အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဆီးရီးယားရှိ ထင်ရှားသော အကျော်အမော် ရှီအဟ် အာလင်မ် တစ်ပါး ဖြစ်သည့် ရှိက်ခ် ရစူလ် ရှဟူဒ် ၏ ရုပ်အလောင်းအား ဆီးရီးယားနိုင်ငံ အနောက်ပိုင်း ဟုမ်း မြို့အနီးတွင် ၎င်း၏ ကိုယ်ပိုင်ကားထဲတွင် ကျည်ဆန်များ ထိမှန်လျက် တွေ့ရှိခဲ့ရပါတယ်။
အစီရင်ခံစာအရ ဟုမ်း မြို့နှင့် အလ်မဇ်ရအဟ် ရွာတစ်ဝိုက်ရှိ ဂျောင်လာနီ အစိုးရလုံခြုံရေးတပ်ဖွဲ့များနှင့် ဆက်နွယ် နေသော စစ်ဆေးရေးဂိတ်တစ်ခုအနီး အမည်မသိသေနတ်သမားများသည် ရှိက်ခ် ရစူလ် ရှဟူဒ် တိုက် ရိုက် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။
ဆီးရီးယားနိုင်ငံ ဟိုင်းအသ်သေ အိုလမာယေ မတ်က်သတ်ဗ် ဘေ အဲဟ်လေ့ဘိုက်(သ) (အ.စ) မှ မိမိ ၏တရားဝင် Facebook စာမျက်နှာတွင် အဆိုပါ ရှီအဟ် အာလင်မ် ရှိက်ခ် ရစူလ် ရှဟူဒ် လုပ်ကြံခံရ မှုအပေါ် ဝမ်းနည်းကြောင်း ဖော်ပြ ကာ ယင်းလုပ်ရပ်သည် "သူရဲဘောကြောင်ပြီး သစ္စာမဲ့သော လုပ်ရပ်" ဟု ခေါ်ဆိုကာ ၎င်း၏ ရည်ရွယ် ချက်မှာ မွတ်ဆလင်များအကြား သဘောထား ကွဲလွဲမှုများ ဖန်တီးရန်နှင့် အမျိုးသား စည်းလုံးညီညွတ်ရေးကို ဖျက်ဆီး ရန် ဖြစ်ကြောင်း အလေးပေး ရေးသားထားပါတယ်။
ဟိုင်းအသ်သေ အိုလမာယေ မတ်က်သတ်ဗ် ဘေ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ကိုယ်စားလှယ်အဖွဲ့၏ လက်ထောက်အကြီးအကဲ ရှိက်ခ် အဒ်ဟမ် ခသီးဗ် မှ လက်မှတ်ရေးထိုးခဲ့သော အဆိုပါ ထုတ်ပြန်ချက်တွင် “ဤဘာသာ တရား ပညာရှင်ကို လုပ်ကြံသတ်ဖြတ်ခြင်းသည် သဘောထားပျော့ပျောင်းပြီး စည်းလုံးညီညွတ်သော အသံကို ပြတ်ပြတ်သားသား တိုက်ခိုက်ခြင်းဖြစ်ပြီး အမျိုးသားနှင့် အစ္စလာမ်ဘာသာအဆင့်ကို ခွဲထုတ်ရန် မအောင်မြင် သည့် ကြိုးပမ်းမှုဖြစ်ကြောင်း သိရပါတယ်။
ဤအဖွဲ့မှ ဒီရာဇ၀တ်မှု၏ အတိုင်းအတာကို အမြန်ဆုံးရှင်းလင်းပြီး ကျူးလွန်သူတွေကို ဖော်ထုတ်ပေးဖို့ တရား မျှတအောင် ပြုပေးဖို့ တာဝန်ရှိအဖွဲ့အစည်းတွေကို တောင်းဆိုထားပါတယ်။
မနေ့ညနေက အလ်မဇ်ရအဟ် ရွာမှာလည်း ဤလူမဆန်သည့် လုပ်ကြံသတ်ဖြတ်မှုကို ရှုတ်ချသည့် လူထု ဆန္ဒပြပွဲကိုလည်း ပြုလုပ် ခဲ့ပါတယ်။ ပြီးခဲ့သည့်လ က ဖြစ်ပွားခဲ့သည့် ဆီးရီးယားကမ်းရိုးတန်းဒေသတွင် ပျံ့နှံ့ဖြစ် ပွားခဲ့ သည့် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို စုံစမ်းစစ်ဆေးနေသည့် ကော်မတီမှ အလဝီ လူနည်း စုအဖွဲ့ဝင် ရာနှင့်ချီ သေဆုံးခဲ့ရပြီးနောက် ယင်းအစီရင်ခံချက်ကို လာမည့်ရက်များတွင် ထုတ်ပြန်ရန် မျှော်လင့်ထား သော ကြောင့် ယင်းဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဆိုထားပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment