အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန၏ အဆိုအရ အီရတ်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး အယ်လ်ဘပ်စ် ကိုတာရာရှက်ဗ် (Albus Kotarashev) က ၎င်း၏နိုင်ငံသည် ဆီးရီးယားသမ္မတဟောင်း ဗရှားရိုလ်အဆက်ဒ် ကို ဒမတ်စကတ်စ်သို့ လွှဲပြောင်းပေး မည်မဟုတ်ကြောင်း ကြေညာချက်တစ်စောင်တွင် ကြေညာခဲ့ပါတယ်။
အလ်ဂျောင်လာနီ အစိုးရမှ ဗရှားရိုလ်အဆက်ဒ် အား ပြန်လာရန် တောင်းဆိုနိုင်ခြေနှင့်ပတ်သက်သည့် ရုပ်မြင်သံကြား အစီအစဉ်တစ်ခုတွင် မေးမြန်းခဲ့ရာ ရုရှားသံအမတ်ကြီးက လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကြောင်းပြချက်များဖြင့် ဗရှားရိုလ်အဆက်ဒ် အား ခိုလှုံခွင့်ပေးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
အလ်ဂျောင်လာနီ သည် အမေရိကန် နှင့် ဒေသတွင်းနိုင်ငံအချို့၏ ထောက်ခံမှုဖြင့် ဆီးရီးယားကို ထိန်းချုပ်ပြီး ကတည်းက ဗရှားရိုလ်အဆက်ဒ် သည် ရုရှားတွင် ခိုလှုံနေကြောင်း သတိပြုသင့်ပါတယ်။ ဆီးရီးယား၏ ယာယီသမ္မတ ဟုခေါ်ဆိုသူ အလ်ဂျောင်လာနီ နှင့် ၎င်း၏အရာရှိများသည် ဗရှားရိုလ်အဆက်ဒ် အား ဆီးရီးယား ယာယီ အစိုးရထံ လွှဲပြောင်းပေးရန် အကြိမ်ကြိမ်တောင်းဆိုခဲ့ကြပါတယ်။
အလ်ဂျောင်လာနီ အစိုးရ သည် အစ္စလာမ် အတွက်အမည်ခံ အမေရိကန် နှင့် မဟာမိတ်များ ၏ စီမံချက်အတိုင်း သွားနေသည့် အစိုးရဖြစ်ပါတယ်။ အလ်ဂျောင်လာနီ အစိုးရ အဓိက ရန်သူမှာ အီရန် နှင့် အီရန် ထောက်ခံသည် အဖွဲ့အစည်းများ၊ အုပ်စုများ နှင့် နိုင်ငံများ ဖြစ်ကြပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment