၇ မတ် ၂၀၂၆ - ၂၁:၄၅
အီရတ်နိုင်ငံတွင် အစ္စရေး သူလျှို ကွန်ယက်တစ်ခု ဖမ်းဆီးခံရ

အီရတ်အရင်းအမြစ်များ၏ ထုတ်ပြန်ချက်အရ အီရတ်နိုင်ငံအတွင်း လှုပ်ရှားနေသည့် အစ္စရေး၏ သူလျှို ကွန်ယက်တစ်ခုကို ဖမ်းဆီးထားကြောင်း ဖော်ပြခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန နှင့်  အီရတ်အရင်းအမြစ်များ ၏ အစီရင်ခံစာအရ ပိုလန်နိုင်ငံကူးလက်မှတ်ကို အသုံးပြုထား သည့် လူငါးဦးကို ဖမ်းဆီးခဲ့ကြောင်း ကြေညာခဲ့ပါတယ်။  ထိုသူများသည် အစ္စရေးအတွက် သူလျှို လုပ်ဆောင်နေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပါတယ်။

အီရတ်အရင်းအမြစ်များက ထပ်မံပြောကြားရာတွင် ထိုသူများကို ဘဂ္ဒတ်မြို့တွင် အေမာမ် ခါမေနာအီ (ရ.ဟ) ၏ ရှဟာဒသ် အတွက် လူမျိုးစုဝင်များ ဝမ်းနည်းပူဆွေးနေသည့် အခမ်းအနား၏ ဓာတ်ပုံများ ရိုက်ယူနေစဉ် ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

မှတ်သားရန်မှာ ယခုအချိန်အထိ အဆိုပါကွန်ယက်အဖွဲ့ဝင်များ ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်၍ တရားဝင်အစိုးရ ထုတ်ပြန်ချက် မထွက်ရှိသေးကြောင်း ဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha