၁၇ ဩဂုတ် ၂၀၂၅ - ၂၃:၃၅
ဆီးရီးယား နိုင်ငံ ၏ မြို့တော် အလယ်ဗဟို တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား

ဆီးရီးယားနိုင်ငံ ၏ မြို့တော် ဒမတ်စကတ်မြို့ အလ်မဇဟ် ဧရိယာတွင် ကားဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အဆိုပါ ဒေသရှိ ပြည်သူများအတွက် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်ခဲ့သော်လည်း ထိခိုက်သေဆုံးမှု မရှိခဲ့ကြောင်း သိရှိ ရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကတ်ရှိ အလ်မဇဟ် ဧရိယာတွင် ပေါက်ကွဲမှုကြောင့် ကားတစ်စီးကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သော်လည်း ယင်းဖြစ်ရပ်ကြောင့် ထိခိုက်သေဆုံးမှု သို့မဟုတ် ပစ္စည်းများ ထိခိုက်မှု မရှိခဲ့ကြောင်း သိရပါတယ်။

ပေါက်ကွဲမှုသည် Golden Hotel အနီးတွင် ဖြစ်ပွားခဲ့ပြီး ကားဗုံးကြောင့် ဖြစ်ပွားခဲ့ကြောင်း ဆီးရီးယား လူ့အခွင့် အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က ကြေညာခဲ့ပါတယ်။

ဂျောင်လာနီ အစိုးရ ၏ ဒမတ်စကတ်ပြည်တွင်းလုံခြုံရေးတပ်မှူး  ဝိုစာမဟ် မိုဟမ္မဒ် ခိုင်းရ် အာသေကဟ် ကလည်း အလ်မဇဟ် အဝေးပြေးလမ်းမကြီး ဘေးတွင် ကြာရှည်စွာရပ်ထားခဲ့သော ကားဟောင်းတစ်စီး၌ ပေါက်ကွဲမှု ဖြစ်ပွား ရခြင်းဖြစ်သည်ဟု အတည်ပြုခဲ့ပါတယ်။

အသေအပျောက် သို့မဟုတ် ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုမရှိကြောင်းနှင့် နယ်မြေခံတပ်ဖွဲ့ဝင်များက စုံစမ်း စစ်ဆေး လျက်ရှိကြောင်း ဝိုစာမဟ် မိုဟမ္မဒ် ခိုင်းရ် အာသေကဟ်  က မှတ်ချက်ပြုခဲ့ပါတယ်။

ဂျောင်လာနီ အစိုးရ၏ လုံခြုံရေးတပ်ဖွဲ့များသည် ဧရိယာကို ထိန်းချုပ်ထားပြီး ဖြစ်နိုင်ခြေရှိသော ဖျက်ဆီးမှုများကို တားဆီးရန် ရှာဖွေနေကြောင်း သိရပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha