၂၀ ဇွန် ၂၀၂၆ - ၂၀:၀၃
ဟော်မုဇ်ရေလက်ကြားပိတ်သိမ်းကြောင်းကြေငြာချက်

အီရန်အစ္စလာမ်မစ်ပြည်သူ့ သမ္မတနိုင်ငံ လက်နက်ကိုင်တပ်ဖွဲ့များ၏ ခါသန်မိုလ် အန်ဗီယာ (ဆွ) ဗဟိုစစ်ဌာနချုပ် သည် ဟော်မုဇ်ရေလက်ကြားပိတ်သိမ်းကြောင်းကြေငြာခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

IRNA ၏အဆိုအရ အီရန်အစ္စလာမ်မစ်ပြည်သူ့ သမ္မတနိုင်ငံ လက်နက်ကိုင်တပ်ဖွဲ့များ၏ ခါသန်မိုလ် အန်ဗီယာ (ဆွ) ဗဟိုစစ်ဌာနချုပ် သည် အမေရိကန်၏ စာချုပ်ကို ပွင့်ပွင့်လင်းလင်းချိုးဖောက်မှုနှင့် အပစ် အခတ် ရပ်စဲရေး သဘော တူညီချက်၏ အပိုဒ် ၁ ကို အကောင်အထည်ဖော်ရန်ပျက်ကွက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားကို ထပ်မံပိတ်သိမ်းရန် ဆုံးဖြတ်ခဲ့ကြောင်း ကြေငြာခဲ့သည်။

ခါသန်မိုလ် အန်ဗီယာ (ဆွ) ဗဟိုစစ်ဌာနချုပ်၏  ကြေငြာချက်၏ စာသားမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

ဗစ်မေလ္လာဟ်ဟေရ်ရဟ်မန်နေရ်ရဟီးမ်

وَإنْ نَكَثُوا أيْمَانھم  مِنْ بَعْدِ عھدھمْ وَطَعَنُوا فِي دِينِكُمْ فَقَاتِلُوا أئمۃ الْكُفْرِ إنّھم لَا   أيْمَانَ  لھم  لَعَلّھم يَنْتھون َ .

စူရဟ်သောင်ဗဟ် ၊ အာယသ်တော်အမှတ် ၁၂

အမေရိကသည် စစ်ပွဲကို အဆုံးသတ်ရန် နားလည်မှု အပိုဒ် ၁ ကို အကောင်အထည်ဖော်ခြင်း မပြုခြင်းဖြင့် ၎င်း၏ ပဋိညာဉ်ကို ပွင့်ပွင့်လင်းလင်း ချိုးဖောက်ခဲ့ပြီး၊ ဇီယွန်ဝါဒီ အစိုးရသည် လက်ဘနွန်တောင်ပိုင်းတွင် အပစ် အခတ်ရပ်စဲရေး ကို ဆက်လက်ချိုးဖောက်နေပြီး ဤမြေပေါ်ရှိ ဖိနှိပ်ခံပြည်သူများကို ရက်စက်စွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြောင့် လက်ဘနွန်လူမျိုး ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး၊ သိမ်းပိုက် ထားသော ဇီယွန်ဝါဒီတပ်ဖွဲ့များသည် သိမ်းပိုက်ထားသော နယ်မြေများမှ ထွက်ခွာရန် ဂရုမစိုက် သောကြောင့် ဟော်မုဇ်ရေလက်ကြားကို သင်္ဘောများအတွက် ပိတ်ပစ်မည်ဖြစ်ပါသည်။

ဤသည်မှာ ရန်သူ၏ ကတိကဝတ် ချိုးဖောက်မှုကို တုံ့ပြန်သည့် ပထမခြေလှမ်းဖြစ်ပြီး ကျူးကျော်မှု ဆက်လက်ဖြစ်ပွားပါက နောက်ပိုင်းအဆင့်တွင် ရန်သူအား သဘောတူညီချက်ကို လိုက်နာစေရန် စီစဉ်နေပြီး ဤကိစ္စနှင့်ပတ်သက်၍ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေးအပ်ပါသည်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha