အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အစ္စလာမ်မစ်တော်လှန်ရေး၏ အထွတ်အထိပ်ခေါင်းဆောင် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ အား ဆန့်ကျင်သည့် သတင်းအတုများနှင့် စော်ကား သည့်အကြောင်းအရာများ ထုတ်ဝေပြီးနောက် ပါကစ္စတန် မွတ်စလင်မ်များ ညီညွတ်ရေး ကောင်စီ ဥက္ကဋ္ဌ နှင့် အိန္ဒိယ ရှီအဟ် ကိုယ်ရေးကိုယ်တာ ဥပဒေ အဖွဲ့ချုပ် ၏ အထွေထွေအတွင်းရေးမှူး က ဤလုပ်ရပ်များကို အနောက် နိုင်ငံ များ နှင့် ဇီယွန်နစ်အစိုးရ၏ ခုခံလှုပ်ရှားမှုကို ဆန့်ကျင်သည့် စနစ်တကျမီဒီယာစစ်ပွဲ၏ တစ်စိတ် တစ်ပိုင်းအဖြစ် သတ်မှတ်ပြီး ပြင်းထန်စွာရှုတ်ချခဲ့ပါတယ်။
ပါကစ္စတန် မွတ်စလင်မ်များ ညီညွတ်ရေး ကောင်စီ ဥက္ကဋ္ဌ နှင့် ပါကစ္စတန် အထက်လွှတ်တော်အမတ် H.I ရာဂျာ နာဆေရ် အဘာစ် ဂျအ်ဖရီ က မီဒီယာအချို့တွင် ဇီယွန်ဝါဒီစာရေးဆရာတစ်ဦး၏ စွပ်စွဲချက်များကို ပြန်လည် ထုတ်ဝေခြင်း ကို ဝေဖန်ခဲ့ပြီး ဤချဉ်းကပ်မှုသည် ပရော်ဖက်ရှင်နယ် သတင်းစာပညာမူများနှင့် လွှမ်းမိုးကြီး စိုးသော အင်အားကြီးနိုင်ငံများ၏ နိုင်ငံရေးရည်မှန်းချက်များနှင့် ကိုက်ညီမှုမရှိကြောင်း အလေး ပေးပြောကြား ခဲ့ပါတယ်။
ဆက်လက်ပြီး ဤတိုက်ခိုက်မှုများသည် အရေးပါအရောရောက်သည့် ပုဂ္ဂိုလ်ရေးတစ်ဦးတည်းကို တိုက်ခိုက်ခြင်း မဟုတ်ဘဲ ကြံ့ကြံ့ ခံ ခုခံမှု ၊ လူ့ဂုဏ်သိက္ခာ နှင့် အစ္စလာမ်ဘာသာရေးအသိပညာတို့ကို ညှိနှိုင်း တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဂါဇာတွင် လူမျိုးတုံးသတ်ဖြတ်မှုနှင့်ပတ်သက်၍ မီဒီယာများ၏ တိတ်ဆိတ်နေမှုကို ရည်ညွှန်း၍ ပါကစ္စတန် မွတ်စလင်မ်များ ညီညွတ်ရေး ကောင်စီ ဥက္ကဋ္ဌ က ဖိနှိပ်မှုရှေ့မှောက်တွင် ကြားနေမှု သည် ၎င်းဘက်သို့ ရပ်တည်ခြင်းဖြစ်ပြီး ဇီယွန်နစ်အစိုးရ၏ ရာဇဝတ်မှုများအပေါ် တိတ်ဆိတ်နေသော မီဒီယာများသည် ၎င်းတို့၏ စစ်မှန်သော ရည်မှန်းချက်မှ ဝေးကွာသွားစေကြောင်း ပြောကြားခဲ့ပါတယ်။
H.I ရာဂျာ နာဆေရ် အဘာစ် ဂျအ်ဖရီ ၏ အဆိုအရ ယနေ့တိုက်ပွဲသည် စစ်ရေးသာမက စိတ်ဓာတ်စစ်ဆင်ရေးများ ၏ စစ်ပွဲတစ်ခုလည်းဖြစ်ပြီး ဤနယ်ပယ်ရှိ မီဒီယာ၏ အစိတ်အပိုင်းတစ်ခုသည် ပြည်သူ့ဘက်တွင် မရှိကြောင်း ပြောကြားခဲ့ပါတယ်။
တစ်ချိန်တည်းမှာပင် အိန္ဒိယ ရှီအဟ် ကိုယ်ရေးကိုယ်တာ ဥပဒေ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး မောင်လာနာ ယအ်စူဗ်အဘာစ် က သီးခြားကြေညာချက်တစ်ခုတွင် အီရန် အစ္စလာမ်မစ် တော်လှန်ရေး ခေါင်းဆောင် နှင့် ပတ်သက် သည့် ကောလာဟလများကို ပယ်ချခဲ့ပြီး ဤစွပ်စွဲချက်များသည် လုံးဝအခြေအမြစ်မရှိပြီး အစ္စလာမ် နှင့် ရှီအဟ် ဝါဒ၏ ရန်သူများ၏ ဝါဒဖြန့်ချိရေးအခန်းများ၏ အကျိုးဆက်ဖြစ်သည်ဟု ပြောကြားခဲ့ ပါ တယ်။
ဆက်လက်ပြီး အစ္စလာမ်မစ်တော်လှန်ရေး၏ ခေါင်းဆောင်သည် အီရန်နိုင်ငံနှင့် ကမ္ဘာ့ လွတ်လပ်သော ပြည်သူ များ ၏ ကျယ်ပြန့်သောထောက်ခံမှုကို ရရှိထားသော ဘာသာရေးနှင့် ကမ္ဘာလုံးဆိုင်ရာ အရေးပါ အရာရောက် ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။
အေမာမ် ခိုမေနီ (ရ.ဟ) အီရန်နိုင်ငံသို့ ပြန်လာခြင်းကို တားဆီးရန် ကြိုးပမ်းမှုများအပါအဝင် သမိုင်းဝင် အတွေ့အကြုံများကို ရည်ညွှန်း၍ မောင်လာနာ ယအ်စူဗ်အဘာစ် က ထိုကဲ့သို့သော စိတ်ပိုင်းဆိုင်ရာစစ်ပွဲသည် မအောင်မြင်ရုံသာမက ကြံ့ကြံ့ခံ ခုခံကာကွယ်ရေးတပ်ဦး၏ စည်းလုံးညီညွတ်မှုကိုလည်း ခိုင်မာစေပြီး ရှီးအဟ် အသိုင်းအဝိုင်းသည် မည်သည့်စော်ကားမှုများနှင့် မီဒီယာဝါဒဖြန့်ချိမှုများကိုမဆို ပြတ်ပြတ်သားသား ဆန့်ကျင် သွား မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment