၁ ဖေဖော်ဝါရီ ၂၀၂၆ - ၁၀:၁၂
အီရန်အစ္စလာမ်မစ်အစောင့်တပ် (IRGC)  ရေကြောင်း အကြီးဆုံးအရာရှိ သေဆုံးခြင်း သတင်းမှာ ကောလာဟလ သတင်း သာဖြစ်

ဖေ့ဘုတ်ပေါ်မှာ « Kingdom Ministry » နာမည် နှင့် ယေဟောဝါသက်သေများ ၊ ခရစ်ယာန်သာသနာရေး အဖွဲ့အစည်း များ နှင့် ဆက်စပ်နေသည့် ပေ့ဂျ် တစ်ခု အဖြစ် ထင်ရောင်ထင်မှား ဖြစ်အောင် ပြုလုပ်ထားသည့် နိုင်ငံရေး၊ စစ်ရေး အမြင်တစ်ဖက်သတ်ကို ဖြန့်ဝေနေသည့် ဝါဒဖြန့် ပေ့ဂျ်တစ်ခုဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဖေ့ဘုတ်ပေါ်က Kingdom Ministry ပေ့ဂျ်က  အီရန် နိုင်ငံ ဘန်ဒါအာဘက် ပေါက်ကွဲ မှုကြောင့် အီရန်အစောင့်တပ် (IRGC)  ရေကြောင်း အကြီးဆုံးအရာရှိ သေဆုံးတယ်လို့သိရပါတယ်ဆို ပြီး တင်ထားပါတယ်။

ဤသတင်းမှာ အီရန် ဆန့်ကျင်ရေး၊ စိတ်ဓာတ်စစ်ဆင်ရေး နှင့် လုပ်ကြံတင်းသာဖြစ်ပြီး သတင်းလိမ်၊ သတင်းတု၊ ကောလာဟလ သတင်း သာဖြစ် ပါတယ်။ လုံးဝ  သတင်းမှား ဖြစ်ပါတယ်။ အကြောင်းမှာ အီရန် နိုင်ငံ မိမိ တို့ ၏ ကျဆုံးသွားသူများ ကို အမေရိကန် ၊ အစ္စရေး ပမာ ဖုံးကွယ်ထားခြင်း မရှိဘဲ ရှဟီးဒ် (အာဇာနည် ) အဖြစ် ဂုဏ်ယူစွာ လူသိရှင်ကြား တရားဝင် တင်ပြကြသည့် အတွက် ဖြစ်ပါတယ်။ ဒါကြောင့် Kingdom Ministry ပေ့ဂျ်က တင်တာ  မှန်လျင် မိနစ် ပိုင်း အတွင်း အီရန် မှ တရားဝင် သတင်းထုတ်ပြန်မှာ ဖြစ်ပြီး ယခု အချိန် ထိ နာရီပေါင်းများစွာကြာနေသော်လည်း သတင်း မထုတ်ပြန်ထားသည့် အတွက်ကြောင့် ဖြစ်ပါတယ်။

Kingdom Ministry  အီရန်အစ္စလာမ်မစ်အစောင့်တပ် (IRGC)  ရေကြောင်း အကြီးဆုံးအရာရှိ သေဆုံးခြင်း သတင်းမှ သတင်းလိမ်၊သတင်းတုသာဖြစ်

နောက်တစ်ချက်က သူတင်ထားတဲ့ ပုံမှာ « ELIMINATED  »  လို စကားလုံးကို သုံးထားလို့ဖြစ်ပါတယ်။ ဒီ စကားလုံး ကို  အတည်မပြုရသေးတဲ့ သတင်း တွေမှာ မကြာခဏ သုံးကြပါတယ် ။ဟောင်းသတင်းကို အသစ်လို တင်တာ ၊ clickbait ခေါင်းစဉ်သုံးတာ ၊ သတင်းရင်းမြစ် မဖော်ပြပဲ သုံးတာတွေ သုံးလို့ ဖြစ်ပါတယ်။

အနှစ်ချုပ်ကတော့ အီရန် နှင့်ပတ်သက်ပြီး propaganda ၊ သတင်းလှုံ့ဆော်မှု တစ်ခု သာဖြစ်ပါတယ်။ ပြီးနောက် ဤ Kingdom Ministry ပေ့ဂျ် သည် အမေရိကန် ၊ အစ္စရေး ၏ လစာစား အီရန် ဆန့်ကျင်‌ရေး လှုပ်ရှားနေသည့် ပေ့ဂျ် လည်း ဖြစ်နိုင်ပါတယ်။

ထိုပြင် အီရန်နိုင်ငံ တရားဝင် သတင်းဌာန တစ်ခုဖြစ်သည့် Irna သတင်းဌာန မှလည်း အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC) ၏ ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး သန်ဂ်စီရီ လုပ်ကြံခံရမှု သတင်း မှာ ကောလာဟလ သတင်း ဖြစ်ကြောင်း အစ္စရေး သူလျှို အဖွဲ့ မော့ဆက်၏ စိတ်ဓာတ် စစ်ဆင်ရေး တစ်ခု ဖြစ်ကြောင်း  ယခုကလည်း ဗိုလ်ချုပ်ကြီး နာစေရ် ကန်အာနီ လုပ်ကြံ ခံလိုက်ရပြီး ကောလာဟလ သတင်း ဖြန့်သလို ဖြန့်တာဖြစ်ကြောင်း ဆိုထားပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha