အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
IRNA သတင်းဌာန၏အစီရင်ခံစာအရ IRGC ၏ ပါရှန်ပင်လယ်ကွေ့ ထိန်းချုပ်ရေးဌာနဖြစ်သော Persian Gulf Strait Authority က ချိုးဖောက်မှုကျူးလွန်ထားသော ရေယာဉ်များ၏ စာရင်းကို အပ်ဒိတ်ပြုလုပ်ပြီးဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
အဆိုပါစာရင်းကို pgsa.ir/non-compliance-list တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်ဟု သိရပါတယ်။
သတင်းအရ IRGC ၏ Persian Gulf Strait Authority သည် ဆိုရှယ်မီဒီယာပေါ်တွင် ထုတ်ပြန်ခဲ့သော သတင်းစကားတစ်ရပ်မှတစ်ဆင့် ယခုကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်ပါတယ်။

ထုတ်ပြန်ချက်တွင်P&I (Protection and Indemnity) အာမခံကုမ္ပဏီများ နှင့် ရေယာဉ်များ၏ အဆင့်သတ်မှတ်ချက်များကို သတ်မှတ်ပေးသော အဖွဲ့အစည်းများအား အထက်ဖော်ပြပါ ရေယာဉ်များနှင့် ဆက်သွယ်ဆောင်ရွက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆုံးရှုံးနစ်နာမှုများကို ရှောင်ရှားနိုင်ရန်အတွက် အဆိုပါရေယာဉ်များကို ဝန်ဆောင်မှုများ ပေးအပ်ခြင်းမှ ရှောင်ကြဉ်ကြရန် သတိပေးထားပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment