အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အကြမ်းဖက် အစ္စရေး သည် အီရန် စံတော်ချိန် ညနေခင်း ၄ နာရီ ကျော် တွင် ကာတာတွင် အကြမ်းဖက် စစ်ဆင် ရေး တစ်ခု ပြုလုပ်ခဲ့ပါတယ်။
ကာတာမြို့တော် ဒိုဟာမြို့လယ်တွင် ပေါက်ကွဲမှုအများအပြား ဖြစ်ပွားခဲ့ကြောင်း သတင်းရင်းမြစ်များက ဖော်ပြ ထားပါတယ်။ ဒိုဟာရှိ ကာသာရာ ဧရိယာမှ မီးခိုးများ ကောင်းကင်သို့ တက်လာခဲ့ပါတယ်။
ကာတာမြို့တော် ဒိုဟာရှိ ဧရိယာများကို အစ္စရေး စစ်လေယာဉ်များက ပစ်မှတ်ထားသည်ဟု ဟီဘရူး ဘာသာ စကား သတင်းရင်းမြစ်များက ဆိုကြပါတယ်။
အဆိုပါ သတင်းရင်းမြစ်များ၏ အဆိုအရ တိုက်ခိုက်မှုများ၏ ပစ်မှတ်မှာ ဟားမတ်စ် အကြီးတန်း အရာရှိများ ဖြစ်ကြောင်း သိရပါတယ်။
ယခု အီရန်စံတော်ချိန် ညနေခင်း ၄နာရီကျော် အချိန်အထိ ပေါက်ကွဲမှု ၁၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
ကာတာ နိုင်ငံ ၏ မြို့တော် ဒိုဟာတွင် ယနေ့တိုက်ခိုက်မှုများ၏ အဓိကပစ်မှတ် မှာ ဟားမတ်စ် စေ့စပ်ညှိနှိုင်းရေး အဖွဲ့၏ ယာယီခေါင်းဆောင်နှင့် အကြီးတန်းအဖွဲ့ဝင် ခလီလိုဟိုင်ယဟ် ဖြစ်ကြောင်း ဟီဘရူးမီဒီယာက ဖော်ပြခဲ့ ပါတယ်။
နောက်ဆက်တွဲသတင်းများကိုလည်း နောက်သတင်းများတွင် ထုတ်ပြန်ပေးပါမယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment