၂၀ နိုဝင်ဘာ ၂၀၁၆ - ၁၈:၄၉
 IS ၏ ကြမ်းကြုတ်မှု နောက်တစ်ခု ၊ အသက် ၁၀၀ အရွယ် ရှိ စူဖီ အဖိုးအို အားခေါင်း ဖြတ် ကွပ်မျက် + ဓာတ်ပုံများ

အီဂျစ်နိုင်ငံ၏ မတည်ငြိမ် မအေးချမ်းသည့်ဒေသ ကျွန်းဆွယ်ပမာ ရှိသည့် ဆီနာဒေသတွင် အစွန်းရောက် ၊အကြမ်းဖက်စစ်သွေး ကြွ အစ္စလာမ် ခုတုံးလုပ် IS (ခ) ဒါအေရှ် အဖွဲ့ လက်အောက်ခံ အလ်အန်ဆာ ဗိုက်သွလ်မိုကဒက်စ် အဖွဲ့ ဝင် အစွန်းရောက်များ မှ မိမိတို့၏ အခြေအမြစ်မဲ့ ဥပဒေများ ကို အခြေပြု ပြီး အသက် ၁၀၀ အရွယ် ရှိနေသည့် စူဖီ အဖိုးအို ရှိက်္ခ စူလိုင်မန်း အဘူဟရာဇ် ကို ရက်ရက်စက်စက် လူမဆန်စွာ ခေါင်းဖြတ် ကွပ်မျက်ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီဂျစ်နိုင်ငံ၏မတည်ငြိမ်မအေးချမ်းသည့်ဒေသကျွန်းဆွယ်ပမာရှိသည့်ဆီနာဒေသတွင်အစွန်းရောက်၊အကြမ်းဖက်စစ်သွေးကြွ အစ္စလာမ် ခုတုံးလုပ် IS (ခ)

ဒါအေရှ်အဖွဲ့လက်အောက်ခံအလ်အန်ဆာဗိုက်သွလ်မိုကဒက်စ်အဖွဲ့ဝင်အစွန်းရောက်များမှမိမိတို့၏အခြေအမြစ်မဲ့ဥပဒေများကို

အခြေပြုပြီးအသက်၁၀၀အရွယ်ရှိနေသည့်စူဖီအဖိုးအိုရှိက်္ခစူလိုင်မန်းအဘူဟရာဇ်ကိုရက်ရက်စက်စက်လူမဆန်စွာခေါင်းဖြတ်ကွပ်မျက်ခဲ့ပါတယ်။

အီဂျစ်နိုင်ငံ ၏ မတည်ငြိမ် မအေးချမ်းသည့်ဒေသ ကျွန်းဆွယ်ပမာ ရှိသည့် ဆီနာဒေသရှိ အလ်အရီးရှ်မြို့ တွင် အစွန်းရောက် ၊

အကြမ်းဖက်စစ်သွေး ကြွ အစ္စလာမ် ခုတုံးလုပ် IS (ခ) ဒါအေရှ် အဖွဲ့ လက်အောက်ခံ အလ်အန်ဆာ ဗိုက်သွလ်မိုကဒက်စ်

အဖွဲ့ ဝင် အစွန်းရောက်များ မှ အသက် ၁၀၀ အရွယ် ရှိ စူဖီ အဖိုးအို ရှိက်္ခ စူလိုင်မန်း အဘူဟရာဇ်အား ၎င်း၏နေအိမ် မှအပြင်သို့

သေနတ်များ နှင့် ပစ်မှတ်ထားပြီး ဆွဲထုတ်ခဲ့ပါတယ် ။ပြီးနောက် ၎င်း၏ သားသမီးများ အရှေ့ တွင် ဖမ်းချုပ် ပြီးခေါ်ဆောင်သွားခဲ့ပါတယ်။

ပြီးနောက် လူမဆန်စွာ ၎င်း ၏ခေါင်းကို ဖြတ်သတ်ခဲ့ပါတယ်။ သတ်ထားသည့် လူမဆန်သည့်ပုံများကိုလည်း ဂုဏ်ယူစွာ အင်တာနက်စာမျက်နှာ ပေါ် တင်ခဲ့ကြပါတယ်။

စူဖီ အဖိုးအို အား အောက်လမ်းလုပ်သည်၊အောက်လမ်းဆရာဆိုသည့် စွပ်စွဲချက် ဖြင့် မိမိတို့ရေးဆွဲထားသည့် ရှရီအသ်အတု အရ သေမိန့် ချခဲ့ပြီး မညာမတာ ခေါင်းဖြတ် သတ်ခဲ့ကြပါတယ်။