အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဆီးရီးယားမီဒီယာများက တနင်္လာနေ့တွင် ဒမတ်စကတ်မြို့ အယ်လ်မဇဟ် ဒေသတွင် ပေါက်ကွဲသံတစ်ခု ကြားခဲ့ ရကြောင်း ဖော်ပြခဲ့ပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားရခြင်း၏ အကြောင်းရင်းကို မသိရသေးဟု သတင်းများထွက်ပေါ်နေပါတယ်။ လူမှုမီဒီယာ များ တွင် ပေါက်ကွဲမှုတစ်ခုကြားရကြောင်း သတင်းများထွက်ပေါ်ခဲ့သော်လည်း ပျက်စီးဆုံးရှုံးမှု သို့မဟုတ် ထိခိုက် သေဆုံးမှုများနှင့်ပတ်သက်သည့် သတင်းအချက်အလက်များ မထွက်လာသေးကြောင်း သိရပါတယ်။
တစ်ချိန်တည်းမှာပင် Syria One သတင်းဌာနက ကနဦးခန့်မှန်းချက်များအရ ပေါက်ကွဲမှုသည် စစ်ရေး လေ့ကျင့်မှုများကြောင့် ဖြစ်နိုင်ကြောင်း ရေးသားခဲ့ပါတယ်။ ပျက်စီးဆုံးရှုံးမှု သို့မဟုတ် သေဆုံးဒဏ်ရာရမှုဆိုင်ရာ တရားဝင်အစီရင်ခံစာများ မရှိသေးကြောင်း သိရှိရပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment