၂၀ ဩဂုတ် ၂၀၂၅ - ၀၈:၂၅
အီရန် ၊ ရုရှား နှင့် တရုတ် သံတမန်များသည် snapback ယန္တရား နှင့် ပတ်သက် ၍ ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်

အီရန်၊ ရုရှားနှင့် တရုတ်နိုင်ငံတို့မှ သံတမန်များသည် အမေရိကန်နှင့် ဥရောပနိုင်ငံများ၏ ခြိမ်းခြောက် ပြောဆို မှု များ နှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr News Agency ၏ အစီရင်ခံစာအရ အီရန် ၏ ဥပဒေနှင့် နိုင်ငံတကာရေးရာ လက်ထောက် နိုင်ငံခြား ရေးဝန် ကြီး ကာဇင်းမ် ဂရီးဗ် အာဗါဒီ သည် ၂၀၂၅ ခုနှစ် နျူကလီးယားသဘောတူညီချက် နှင့် ပတ်သက်သည့် snapback ယန္တရားနှင့်ပတ်သက်၍ တရုတ်နှင့်ရုရှားသံတမန်များနှင့် တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါတယ်။

Snapback ယန္တရားကို ဆွေးနွေးရန်အတွက် တီဟီရန်တွင် ရုရှားနှင့် တရုတ်နိုင်ငံတို့မှ အကြီးတန်းသံတမန်များနှင့် တွေ့ဆုံခဲ့ကြောင်း ကာဇင်းမ် ဂရီးဗ် အာဗါဒီ က မိမိ ၏ X အကောင့်တွင် ပြောကြားခဲ့ပါတယ်။

ဒါဟာ အီရန်အပေါ် ကုလသမဂ္ဂရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ပြန်လည်ချမှတ်နိုင်တဲ့ ယန္တရားဖြစ်ပါတယ်။ တီဟီရန်သည် ၎င်းတို့ကိုယ်တိုင် နျူကလီးယားသဘောတူညီချက်ကို လိုက်နာခြင်းမရှိသောကြောင့် ယင်းယန္တရား အား အသက်သွင်းရန် ၎င်းတို့၏ခြိမ်းခြောက်မှုသည် တရားမဝင်ကြောင်း ဥရောပနိုင်ငံများကို အကြိမ်ကြိမ် သတိပေးခဲ့ပြီး ဖြစ်ပါတယ်။

တရုတ်သံအမတ်ကြီးနှင့် ရုရှားသံအမတ်တို့ တွေ့ဆုံရာတွင် သုံးနိုင်ငံသည် ဥရောပအစိုးရများ၏ အဖျက်သဘောဆောင်သည့် အပြုအမူကို တန်ပြန်ရန် ပူးတွဲဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြသည်ဟု ၎င်းက ဆက်လက် ပြောကြားခဲ့ပါတယ်။

ကာဇင်းမ် ဂရီးဗ် အာဗါဒီ  က အီရန်၊ ရုရှားနှင့် တရုတ်တို့က လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် 2231 ကို သတ်မှတ်ထားသည့်အချိန်၌ သက်တမ်းကုန်ဆုံးသင့်ကြောင်း နောက်ပြီးတော့ ဥရောပနိုင်ငံတွေဟာ snapback ယန္တရားကိစ္စ တွင်  တရားဝင် ပါဝင် စွက်ဖက် ခွင့် မရှိကြောင်း  ထို့ကြောင့် လုံခြုံရေးကောင်စီ၏ ဆုံးဖြတ် ချက် ဟောင်း များကို ပြန်လည်ထည့်သွင်းခြင်းသည်လည်း ဆန့်ကျင် ကြောင်း ပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha