၁၅ ဇူလိုင် ၂၀၂၆ - ၂၃:၅၅
အီရန်ပြည်သူများ အရှက်တကွဲအကျိုးနည်းစွာ အညံ့ခံမည်ဟူသော ရန်သူများ၏ မျှော်လင့်ချက်သည် လုံးဝ အကောင်အထည်ပေါ်လာမည် မဟုတ်

မအ်စူမဟ်ကွမ်း (အ.စ) ရောင်ဇာတော် မြတ် ၏ တရားဟောဆရာ ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ဆယက်ဒ် မိုဟမ္မဒ် ဘာကဲရ် သွဗာသွဗာယီ နေဂျာဒ် က "အာဇာနည် အေမာမ် (ရ.ဟ) သည် မာန ထောင်လွှားသူ များ၊ အလ္လာဟ်အရှင်မြတ်၏ ရန်သူများနှင့် အာဏာရှင်များကို ရင်ဆိုင်ရာတွင် ခိုင်မာပြတ်သားစွာ ရပ်တည်ခဲ့ပြီး၊ ဘဝ၏ နောက်ဆုံးအချိန်အထိ အနိုင်ကျင့်ဖိနှိပ်သူများရှေ့တွင် မည်သည့်အခါမျှ ဦးမညွှတ်ခဲ့ကြောင်း" မိန့် ကြား ခဲ့ပါတယ်။ ၎င်းက "အီရန်ပြည်သူများသည်လည်း မိမိတို့၏ အာဇာနည်အေမာမ် (ရ.ဟ) ၏ လမ်းစဉ်ကို လိုက်နာကြသူများဖြစ်သဖြင့်၊ အီရန်ပြည်သူများ အရှက်တကွဲအကျိုးနည်းစွာ အညံ့ခံမည်ဟူသော ရန်သူများ၏ မျှော်လင့်ချက်ကို သင်္ချိုင်းထဲသို့သာ ယူဆောင်သွားရလိမ့်မည်" ဟု မိန့်ကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန်  ဆယက်ဒ် မိုဟမ္မဒ် ဘာကဲရ် သွဗာသွဗာယီ နေဂျာဒ် သည် နိုင်ငံ၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်သုံးရပ်က ပူးပေါင်းကျင်းပသော « အစ္စလာမ်အွန်မသ် ၏ အာဇာနည်အေမာမ် အောက်မေ့ဖွယ် အခမ်းအနား  »  တွင် မိန့်ခွန်းပြောကြားခဲ့ပါတယ်။

၎င်းက အစ္စလာမ်၏ မြင့်မြတ်သော တမန်တော်မြတ် (ဆွ) ၏ “ပညာရှင်တစ်ဦးကို လိုက်နာရာတွင် အရည်အချင်း (၅) ချက်ကို ကြည့်ရှုရမည်” ဟူသော ဟဒီးစ်ကို ကိုးကား၍ ပထမအချက်မှာ ထိုပညာရှင်၏ အနီးတွင် ရှိနေသောအခါ မိမိ၏ ယုံကြည်မှုနှင့် အီမာန် ပိုမိုခိုင်မာလာရမည် ဖြစ်ကြောင်း၊ အာဇာနည်အေမာမ် တွင်လည်း ထိုအရည်အချင်း အပြည့်အဝရှိပြီး၊ ၎င်းကို မြင်တွေ့ရုံဖြင့်ပင် အလ္လာဟ်အရှင်မြတ်နှင့် ပိုမိုနီးကပ်လာသည်ဟု ခံစားရကြောင်း မိန့်ကြားခဲ့ပါတယ်။

ဒုတိယအရည်အချင်းအဖြစ် ရဗ္ဗာနီပညာရှင်များနှင့် ပေါင်းသင်းဆက်ဆံခြင်းသည် လူ၏စိတ်တွင် နှိမ့်ချမှုနှင့် နူးညံ့သိမ်မွေ့မှုကို ဖြစ်ပေါ်စေကြောင်း၊ အကြောင်းမှာ ၎င်းတို့ကိုယ်တိုင်လည်း အလွန်နှိမ့်ချသူများ ဖြစ်ကြ သောကြောင့်ဖြစ်ကြောင်း တမန်တော် အီစာ (အ.စ) က “နှိမ့်ချသူ၏ နှလုံးသားသည် မြေဩဇာ ကောင်း သော မြေကြီးကဲ့သို့ဖြစ်ပြီး ၊ မာနကြီးသူ၏ နှလုံးသားသည် ကျောက်တုံးမာကြီးကဲ့သို့ ဖြစ်ကြောင်း ” မိန့်ကြား ခဲ့ပါတယ်။

၎င်းက အာဇာနည်အေမာမ် သည် မိမိနေအိမ်သို့ ပြန်ရောက်သည့်အခါတိုင်း အလွန်နှိမ့်ချသိမ်မွေ့လွန်းသဖြင့် ဖော်ပြ၍ပင် မကုန်နိုင်ကြောင်း၊ ခါးနာဝေဒနာ ခံစားနေရသော်လည်း လူငယ်တရားဟောဆရာများရှေ့တွင် ထိုင်ခုံမှ မတ်တပ်ရပ်ကာ လေးစားမှုပြသည့်အထိနှိမ့်ချခဲ့ကြောင်း မိန့်ကြားခဲ့ပါတယ်။

ထို့ပြင် အာဇာနည်အေမာမ် သည် မာနထောင်လွှားသူများ၊ အလ္လာဟ်အရှင်မြတ်၏ ရန်သူများနှင့် အာဏာရှင်များ ကို ရင်ဆိုင်ရာတွင် အမြဲတမ်း ခိုင်မာပြတ်သားစွာ ရပ်တည်ခဲ့ပြီး၊ အသက်၏ နောက်ဆုံးအချိန်အထိ အနိုင် ကျင့်ဖိနှိပ်သူများ ရှေ့တွင် မည်သည့်အခါမျှ ဦးမညွှတ်ခဲ့ကြောင်း ထပ်မံမိန့်ကြားခဲ့ပါတယ်။ ထို့ကြောင့် အီရန်ပြည်သူများ အညံ့ခံမည်ဟူသော ရန်သူများ၏ မျှော်လင့်ချက်သည် ဘယ်သောအခါမျှ ပြည့်ဝလာမည် မဟုတ်ကြောင်း အလေးပေး မိန့်ကြားခဲ့ပါတယ်။

တတိယအရည်အချင်းအနေဖြင့် တမန်တော်မြတ် (ဆွ) က “ထိုပညာရှင်များနှင့် ထိုင်မိသောအခါ မိမိ၏ နှလုံးသားမှ အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြားအရာအားလုံး ထွက်ခွာသွားစေမည့် ပညာရှင်များကို လိုက်နာကြလော့” ဟု မိန့်တော်မူခဲ့ကြောင်းဟောကြားခဲ့ပါတယ်။

၎င်းက ရဗ္ဗာနီပညာရှင်များသည် စိတ်ရင်းဖြူစင်မှု (အလ္လာဟ်နှစ်သက်မှုအတွက်သာဆိုသည့်စိတ် (အိခ်လားစ်) ) ရှိသူများဖြစ်ပြီး၊ အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြားအရာအားလုံးကို မိမိတို့၏ နှလုံးသားမှ ဖယ်ရှားထားသူများ ဖြစ်ကြောင်း၊ အာဇာနည်အေမာ် သည်လည်း ၃၇ နှစ်တာကာလအတွင်း မိမိ၏ ဓာတ်ပုံကို ငွေစက္ကူများပေါ်တွင် ရိုက်နှိပ်ခွင့် မပြုခဲ့သကဲ့သို့၊ လေကြောင်းခရီးစဉ်များ အစပြုချိန်တွင် မိမိ၏အမည်ကို ကြေညာခြင်းကိုလည်း ဖယ်ရှားရန် ညွှန်ကြားခဲ့ကြောင်း မိန့်ကြားခဲ့ပါတယ်။

ထို့အပြင် အာဇာနည်အေမာမ် ၏ ဈာပနအခမ်းအနားသို့ လူပေါင်း သန်း ၄၀ တက်ရောက်ခဲ့ခြင်းသည် အစ္စလာမ် အတွက် အောင်မြင်မှုတစ်ရပ်၊ ရန်သူများအတွက် စိတ်ပျက်အားလျော့စေသော ဖြစ်ရပ်တစ်ခုဖြစ်ပြီး၊ "ယုတ်မာ သော ထရမ့်" ကိုလည်း ဒေါသထွက်စေခဲ့ကြောင်းမိန့်ကြားခဲ့ပါတယ်။

စတုတ္ထအရည်အချင်းမှာ ထိုသို့သော ပညာရှင်များနှင့် ပေါင်းသင်းခြင်းသည် လူ၏ ရန်လိုစိတ်ကို ကောင်းကျိုး လိုလားသည့် စိတ်အဖြစ် ပြောင်းလဲစေပြီး၊ အခြားသူများအပေါ် နှလုံးသားကို နူးညံ့သိမ်မွေ့လာစေကြောင်း ပြောကြား ခဲ့ပါတယ်။

နောက်ဆုံးအနေဖြင့် တမန်တော်မြတ် (ဆွ) မိန့်တော်မူခဲ့သော ပဉ္စမအရည်အချင်းမှာ ထိုပညာရှင်များနှင့် ပေါင်းသင်းနေထိုင်ခြင်းသည် လူကို လောကီအပေါ် တွယ်တာမှုလျော့နည်းစေပြီး၊ နောင်တမလွန်ဘဝကို ပိုမို တောင့်တစေကြောင်း ရှင်းလင်းမိန့်ကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha