၈ ဧပြီ ၂၀၂၆ - ၂၁:၄၆
အီတလီ ဝန်ကြီးချုပ် အီရန်သို့ သွားရောက်မည်/ထရမ့်၏ ဆုံးဖြတ်ချက်များကြောင့် ကမ္ဘာ တစ်ဝန်း ထိခိုက်ခဲ့ဟု ပြောကြား

အီတလီ ဝန်ကြီးချုပ် လိုနီ သည် အီရန်နိုင်ငံသို့ သွားရောက်မည့် အစီအစဉ်ရှိကြောင်း သိရပါတယ်။ အဆိုပါ ခရီးစဉ် နှင့် ပတ်သက် ၍ ဂျော်ဂျီယာ မီလိုနီ မီပြောကြားရာတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဆုံးဖြတ်ချက်များကြောင့် ဖြစ်ပေါ်လာသော အကျိုးဆက်များကို အီရန်နိုင်ငံသာမက ကမ္ဘာတစ်ဝန်းလုံးက ခံစားနေရကြောင်း အီတလီ ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ထို့အပြင် အီတလီအနေဖြင့် အီရန်နှင့် နိုင်ငံတကာဆက်ဆံရေးကို တည်ငြိမ်အောင် ပြန်လည်တည်ဆောက်ရန်၊ ဒေသတွင်း တင်းမာမှုများ လျော့ပါးစေရန်နှင့် သံတမန်ရေးဆိုင်ရာ ဆွေးနွေးမှုများကို မြှင့်တင်ရန် ကြိုးပမ်းသွား မည်ဟုလည်း ပြောကြားခဲ့ပါတယ်။

အီတလီ ဝန်ကြီးချုပ် ဂျော်ဂျီယာ မီလိုနီ၏ အီရန်ခရီးစဉ်သည် ဒေသတွင်း နိုင်ငံရေးအခြေအနေများနှင့် နိုင်ငံတကာ ဆက်ဆံ ရေးများအပေါ် အရေးပါသော အကျိုးသက်ရောက်မှုများ ရှိလာနိုင်သည်ဟု နိုင်ငံရေးလေ့လာသူများက ခန့်မှန်းထားကြပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha