၁၄ အောက်တိုဘာ ၂၀၂၆ - ၂၃:၅၉
ထရမ့် က အမေရိကန် စစ်ဝန်ကြီးကို ရာထူးမှ ထုတ်ပယ်နိုင်ခြေရှိ

အနောက်နိုင်ငံများမှ လေ့လာသုံးသပ်သူများ၏ အဆိုအရ အီရန်နှင့် စစ်ပွဲကြောင့် ဖြစ်ပေါ်လာသော ကြီးမားသည့် ကုန်ကျစရိတ်များနှင့် နိုင်ငံရေးအကျိုးဆက်များအတွက် တာဝန်ရှိသူအဖြစ် စစ်ဝန်ကြီး ပီတ် ဟက်ဂ်ဆက် (Pete Hegseth) ကို သတ်မှတ်ကာ အပြစ်ပုံချရန်အတွက် ဒေါ်နယ်ထရမ့်သည် အမေရိကန်ကွန်ဂရက် ကြားဖြတ်ရွေးကောက်ပွဲများအပြီးတွင် ၎င်းအား ရာထူးမှ ထုတ်ပယ်ရန် စဉ်းစားလာနိုင်ကြောင်း သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန ၏ အစီရင်ခံစာအရ ကြားဖြတ်ရွေးကောက်ပွဲများ မတိုင်မီ အမေရိကန်သမ္မတ ထရမ့်သည် စိုးရိမ်ပူပန်နေကြောင်း သိရသည်။ အီရန်နှင့် စစ်ပွဲတွင် ကျရှုံးမှုကြောင့် ရီပတ်ဘလစ်ကန်ပါတီသည် ရွေးကောက်ပွဲတွင် ရှုံးနိမ့်နိုင်သည့် အခြေအနေရှိနေပါတယ်။ ထို့ကြောင့် ထရမ့်သည် စစ်ပွဲတွင် ကျရှုံးခဲ့ရသည့် အပြစ်ကို အခြားသူများအပေါ် ပုံချရန် ကြိုးစားနေကြောင်း သတင်းတွင် ဖော်ပြထားပါတယ်။

အီရန်နှင့်ပတ်သက်သည့် အမေရိကန်၏ မူဝါဒများကြောင့် ဖြစ်ပေါ်လာသည့် ကြီးမားသော ကုန်ကျစရိတ်များနှင့် နိုင်ငံရေးအကျိုးဆက်များကို ထောက်ပြလျက် အနောက်နိုင်ငံတစ်နိုင်ငံမှ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်  သည် မိမိ၏ နိုင်ငံရေးဂုဏ်သိက္ခာကို ထိန်းသိမ်းရန်အတွက် စစ်ဝန်ကြီး ပီတ် ဟက်ဂ်ဆက် ကို ရာထူးမှ ထုတ်ပယ်နိုင်ခြေရှိကြောင်း သုံးသပ်ပြောကြားခဲ့ပါတယ်။

၎င်း၏ ပြောကြားချက်အရ ထရမ့်သည် ကွန်ဂရက် ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပပြီးနောက် စစ်ဝန်ကြီး ပီတ် ဟက်ဂ်ဆက်ကို ရာထူးမှ ဖယ်ရှားရန် စီစဉ်ထားကြောင်း သိရပါတယ်။

လေ့လာသုံးသပ်သူ၏ အမြင်အရ ယခုကဲ့သို့ ဖြစ်နိုင်ခြေရှိသည့် လုပ်ဆောင်ချက်၏ အဓိကရည်ရွယ်ချက်မှာ လူကြိုက်နည်းပြီး ကုန်ကျစရိတ်များပြားသော အီရန်နှင့် စစ်ပွဲ၏ ရလဒ်များအတွက် တာဝန်ကို စစ်ဝန်ကြီးအပေါ် ပုံချရန်ဖြစ်ပါတယ်။

ထို့အပြင် အမေရိကန်ပြည်သူများရှေ့တွင် ထရမ့်ကို စစ်ပွဲများကို ရှောင်ရှားလိုသည့် သမ္မတတစ်ဦးအဖြစ် ပုံဖော်ပြသရန်လည်း ရည်ရွယ်ခြင်းဖြစ်ကြောင်း ၎င်းက သုံးသပ်ခဲ့ပါတယ်။

သတင်းဖော်ပြချက်အရ ယခုဖြစ်နိုင်ခြေရှိသည့် မဟာဗျူဟာမှတစ်ဆင့် ထရမ့်အစိုးရအဖွဲ့သည် စစ်ပွဲကြောင့် ဖြစ်ပေါ်လာသော နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ အကျိုးဆက်များမှ မိမိတို့ကိုယ်ကို ခွဲထုတ်ပြသရန်နှင့် ပြည်သူများအကြားရှိ ၎င်းတို့၏ ဂုဏ်သိက္ခာ ထိခိုက်နစ်နာမှုကို အနည်းဆုံးဖြစ်အောင် ကန့်သတ်ရန် ကြိုးပမ်းလာနိုင်ကြောင်း ဖော်ပြထားပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha