အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr News Agency ၏ အစီရင်ခံစာအရ မုဟရမ် လ ၏ ပထမဆယ်ရက် အား အီရန်နိုင်ငံတစ်ဝှမ်းတွင် အေမာမ် ဟိုစိုင်းန် (အ.စ) ၏ ရှဟာဒသ် နှင့် ကရ်လော ဖြစ်ရပ်မှန် အတွက် ဝမ်းနည်းခြင်း အခမ်းအနားများကိုပြုလုပ်လျက် ရှိပါတယ်။
ဒီအခါသမယမှာ အစ္စလာမ့်တော်လှန်ရေးခေါင်းဆောင် ကြီး ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီသည် အိုလမာ ၊ အများ ပြည်သူများ အစိုးရ အဆင့်မြင့် ပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ကြသည့် တီဟိရန် မြို့တော် ရှိ အေမာမ် ခိုမေနီ (ရ.ဟ) အေမာမ်ဘာရာ တွင် ကျင်းပတဲ့ ဝမ်းနည်းခြင်း အခမ်းအနား ကို တက်ရောက်ခဲ့ပါတယ်။
မကြာသေးမီရက်များအတွင်းတွင်၊ အမေရိကန်သမ္မတ အကြမ်းဖက်သမား ထရမ့် သည် အီရန်နှင့် တော်လှန်ရေး ခေါင်းဆောင်တို့ကို ပြင်းထန်သောအကျိုးဆက်များဖြင့် ခြိမ်းခြောက်ရန် ဒေါသတကြီးပြောဆိုမှုများ ထပ်မံပြုလုပ်ခဲ့သော်လည်း အီရန်ခေါင်းဆောင်များနှင့် ပြည်သူများသည် ပြင်းထန်စွာ ပယ်ချခဲ့ပြီး စိတ်ပိုင်းဆိုင်ရာ စစ်ပွဲဟု သတ်မှတ် ခဲ့ကြပါတယ်။
မုဟရမ် ၏မဂျ်လစ်များ တွင် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ ၏ မကြောက်မရွံ့ပါဝင်ပြခြင်း၊ လူအများနှင့် တစ်တန်းတည်းထိုင်နေခြင်းသည် အီရန်အစ္စလာမ်မစ်ပြည်သူ့ သမ္မတနိုင်ငံသည် ရန်သူများ ၏ခြိမ်းခြောက်မှုများ ကို ကြောက်သည့် နိုင်ငံ မဟုတ် ကြောင်း မိမိတို့၏ ဘာသာရေး လက္ခဏာ ရပ်များ နှင့် တော်လှန်ရေး အမှတ်အသားများ ကို လက်လွတ် မည် မဟုတ်ကြောင်း ရန်သူများ နှင့် ကမ္ဘာ ကို ပြ သလိုက်ခြင်း ဖြစ်ပါတယ်။
အီရန် အဓိပတိခေါင်းဆောင်ကြီး ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ ရှိနေခြင်းသည် ပြည်တွင်းတည်ငြိမ်မှုကို ထင်ရှားစေရုံသာမက ရန်သူများ၏ ယူဆချက်အားလုံး မှားယွင်းကြောင်း သက်သေပြလိုက်ခြင်း ဖြစ်ပါတယ်။
ရန်သူများသည် အီရန်ပြည်သူလူထု အား စိတ်ဓာတ်ကျသွားအောင် အီရန်ခေါင်းဆောင်ကြီး ကို ဖိအားပေးရန် ကြိုးစားခဲ့ပါတယ်။ အီရန် အဓိပတိခေါင်းဆောင်ကြီး ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ အနေဖြင့် ဤမဂျ်လစ်စေ ဟိုစိုင်းန် (အ.စ) တွင် ကြွမြန်းလာခြင်းသည် အမှန်တကယ်တွင် အီရန် ပြည်သူများ အတွက် ရန်သူများ ပြုလုပ် သည့် စိတ်ဓာတ်ရေးရာစစ်ပွဲတွင် ကျရှုံး မှု ကို ပျက်ပြားသွားစေခဲ့ ပြီး အီရန် နိုင်ငံ ၏ ပြည်တွင်းစည်းလုံးညီညွတ်မှု၏ လက္ခဏာ ကိုပြသလိုက် ခြင်း ဖြစ်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment