုင်းန် (အ.စ) ၏ တော်လှန်ရေးသည် အစ္စလာမ်အသိုင်းအဝိုင်း ပြုပြင်ပြောင်းလဲရေးအတွက် ဖြစ်ကြောင်း ရှိတ်ခ် ယာကွတ်ဗ် ယာယာ ကတ်စီနာပြောကြား ။ ။ Photos
အဗ်နာ ။ ။ ရှိတ်ခ်ဇက်ဇာကီ ၏ ဦးဆောင်မှုအောက်တွင် ကျင်းပသည့် အေမာမ် ဟိုစိုင်းန် (အ.စ) အောက်မေ့ဖွယ် ဝမ်းနည်းကြေကွဲခြင်း အခမ်းအနားတွင် ရှိတ်ခ် ယာကွတ်ဗ် ယာယာ ကတ်စီနာ က အေမာမ် ဟိုစိုင်းန် (အ.စ) သည် မိမိ ဘိုးတော် တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) ၏ ဘာသာရေးနှင့် အသိုင်းအဝိုင်းအတွင်း ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ရန် ထွက်ခွာခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းမိန့် ကြားခဲ့ပြီး၊ မွတ်စလင်မ် အစ်ဗ်နေ အကီးလ် (အ.စ) အား ကူဖာသို့ စေလွှတ်ခဲ့သည့် ဖြစ်စဉ်နှင့် ၎င်း၏ အနစ်နာခံမှုများကိုလည်း ထည့်သွင်းဟောပြောခဲ့ပါတယ်။
-
နိုင်ရိုဘီတက္ကသိုလ်တွင် “တရားမျှတမှုနှင့် ဂုဏ်သိက္ခာ” ခေါင်းစဉ်ဖြင့် ဘာသာပေါင်းစုံညီလာခံ ကျင်းပ ။ ။ Photos
အဗ်နာ ။ ။ အီရန်သံရုံး၏ ယဉ်ကျေးမှုဆိုင်ရာ အတိုင်ပင်ခံ ဒေါက်တာ မဲဟ်ဒီ ဗိုင်ကီသည် နိုင်ရိုဘီတက္ကသိုလ်တွင် ကျင်းပသော “တရားမျှတမှုနှင့် ဂုဏ်သိက္ခာ ၊ အစ္စလာမ်နှင့် ခရစ်ယာန်ရှုထောင့်များ” ခေါင်းစဉ်ဖြင့် ဘာသာပေါင်းစုံ ညီလာခံသို့ တက်ရောက်ကာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ညီလာခံကို နိုင်ရိုဘီတက္ကသိုလ်နှင့် အီရန်နိုင်ငံ ကွမ်းမြို့ရှိ အစ္စလာမ်လေ့လာရေးဌာန (IIIS) တို့ ပူးပေါင်းကျင်းပခဲ့ပြီး ခေတ်ပြိုင်လူ့အဖွဲ့အစည်းတွင် တရားမျှတမှု၊ လူ့ဂုဏ်သိက္ခာနှင့် ကျင့်ဝတ်ဆိုင်ရာ တာဝန်ယူမှုတို့၏ မျှဝေထားသော တန်ဖိုးများကို ဆွေးနွေးဖလှယ်ရန် ရည်ရွယ်ထားကြောင်း သိရပါတယ်။
-
အမေရိကန်က အီရန်၊ အာဖဂန်၊ ဂျော်ဂျီယာနှင့် တူရကီ ရွှေ့ပြောင်းနေထိုင်သူများကို ဗဟိုအာဖရိကသို့ စေလွှတ်
အီရန်၊ အာဖဂန်၊ ဂျော်ဂျီယာနှင့် တူရကီလူမျိုးများ အပါအဝင် နှင်ထုတ်ခံရသော ရွှေ့ပြောင်းနေထိုင်သူများကို တင်ဆောင်လာသော အမေရိကန်လေယာဉ်တစ်စင်းသည် ဗဟိုအာဖရိကသို့ ထွက်ခွာသွားပြီး ဂါနာတွင် ရပ်တန့်ရန် စီစဉ်ထားကြောင်း ပို့ဆောင်ခံရသူများနှင့် ရှေ့နေများက ဂါနာတွင် ရက်စက်စွာဆက်ဆံမှုနှင့် ဆွစ်ဇာလန်တွင် အကန့်အသတ်မရှိ ထိန်းသိမ်းခံရကြောင်း သတင်းပို့ထားသော်လည်း လေယာဉ်ခရီးစဉ်ဒေတာနှင့် လူဝင်မှုကြီးကြပ် ရေးရှေ့နေတစ်ဦးကို ကိုးကား၍ အေဂျင့်ဖရန့်စ်ပရက်စ်က ဖော်ပြခဲ့ပါတယ်။
-
နိုင်ဂျီးရီးယား ၊ အေမာမ် ခိုမေနီ (ရ.ဟ) ကွယ်လွန်ခြင်း ၃၇ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနား ကျင်းပ ။ ။ Photos
အဗ်နာ ။ ။ အီရန် အစ္စလာမ်မစ်တော်လှန်ရေး ခေါင်းဆောင် အေမာမ် ခိုမေနီ (ရ.ဟ) ကွယ်လွန်ခြင်း ၃၇ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် နိုင်ဂျီးရီးယားနိုင်ငံ ဒေသအသီးသီးမှ ပညာရှင်များ၊ ကျောင်းသားများနှင့် ရှီအဟ်မွတ်စလင်မ်များ တက်ရောက်သည့် အခမ်းအနားကို ရှိက်ခ် အီဗရာဟီးမ် ဇက်ဇာကီ ၏ နေအိမ်ဖြစ်သော အဘူဂျာတွင် ကျင်းပခဲ့ပါတယ်။
-
Samood Global Fleet တက်ကြွလှုပ်ရှားသူများကို ကိပ်တောင်းလေဆိပ်တွင် လူထုက ကြိုဆို ။ ။ Photos
အဗ်နာ ။ ။ Samood Global Fleet တက်ကြွလှုပ်ရှားသူများသည် မနေ့ညနေက တောင်အာဖရိကနိုင်ငံ ကိပ်တောင်း အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာချိန်တွင် လူအုပ်ကြီး ၊ လူမှုရေး တက်ကြွလှုပ်ရှားသူများ နှင့် ဘာသာရေးခေါင်းဆောင်များက ကြိုဆိုခဲ့ကြပါတယ်။ တောင်အာဖရိကနိုင်ငံရှိ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏နောက်လိုက် ရှီအဟ်များတက်ရောက်ခြင်းနှင့် "ပါလက်စတိုင်းလွတ်လပ်ပါစေ " ဟူသော ကြွေးကြော်သံများ ပါဝင်ပါတယ်။
-
အဲဟ်လေ့ဘိုက်(သ)(အ.စ) အပေါ် ချစ်ခြင်းမေတ္တာသည် စွန့်လွှတ်အနစ်နာခံမှုကို ဖြစ်ပွားစေကြောင်း ရှိက်ခ် အီဗရာဟီးမ် ဇက်ဇာကီ မိန့်ကြား
တမန်တော် အီဗရာဟီးမ် (အ.စ) ၏ စွန့်လွှတ်အနစ်နာခံမှု ဖြစ်ရပ်မှန် ကို ရည်ညွှန်း၍ ရှိက်ခ် အီဗရာဟီးမ် ဇက်ဇာကီ သည် “ဘာသာရေးအတွက် စွန့်လွှတ်အနစ်နာခံမှု” ကို စွန့်လွှတ်အနစ်နာခံမှု၏ စစ်မှန်သော အဓိပ္ပာယ် အဖြစ် သတ်မှတ်ပြီး အဲဟ်လေ့ဘိုက်(သ) (အ.စ) အပေါ် ချစ်ခြင်းမေတ္တာကို လက်တွေ့လုပ်ဆောင်မှုဖြင့် ထင်ရှား စေရမည်ဟု မိန့်ကြားခဲ့ပါတယ်။
-
အီရန်သည် တစ်ချိန်တည်းမှာပင် စူပါပါဝါနှစ်နိုင်ငံ နှင့် တိုက်ခိုက်နေသော ကမ္ဘာ့ပထမဆုံးနိုင်ငံဖြစ်
ကင်ညာနိုင်ငံရေးသမား တစ်ဦး မှ မိမိ၏ လူမှုရေး စာမျက်နှာတွင် အီရန်သည် တစ်ချိန်တည်းမှာပင် စူပါပါဝါ နှစ်နိုင်ငံ နှင့် တိုက်ခိုက်နေသော ကမ္ဘာ့ပထမဆုံးနိုင်ငံဖြစ်ကြောင်း ရေးသားထားပါတယ်။
-
အမေရိကန်၏ အကြမ်းဖက်အဖွဲ့များ စာရင်းတွင် မွတ်စလင်ညီနောင်များအဖွဲ့ (အစ်ခ်ဝါနိုလ်မွတ်စ်လေမီးန်) ကို ထည့်သွင်းခြင်းကို အီဂျစ် နှင့် ယူအေအီ တို့က ကြိုဆို
ကိုင်ရိုနှင့် အဘူဒါဘီအစိုးရများ သည် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက မွတ်စလင်ညီနောင်များအဖွဲ့ (အစ်ခ်ဝါ နိုလ်မွတ်စ်လေမီးန်) ၏ လက်ခွဲများကို အကြမ်းဖက်အဖွဲ့များ စာရင်းတွင် ထည့်သွင်းရန် ချမှတ်ခဲ့သော အဆုံး အဖြတ်ကို ကြိုဆိုခဲ့ကြပါတယ်။
-
နိုင်ဂျီးရီးယား တွင် လူ ၃၀ ကျော်သေဆုံးပြီး အချို့ မှာ ပြန်ပေးဆွဲခံရကြောင်း နိုင်ဂျီးရီးယားရဲတပ်ဖွဲ့က ပြောကြား
နိုင်ဂျီးရီးယားရဲတပ်ဖွဲ့က တနင်္လာနေ့တွင် ဗဟိုအာဖရိကနိုင်ငံ နိုင်ဂျာပြည်နယ်တွင် လူ ၃၀ ကျော်သေဆုံးပြီး အချို့ ကို “ဓားပြများ” က ပြန်ပေးဆွဲခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
-
ဆီနီဂေါနိုင်ငံ အဲဟ်လေ့ဘိုက်(သ) (အ.စ) အိုလမာကောင်စီ၏ အထွေထွေအတွင်းရေးမှူး ၏ ဈာပနအခမ်းအနား ။ ။ Photos
အဗ်နာ ။ ။ ဆီနီဂေါနိုင်ငံ အဲဟ်လေ့ဘိုက်(သ) (အ.စ) အိုလမာကောင်စီ၏ အထွေထွေအတွင်းရေးမှူး ဟွတ်ဂျ် ဂျသိုလ် အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ရှိက်ခ် မိုဟမ္မဒ် နယာ နန်က် ၏ ဈာပနအခမ်းအနားကို ဘာသာရေး လှုပ်ရှား သူများ နှင့် အဲဟ်လေ့ဘိုက်(သ) (အ.စ) ကို ချစ်မြတ်နိုးသူများတွင် ကျင်းပခဲ့ပါတယ်။ မရ်ဟွန်မ် သည် မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။ ဒီဇင်ဘာလ ၂၉ ရက်နေ့ တနင်းလာနေ့ ဇဟ်ရီအချိန်တွင် အလ္လာဟ် အမိန့်ခံယူ သွားခဲ့ခြင်းဖြစ်ပါတယ်။
-
ဆီနီဂေါနိုင်ငံ အဲဟ်လေ့ဘိုက်(သ) (အ.စ) အိုလမာကောင်စီ၏ အထွေထွေအတွင်းရေးမှူး ကွယ်လွန်ပြီးနောက် အာယာသွလ္လာဟ် ရမ်ဒွါန်နီ ၏ ဝမ်းနည်းကြောင်းသဝဏ်လွှာ
မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အထွေထွေ အတွင်းရေးမှူးချုပ် အာယာသွလ္လာဟ် ရေဇာ ရမ်ဒွါန်နီ က ဆီနီဂေါနိုင်ငံ အဲဟ်လေ့ဘိုက်(သ) (အ.စ) အိုလမာကောင်စီ၏ အထွေထွေအတွင်းရေးမှူး ဟွတ်ဂျ် ဂျသိုလ် အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ရှိက်ခ် မိုဟမ္မဒ် နယာ နန်က် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်း ကြောင်း သဝဏ်လွှာတစ်စောင် ပေးပို့ခဲ့ပါတယ်။
-
ရှိက်ခ် အီဗရာဟီးမ် ဇက်ဇာကီ သည် ဟဇရသ် ဖွာတွေမဟ် မအ်စူမအ် (စ.အ) ရောင်ဇာတော် ၏ ဇေယာရသ် ပြုရန် သွားရောက် ။ ။ Photos
အဗ်နာ ။ ။ နိုင်ဂျီးရီးယားရှိ ရှီအဟ် မွတ်စလင်မ် များ၏ ခေါင်းဆောင် ရှိက်ခ် အီဗရာဟီးမ် ဇက်ဇာကီ သည် ဟဇရသ် ဖွာတွေမဟ် မအ်စူမအ် (စ.အ) ရောင်ဇာတော် ၏ ဇေယာရသ် ပြုရန် ဒီဇင်ဘာလ ၁၈ ရက်နေ့ ၂၀၂၂၅ ခုနှစ် က သွားရောက် ခဲ့ပါတယ်။
-
အာယာသွလ္လာဟ် ရှိက်ခ် ဇက်ဇကီက သတင်းထောက်များအားနိုင်ဂျီးရီးယားလူ့အဖွဲ့အစည်းတွင် ကွဲပြားမှုကို လှုံ့ဆော်ခြင်းမှရှောင်ကြဉ်ရန်အကြံပေးမိန့်ကြား ။ ။ Photos
အဗ်နာ ။ ။ Ariwa အွန်လိုင်းသတင်းထောက်များဖိုရမ်မှ ကိုယ်စားလှယ်များသည် နိုင်ဂျီးရီးယားနိုင်ငံ အဘူဂျာမြို့ရှိ အာယာသွလ္လာဟ် ရှိက်ခ် ဇက်ဇကီ ၏ နေအိမ် သို့ သွားရောက်ခဲ့ကြပါတယ်။ ကိုယ်စားလှယ်အဖွဲ့သည် ဖိုရမ်၏ ရည်မှန်းချက်များကို ရှိက်ခ်ထံ တင်ပြခဲ့ပြီး အောင်မြင်မှုရရှိရန်အတွက် အကြံဉာဏ်တောင်းခံခဲ့ပါတယ်။ ရှိက်ခ် မှ သတင်းအချက်အလက်များ ဖြန့်ဝေရာတွင် သတိထားရန် အရေးကြီးကြောင်းနှင့် ဖြန့်ဝေသည့်အရာများသည် ဘာသာရေးအယောင်ဆောင်၍ ကွဲပြားမှု သို့မဟုတ် လူ့အဖွဲ့အစည်းတွင် မငြိမ်မသက်မှုများကို ဖြစ်စေသည့် သတင်းအချက်အလက်များ မဖြစ်အောင် ပြုရမည် ဖြစ်ကြောင်း အလေးပေးမိန့်ကြားခဲ့ပါတယ်။
-
အာယာသွလ္လာဟ် ရှိက်ခ် ဇက်ဇကီ ၏ ဇနီး မှ တီဟီရန် မြို့ တွင် သခင်မကြီး ဇဲဟ်ရာ (စ.အ) ၏ရှဟာဒသ် မဂျ်လစ် တွင် တရားဟောကြား ။ ။ Photos
အဗ်နာ ။ ။ နိုင်ဂျီးရီးယား အစ္စလာမ်မစ် လှုပ်ရှား မှု ၏ခေါင်းဆောင် အာယာသွလ္လာဟ် ရှိက်ခ် ဇက်ဇကီ ၏ ဇနီး မှ တီဟီရန် မြို့ တွင် သခင်မကြီး ဇဲဟ်ရာ (စ.အ) ၏ရှဟာဒသ် မဂျ်လစ် တွင် တရားဟောကြားခဲ့ပါတယ်။
-
အီဂျစ်ရှိ အလ်အဇ်ဟရ် တက္ကသိုလ် သည် ကုရ်အာန် အက်ပ် ကို မိတ်ဆက်ပေး
အစ္စလာမ့် ကမ္ဘာ၏ အကြီးဆုံးဘာသာရေး အဖွဲ့အစည်းတစ်ခုအဖြစ်လူသိများသော အီဂျစ်နိုင်ငံ ရှိ အလ်အဇ်ဟရ် တက္ကသိုလ်သည် ကုရ်အာန် အက်ပ်ကို မိတ်ဆက်ပေးခဲ့ပါတယ်။
-
အဲဟ်လေ့ဘိုက်(သ)(အ.စ) ၏ ချစ်သူများ မှ တန်ဇန်းနီးယား တွင် တမန်တော်မြတ် (ဆွ ) ၏ ၁၅၀၀ ပြည့် မွေးနေ့မင်္ဂလာ အထိမ်းအမှတ် အခမ်းအနား ကျင်းပ ။ ။ Photos
အဗ်နာ ။ ။ တန်ဇန်းနီးယားနိုင်ငံ ၏ မြို့တော် ဒါရိုစ်စလာမ် မြို့ရှိ ဟဇရသ် ဇိုင်နဗ် (စ.အ) ကျောင်းတွင် အဲဟ်လေ့ဘိုက်(သ)(အ.စ) ၏ ချစ်သူများ မှ တမန်တော်မြတ်မိုဟမ္မဒ် (ဆွ ) ၏ ၁၅၀၀ ပြည့် နှင့် အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) တို့၏ မွေးနေ့မင်္ဂလာ အထိမ်းအမှတ် အခမ်းအနား ကို ကျင်းပခဲ့ပါတယ်။ ဤကျောင်း သည် တန်ဇန်းနီးယားရှိ ဂျာမေ အသိုလ် မွတ်စ်သဖွာ (ဆွ) အလ်အာလေမီယဟ် ၏ ကိုယ်စားလှယ်ရုံး ၏ ကြီးကြပ်မှုအောက်တွင် ဖွင့်လှစ်ထားခြင်း ဖြစ်ပါတယ်။
-
ကမ္ဘာပေါ်တွင် စတုတ္ထအကြီးဆုံးကျွန်းဖြစ် သည့် မဒါဂတ်စကာ နိုင်ငံ ရှိ ရှီအဟ် မွတ်စလင်မ်များ ၏ အဇါဒါရီ ။ ။ video
အဗ်နာ ။ ။ အာဖရိက တိုက် ရှိ ကမ္ဘာပေါ်တွင် စတုတ္ထအကြီးဆုံးကျွန်းဖြစ် သည့် မဒါဂတ်စကာ နိုင်ငံ ရှိ ရှီအဟ် မွတ်စလင်မ်များ ၏ အဇါဒါရီ မြင်ကွင်း ဖြစ်ပါတယ်။
-
မဒါဂတ်စကာ ရှီအဟ် မွတ်စလင်မ်များ ၏ ဤနှစ် အာရှုရာ နေ့ အဇါဒါရီ ။ ။ Photos
အဗ်နာ ။ ။ အာဖရိက တိုက်ရှိ နိုင်ငံများ မှ တစ်နိုင်ငံ ဖြစ်သည့် မဒါဂတ်စကာ ရှီအဟ် မွတ်စလင်မ်များ ၏ ဤနှစ် အာရှုရာ နေ့ အဇါဒါရီ ပြုလုပ်နေသည့် ပုံရိပ် အချို့ ဖြစ်ပါတယ်။
-
နိုင်ဂျာ နိုင်ငံ ၏ အာရှုရာ အခမ်းအနား ။ ။ Photos
အဗ်နာ ။ ။ အေမာမ် ဟိုစိုင်းန် (အ.စ) ရှဟာဒသ် ဖြစ်သည့်နေ့ အာရှာရာ နေ့ ၏ ဝမ်းနည်းခြင်း အခမ်းအနားကို အနောက်အာဖရိက ၏ နိုင်ဂျာ နိုင်ငံ တွင် အဲဟ်လေ့ဘိုက်(သ) (အ.စ) ကျောင်းတော် ၏ နောက်လိုက်များ (ရှီအဟ်များ ) မှ ကျင်းပခဲ့ပါတယ်။