၂၇ ဒီဇင်ဘာ ၂၀၂၅ - ၀၇:၁၉
ဆီးရီးယားနိုင်ငံ ဟွမ်းစ်မြို့ရှိ ရှီအဟ် ဗလီဝတ်ကျောင်းတော်တွင် ပေါက်ကွဲမှုဖြစ်ပွား လူ ၅ ဦး ရှဟီးဒ် ဖြစ် ၂၁ ဦး ဒဏ်ရာရ

သတင်းရင်းမြစ်များက ဆီးရီးယားနိုင်ငံ ဟွမ်းစ်မြို့ ဝဒီယိုဇ်ဇဟဗ် ရပ်ကွက်ရှိ ရှီအဟ် ဗလီဝတ် ကျောင်းတော် တစ်ခုတွင် အကြမ်းဖက်ပေါက်ကွဲမှုတစ်ခုကြောင့် လူ ၅ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြခဲ့ ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဆီးရီးယားနိုင်ငံ ဟွမ်းစ်မြို့ ဝဒီယိုဇ်ဇဟဗ် ရပ်ကွက်ရှိ အေမာမ် အလီ (အ.စ) အမည် ရှိ ရှီအဟ် ဗလီဝတ် ကျောင်း တော် ဗလီအတွင်း ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ဆီးရီးယားသတင်းဌာနများက သောကြာနေ့တွင် ဖော်ပြခဲ့ ပါတယ်။

ဂျောင်လာနီ အစိုးရထိန်းချုပ်ထားသော တရားဝင်စာနာ သတင်းဌာနက ဟွမ်းစ်မြို့ ဝဒီယိုဇ်ဇဟဗ် ရပ်ကွက်ရှိ ဗလီ တစ်ခုတွင် ပေါက်ကွဲမှုတစ်ခုကြောင့် လူ ၅ ဦးသေဆုံးပြီး ၂၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆေးဘက်ဆိုင်ရာ သတင်းရင်းမြစ်များကို ကိုးကား၍ ဖော်ပြခဲ့ပါတယ်။

လုံခြုံရေးသတင်းရင်းမြစ်တစ်ခုက စာနာသတင်းဌာန  သို့ ကနဦးစုံစမ်းစစ်ဆေးမှုများ အရ ဟွမ်းစ်မြို့ရှိ ဝဒီယိုဇ် ဇဟဗ် ရပ်ကွက်ရှိ အေမာမ် အလီ (အ.စ) အမည် ရှိ ဗလီဝတ်ကျောင်း တွင် ပေါက်ကွဲမှုသည် ဗလီအတွင်း ဗုံးများ ထောင်ထား ခြင်းကြောင့် ဖြစ်ပွားခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

အယ်လ်အက်ဘာရီယဟ်အယ်လ်ဆူရီယဟ် ကလည်း ဟွမ်းစ်မြို့ ဝဒီယိုဇ်ဇဟဗ် ရပ်ကွက်ရှိ ဗလီတစ်ခုတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ဗလီ၏ထောင့်တစ်နေရာတွင် ဗုံးများထောင်ထားပြီးနောက် ဝတ်ပြုသူများ ပြည့်နှက် နေခဲ့ကြောင်း ဖော်ပြထားပါတယ်။

ဆီးရီးယားအသွင်ကူးပြောင်းရေးကာလ၏ ခေါင်းဆောင်ဟု မိမိကိုယ်ကိုယ်ခေါ်ဆိုသော အဲဟ်မဒ် အရှ်ရှရအ် (အဘူမိုဟမ္မဒ်အလ်ဂျောင်လာနီ) သည် အမေရိကန်ပြည်ထောင်စု နှင့် အခြားအနောက်နိုင်ငံများနှင့် ၎င်းတို့၏ ဒေသဆိုင်ရာမဟာမိတ်များ၏ အပြည့်အဝထောက်ခံမှုကြောင့် ဆီးရီးယားအုပ်ချုပ်သူဖြစ်လာပြီး တစ်နှစ် အကြာတွင် နိုင်ငံတကာဇာတ်ခုံတွင် ၎င်း၏ပုံရိပ်ကို မြှင့်တင်နိုင်ခဲ့ပြီး ပိတ်ဆို့မှုများမှ လွတ်မြောက်နိုင်ခဲ့ပါတယ်။  သို့သော် ၎င်းသည် ဆီးရီးယားနိုင်ငံအတွင်း အခြေအနေကို ဘယ်သောအခါမှ ထိန်းချုပ်နိုင်ခြင်းမရှိဘဲ နိုင်ငံသည် ဂိုဏ်းဂဏပဋိပက္ခများတွင်  ပြဿနာ ဖြစ်နေကြောင်း သတိပြုမိသင့်ပါတယ်။ တစ်နည်းအား ဖြင့်  ရှီအဟ် နှင့် အီရန် မုန်းတီးသည့် ဂျောင်လာနီ အစိုးရ သည် အမေရိကန် နှင့် မဟာမိတ်များ ၏ ထောက်ခံမှုကိုရပြီး မင်းသားကြီး ဖြစ်နေပေမဲ့ နိုင်ငံ အတွင်း တည်ငြိမ်အောင် မဆောက်ရွက် နိုင်ကြောင်း သိရှိရပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha