၁၁ အောက်တိုဘာ ၂၀၂၅ - ၀၇:၂၀
အမည်မသိ သေနတ်သမားများ ၏ တိုက်ခိုက်မှုအတွင်း ဆီးရီးယား ရှီအဟ်မွတ်စလင်မ် တစ်ဦး ဒဏ်ရာရ

အလက်ပိုမြို့ မြောက်ပိုင်း ဆင်ခြေဖုံးတွင် အမည်မသိ သေနတ်သမားများ ၏ တိုက်ခိုက်မှုအတွင်း ဆီးရီးယား ရှီအဟ် မွတ်စလင်မ် တစ်ဦး ဒဏ်ရာရ ရှိခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဆီးရီးယားနိုင်ငံ မြောက်ပိုင်း အလက်ပိုမြို့ မြောက်ပိုင်း ဆင်ခြေဖုံးရှိ ရှီအဟ် မွတ်စလင်မ်အများစု နေထိုင်သည့် အဇ်ဇဲဟ်ရာ  မြို့တောင်ဘက် လမ်းမကြီးပေါ်တွင် အမည်မသိ သေနတ်သမားများက ဘောလုံးကွင်းအနီး တွင် ရှီအဟ် မွတ်စလင်မ် သိုးထိန်းတစ်ဦး အား တိုက်ခိုက်ခဲ့ကြပါတယ်။ ထိုကြောင့် တိုက်ခိုက်ခံရသူ ရှီအဟ် မွတ်စလင်မ် သိုးထိန်းသည် မသေပဲ ဒဏ်ရာ ရခဲ့ပါတယ်။

ရှီအဟ်မွတ်စလင်မ်များ ၏ မြို့များဖြစ်သည့် နဗ်လ် နှင့် အဇ်ဇဲဟ်ရာ နေ အခြားဒေသခံတစ်ဦးအား ကြက်မွေး မြူရေးခြံတစ်ခုတွင် လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းပြီးနောက် ရက်ပိုင်းအကြာတွင် ဤ တိုက်ခိုက်မှု အား ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

ဆီးရီးယားနိုင်ငံ တွင် လက်ရှိ ယာယီ သမ္မတ အဖြစ် အုပ်ချုပ်နေသည့် ဂျောင်လာနီ နှင့် နောက် လိုက်များသည် ရှီအဟ် မွတ်စလင်မ်များကို မုန်းတီးသူများ ဖြစ်ကြောင်း ကိုလည်း သတိပြုသင့်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha