အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဆီးရီးယားရှိ လူ့အခွင့်အရေး သတင်းရင်းမြစ်များက ဟုမ်းဆ် မြို့ပြင်ရှိ အရှ်ရဖီယဟ် ရွာသို့ ဆီးရီးယား ရှီအဟ် မိသားစု အများအပြား ပြန်လည်ရောက်ရှိလာကြောင်း သတင်းပို့ခဲ့သော်လည်း လုံခြုံရေး ခြိမ်းခြောက်မှုများ ကြောင့် အဆိုပါ မိသားစုများသည် ရွာမှ ထပ်မံ ထွက်ခွာခဲ့ရကြောင်း သိရပါတယ်။
အစီရင်ခံစာအရ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များ အဓိကပါဝင်သည့် အရှ်ရဖီယဟ် ရွာမှ မိသားစု အများ အပြားသည် တိုက်ပွဲများစတင်ဖြစ်ပွားပြီး ဗရှားအစဒ် အစိုးရကျဆုံးချိန်တွင် လွန်ခဲ့သည့်တစ်နှစ်က ထားရစ်ခဲ့သော နေအိမ်များသို့ ပြန်လည်ရောက်ရှိခဲ့ကြခြင်း ဖြစ်ကြောင်း သိရပါတယ်။
သို့သော်လည်း အဆိုပါ ဆီးရီးယား ရှီအဟ် မိသားစုများ ၎င်းတို့၏ နေရပ်သို့ ပြန်ရောက်သည်နှင့် တပြိုင်နက် ဂျောင်လာနီ အစိုးရနှင့် ဆက်စပ်နေသော အချို့သော အစိတ်အပိုင်းများက ၎င်းတို့အား နှောင့်ယှက် ခြိမ်းခြောက်လာကြသည်။ ညဉ့်နက်ပိုင်းများတွင် လက်ပစ်ဗုံးများ ပစ်ပေါက်ခြင်းနှင့် ကြိုကြားကြိုကြား ပစ်ခတ်မှု စသည့် အဖြစ်အပျက်များ ကြောင့် ၎င်းတို့မိသားစုများ ဘေးကင်းရေးအတွက် လူမှုငြိမ်းချမ်းရေး ကော်မတီနှင့် တွေ့ဆုံရန် တောင်းဆိုခဲ့ကြကြောင်း သိရပါတယ်။
ဒေသတွင်း သတင်းရင်းမြစ်များ၏ အဆိုအရ အဆိုပါ ခြိမ်းခြောက်မှုများသည် ဆီးရီးယား ရှီအဟ် မိသားစုများ ပြန်လည်ရောက်ရှိလာပြီး ရက်ပိုင်းအကြာတွင် ဖြစ်ပွားခဲ့ပြီး နောက်ဆုံးတွင် ၎င်းတို့သည် မိမိ တို့၏ နေအိမ်များမှ ထွက်ခွာကာ ဟုမ်းဆ် မြို့ရှိ ပိုလုံခြုံသော ရပ်ကွက်များတွင် ခိုလှုံရန် ကြိုးပမ်းခဲ့ကြကြောင်း သိရပါတယ်။
ဟုမ်းစ် မြောက်ပိုင်း ဆင်ခြေဖုံးရှိ ရွာများမှ ရှီးယိုက်လူအများစုသည် မနှစ်ကလည်း လုံခြုံရေးနှင့် ရုန်းရင်း ဆန်ခတ်မှုများကြောင့် မိမိ တို့၏ နေအိမ်များကို စွန့်ခွာခဲ့ကြသည်ကို သတိပြုသင့်ပါတယ်။ ဆီးရီးယား အစိုးရဟောင်း ပြုတ်ကျသွားပြီးနောက်၊ အရှ်ရဖီယဟ် ၊ မွတ်ခ်သာရီယဟ် ၊ ကဖ်ရ်အဗ်ဒ် နှင့် ဂန်သူ အပါအဝင် ဟုမ်းဆ် မြောက်ပိုင်း ဆင်ခြေဖုံးရှိ ရှီအဟ် ကျေးရွာများနှင့် မြို့များကို လက်ဘနွန်နယ်စပ်အနီး ဆီးရီးယားနိုင်ငံ ကဆီးရ် ၏ အနောက်ဘက်ရှိ ရှီအဟ် ကျေးရွာများကို လက်နက်ကိုင် လုယက်မှု၊ လုယက်မှု၊ အထိတ် တလန့် ဖြစ်စေရန် ရည်ရွယ်၍ ဒေသခံများကို အတင်းအကျပ် အိုးအိမ်မဲ့ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment