အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန၏ သတင်းတစ်ပုဒ်အရ တီဟီရန်မြူနီစီပယ်၏ လူမှုရေးနှင့် ယဉ်ကျေးမှုရေးရာ ဒုတိယဝန်ကြီး မိုဟမ္မဒ် အမီးန် သဝကိုလ်လီ ဇါဒေဟ် က အင်္ဂါနေ့တွင် အီရန်၏ အဓိကမြို့ကြီးများ၏ ယဉ်ကျေးမှုနှင့် လူမှုရေးကော်မတီ၏ ၅၂ ကြိမ်မြောက် အစည်းအဝေးတွင် မိန့်ခွန်းပြောကြားစဉ် အာဇာနည်ခေါင်းဆောင်ကြီး ရှဟီးဒ် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ ၏ ဈာပနအခမ်းအနားကို တီဟီရန် ၊ ကွမ်း နှင့် မရှ်ဟဒ် မြို့တို့တွင် ကျင်းပမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
အာဇာနည်ခေါင်းဆောင်ကြီးကို ၎င်း၏ဆန္ဒနှင့် နီးစပ်သောဆွေမျိုးများ၏ အကြံပြုချက်များနှင့်အညီ အေမာမ် ရေဇာ (အ.စ) ရောင်ဇာတော် တွင် မြှုပ်နှံမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
မိုဟမ္မဒ် အမီးန် သဝကိုလ်လီ ဇါဒေဟ် ၏ အဆိုအရ အီရန်ပြည်နယ်အသီးသီးမှ ဈာပနအခမ်းအနားကို လက်ခံ ကျင်းပရန် တောင်းဆိုမှုများ ရှိနေပြီး အခမ်းအနားများကို ဇေလ်ဟဂျ်ဂျဟ်လ ၏အဆုံးနှင့် မုဟရမ် လအစတွင် ကျင်းပ ဖွယ်ရှိကြောင်း သိရပါတယ်။
လူပေါင်း ၁၅ သန်းကျော်မှ ၂၀ သန်းကျော် ပါဝင်သောကြောင့် တီဟီရန်တွင် ကျယ်ကျယ်ပြန့်ပြန့် စီစဉ်နေကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။ ၎င်း၏အဆိုအရ အာဇာနည်ခေါင်းဆောင်၏ နောက်ဆုံးအခမ်းအနားအတွက် သုံးရက်ကြာ အစီအစဉ်ကို စီစဉ်ထားပြီး တီဟီရန်တွင်သာ အနည်းဆုံး ၂၄ နာရီကြာ ဈာပနအခမ်းအနား ကျင်းပမည်ဖြစ်ပါတယ်။
ဒုတိယမြို့တော်ဝန်က မရှ်ဟဒ် မြို့ တွင် ကျင်းပမည့် အခမ်းအနားသည် အလွန်အရေးကြီးကြောင်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။ အဘယ်ကြောင့်ဆိုသော် အိမ်နီးချင်းနိုင်ငံများမှ ဇေယာရသ်ပြုသူ များနှင့် ဝမ်းနည်းပူဆွေးသူ အမြောက်အမြားသည် အီရန်အရှေ့ပိုင်းသို့ လာရောက်ကြမည်ဟု မျှော်လင့်ရသောကြောင့်ဖြစ်ပါတယ်။ ၎င်း၏အဆိုအရ ပါကစ္စတန်၊ အာဖဂန်နစ္စတန်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် ကက်ရှ်မီးယားမှ လူများအတွက် မရှ်ဟဒ် မြို့တွင် ကျင်းပဖွယ်ရှိပါတယ်။
အာဇာနည်ခေါင်းဆောင်ကြီး ၏ ဈာပနအခမ်းအနားသည် ကမ္ဘာလုံးဆိုင်ရာ မာနထောင်လွှားမှု ဆန့်ကျင်ရေး ခေါင်းဆောင်၊ အမေရိကန်ဆန့်ကျင်ရေးနှင့် အစ္စရေးဆန့်ကျင်ရေးတိုက်ပွဲ၏ ရဲရင့်သော တပ်မှူး၊ မရ်ဂျအ်တစ်ပါး နှင့် အစ္စလာမ်တော်လှန်ရေး ခေါင်းဆောင်ကို မြှုပ်နှံမည်ဖြစ်သည့် အတွက်ကြောင့် ထူးခြားပြီး သမိုင်းဝင်ဖြစ် ရပ်တစ်ခု ဖြစ်လာမည်ဟု ၎င်းက ပြောကြားခဲ့ပါတယ်။
သမိုင်းတွင် အကြီးဆုံး ရှီအဟ် စုဝေးပွဲနှင့် အကြီးဆုံး မွတ်စလင်မ် စုဝေးပွဲကို ဤအခါသမယတွင် မြင်တွေ့နိုင်ကြောင်း မိုဟမ္မဒ် အမီးန် သဝကိုလ်လီ ဇါဒေဟ် က ပြောကြားခဲ့ပါတယ် ။ ၎င်း၏အဆိုအရ နိုင်ငံနှင့် လှုပ်ရှားမှု အမျိုးမျိုးသည် ပါဝင်ရန် တောင်းဆိုမှုများကို အဆက်မပြတ် လက်ခံရရှိနေကြောင်း သိရပါတယ်။
အာဇာနည်ခေါင်းဆောင် အာဇာနည်အဖြစ် ကွယ်လွန်ပြီးနောက် ပထမ ၄၀ ရက်အတွင်း အီရတ်တွင် ရှီအဟ် နေကာဟ် ပြုသူမရှိကြောင်း ဖါအစ်က် ဇါယေဒါန် က သတင်းပို့ထားပြီး အီရတ်နိုင်ငံရှိ မြို့အသီးသီးတွင်လည်း သင်္ကေတအားဖြင့် ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခြင်းနှင့် ဈာပနအခမ်းအနားများ ကျင်းပခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။
အာဇာနည်ခေါင်းဆောင်ကြီး၏ ဈာပနနှင့်ပတ်သက်၍စီစဥ်နေသည့် လေထုသည် အတိတ်ကာလတွင် မကြုံ စဖူးဖြစ်ပြီး အလားတူခံစားချက်များကို ကက်ရှ်မီးယား၊ ပါကစ္စတန်၊ အိန္ဒိယ၊ အာဖဂန်နစ္စတန်၊ ယီမင်နှင့် အခြား အစ္စလာမ်နိုင်ငံများတွင်လည်း တွေ့မြင်နေရကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment