အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Sahar News သတင်းဌာန နှင့် Mehr သတင်းဌာ ၏ အစီရင်ခံစာအရ Al Jazeera မှာ ဖော်ပြခဲ့တဲ့အတိုင်း ဂျောင်လာနီ အစိုးရရဲ့ လုံခြုံရေးရင်းမြစ်တစ်ခုက အလက်ပိုမြို့ လယ်က ဗာဗိုလ်ဖရဂျ် ရပ်ကွက်မှာ အသေခံ ဗုံးခွဲ တိုက်ခိုက်မှုကြောင့် လုံခြုံရေးအရာရှိတစ်ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။
တစ်ချိန်တည်းမှာပင်၊ ဆီးရီးယားနိုင်ငံပိုင်သတင်းဌာန SANA က ဗာဗိုလ်ဖရဂျ် ရပ်ကွက်ရှိ ရဲတပ်ဖွဲ့ ကင်းလှည့်ယာဉ် တစ်စီးကို အသေခံဗုံးခွဲသမားတစ်ဦးက ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး လုံခြုံရေးအရာရှိတစ်ဦး သေဆုံးပြီး အခြားသူများစွာ ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။
ဆီးရီးယားနိုင်ငံ အလ်အခ်ဗါရီယစ် တီဗီ သတင်းဌာနက အလက်ပိုမြို့ရှိ လုံခြုံရေးအကြီးအကဲ၏ ပြောကြား ချက်ကို ကိုးကား၍ ပေါက်ကွဲမှုသည် အလက်ပိုမြို့ရှိ ခရစ်ယာန် ဘုရားကျောင်း တစ်ခုကို ပစ်မှတ်ထား ခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။
အခြားတစ်ဖက်တွင်မူ အလ်မယာဒီးန် ဒီဗီ က ဂျောင်လာနီ အစိုးရ၏ ပြည်ထဲရေးဝန်ကြီးဌာနကို ကိုးကား၍ အသေခံဗုံးခွဲမှုကျူးလွန်သူသည် ISIS နှင့် ဆက်နွယ်မှုရှိနိုင်ခြေ များကြောင်း ဖော်ပြခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment