-
အီရန် ရေတပ်က ရေအောက်မှ ပစ်လွှတ်နိုင်သည့် «အဘူမဟ်ဒီ» ဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်
အီရန်ရေတပ်သည် ရေအောက်မှ ပစ်လွှတ်နိုင်ပြီး ရေဒါတွင် ထောက်လှမ်းရန် ခက်ခဲသည့် «အဘူမဟ်ဒီ» ဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်ခဲ့ကြောင်း အီရန်အာဏာပိုင်များက ပြောကြားခဲ့ပါတယ်။ အဆိုပါဒုံးကျည်သည် ရေအောက်မှ ကီလိုမီတာ ၂၆၀၀ အထိ စစ်ထိပ်ဖူးကို သယ်ဆောင်နိုင်စွမ်းရှိပြီး အီရန်၏ ရေတပ်စွမ်းရည် ခေတ်မီတိုးတက်ရေးအတွက် အရေးပါသော အောင်မြင်မှုတစ်ရပ်ဖြစ်ကြောင်း သိရပါတယ်။
-
ဟဇရသ် ဖွာတွေမဟ် ဇဲဟ်ရာ (စ.အ) ၏ ရှဟာဒသ်နေ့နီးကပ်လာချိန်တွင် အေမာမ်ရေဇာ (အစ)ရောင်ဇာတော်တွင် ဝမ်းနည်းခြင်းအထိမ်းအမှတ် အနက်ရောင်ဖြင့် တန်ဆာဆင် ။ ။ Photos
အဗ်နာ ။ ။ ဟဇရသ် ဖွာတွေမဟ် ဇဲဟ်ရာ (စ.အ) ၏ ရှဟာဒသ်နေ့ရောက်ရှိဖို့ နီးလာသည် နှင့်အတူ အေမာမ် ရေဇာ (အ.စ) ၏ သန့်ရှင်းမြင့်မြတ်သော ရောင်ဇာတော် တွင် မ်းနည်းခြင်းအထိမ်းအမှတ် အနက်ရောင်အလံဖြင့် လွှမ်းခြုံတန်ဆာ ဆင် ခဲ့ပြီး၊ရောင်ဇာတော် မြတ် ၏ ရင်ပြင်များတွင်လည်း ဝမ်းနည်းအောက်မေ့ဖွယ် အထူးစာတန်းများကို တပ်ဆင်ခဲ့ပါတယ်။
-
ဒေါ်လာ ၈ ဘီလီယံ သဘောတူညီချက် သတင်းအမှားဟု အီရန်ပယ်ချ၊ ဟော်မုဇ်ဖွင့်ရေး အခြေအနေ ၇ ချက် သတ်မှတ်
အမေရိကန်နှင့် အီရန်တို့အကြား ဒေါ်လာ ၈ ဘီလီယံတန် သဘောတူညီချက် ရရှိခဲ့ပြီး ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရန် ဆွေးနွေးနေကြောင်း သတင်းများ ထွက်ပေါ်လာသော်လည်း အီရန်ဘက်က ယင်းသတင်းကို သတင်းအမှားအဖြစ် ပယ်ချထားပြီး သတ်မှတ်ထားသည့် အခြေအနေ ၇ ချက် ပြည့်စုံမှသာ ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်မည်ဟု ပြောကြားထားပါတယ်။
-
အီရန်ပညာရှင်များ အမေရိကန်လက်နက်များကို ပြန်လည်လေ့လာဖော်ထုတ်နေ
ဗိုလ်မှူးချုပ် အလီ ဘီလာလီက ရန်သူထံမှ ရရှိထားသော စစ်ဘက်ဆိုင်ရာ စက်ပစ္စည်းများနှင့် နည်းပညာများကို လေ့လာဆန်းစစ်ခြင်းဖြင့် ပြည်တွင်းကာကွယ်ရေးစွမ်းရည်များကို မြှင့်တင်လျက်ရှိကြောင်း ပြောကြားခဲ့ပါတယ်။
-
တမန်တော် ယူစွဖ် (အ.စ) ဇာတ်လမ်းတွဲတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် အီရန်ဝါရင့်အနုပညာရှင် ကူရူးရှ် ဇာရီအီ ကွယ်လွန်
အီရန်နိုင်ငံမှ ဝါရင့်ပြဇာတ်၊ ရုပ်ရှင်နှင့် ရုပ်မြင်သံကြား သရုပ်ဆောင်၊ ဒါရိုက်တာ ကူရူးရှ် ဇာရီအီသည် ဦးနှောက်ဆိုင်ရာ ရောဂါဝေဒနာဖြင့် မိမိနေအိမ်၌ ကွယ်လွန်သွားခဲ့ပါတယ်။
-
တီဟီရန်မြို့တော် ၏ လပြည့်ည အောက်၌ ထင်ရှားစွာမြင့်မားနေသည့် မီလာဒ်တာဝါ
အီရန်နိုင်ငံ၏ တီဟီရန်မြို့တော် ၏ အထင်ကရအဆောက်အအုံတစ်ခုဖြစ်သည့် မီလာဒ်တာဝါသည် လှပသော လပြည့် ည ၏ မြင်ကွင်း ဖြစ်ပါတယ်။ မြို့တော် ၏ အထူးခြားဆုံး ညရှုခင်းများအနက် တစ်ခုကို ဖန်တီး ပေးလျက်ရှိပါတယ်။ တီဟီရန် မြို့တော် ၏ မီလာဒ်တာဝါ သည် ကမ္ဘာ့အမြင့်ဆုံး တာဝါ များ ၏ ခြောက်ခု မြောက်ဖြစ်ပါတယ်။
-
အလီရေဇာ ယူစွဖ်ဖီ ကမ္ဘာ့စံချိန်ချိုးကာ နှစ်ချက်ဆွဲရွှေတံဆိပ်ဆွတ်ခူး
ကမ္ဘာ့အလေးမချန်ပီယံရှစ်ပြိုင်ပွဲတွင် အီရန်အလေးမအားကစားသမား အလီရေဇာ ယူစွဖ်ဖီ သည် နှစ်ချက်ဆွဲပြိုင်ပွဲ၌ ၂၆၃ ကီလိုဂရမ်ကို အောင်မြင်စွာ မတင်နိုင်ခဲ့ပြီး ယခင်ကမ္ဘာ့စံချိန်ကို ချိုးဖျက်ကာ ရွှေတံဆိပ်ဆွတ်ခူးခဲ့ပါတယ်။ ထို့အပြင် စုစုပေါင်းရလဒ်၌ ငွေတံဆိပ်ရရှိခဲ့ပါတယ်။
-
ကဲရှ်မ် ၊ စီရစ်ခ်၊ ဂျာစ်ခ်နှင့် ဘန်ဒရ်အဘ္ဘာစ် မြို့များတွင် ပေါက်ကွဲသံများ ကြားရ
ပေါက်ကွဲသံများသည် ဟော်မုဇ်ရေလက်ကြားအတွင်း အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့များက ၎င်းတို့၏ အာဏာနှင့် စွမ်းအားကို ပြသသည့် လမ်းကြောင်းအား ကာကွယ်ရေးဆောင်ရွက်မှုများကြောင့် ဖြစ်ပေါ်လာနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ သို့သော် ယင်းကိစ္စနှင့်ပတ်သက်၍ တာဝန်ရှိသူများထံမှ တိကျသော အချက်အလက်များ ရရှိရန် ကြိုးပမ်းနေကြောင်းလည်း ပြောဆိုခဲ့ပါတယ်။
-
ပင်လယ်နီကို ဖြတ်သန်းသွားလာရန် သင်္ဘောများ ယီမင်ထံမှ ခွင့်ပြုချက်ရယူလာကြ၊ အမေရိကန်သတင်းစာ ဖော်ပြ
အမေရိကန်သတင်းစာ၏ ဖော်ပြချက်အရ ကမ္ဘာ့ရေကြောင်းပို့ဆောင်ရေးကုမ္ပဏီများသည် ပင်လယ်နီကို ဖြတ်သန်းသွားလာနိုင်ရန် ယီမင်လက်နက်ကိုင်တပ်ဖွဲ့ထံမှ ကြိုတင်ခွင့်ပြုချက်ရယူနေကြပြီး ယင်းရည်ရွယ်ချက်အတွက် ၎င်းတို့နှင့် တိုက်ရိုက်ဆက်သွယ်လျက်ရှိကြပါတယ်။
-
ဟဇရသ် ဖွာတွေမဟ် မအ်စူမဟ်(စ.အ) ၏ ရောင်ဇာတော် မြတ် လေ့လာရေး အစီအစဉ်တွင် ဇေယာရသ် ပြုသူ ၁၉,၀၀၀ ပါဝင်
ဟဇရသ်မအ်စူမဟ် ကွမ်း (စ.အ) ရောင်ဇာတော် မြတ် ၏ ယဉ်ကျေးမှုဝန်ဆောင်မှုဌာနက အီရန် သက္ကရာဇ် ၁၄၀၅ ခုနှစ် ၏ ပထမခြောက်လတာကာလအတွင်း အီရန်နိုင်ငံ၏ ဒေသအသီးသီးမှ လာရောက်ကြသော တက္ကသိုလ်ကျောင်းသားအဖွဲ့များ၊ ဘာသာရေးပညာသင်ကြားနေသူများ၊ မိသားစုများ၊ ကျောင်းသားကျောင်းသူများ၊ အဖွဲ့အစည်းဆိုင်ရာအဖွဲ့များနှင့် ပထမဆုံးအကြိမ် ဇေယာရသ် လာရောက်သူများအတွက် ကိုယ်ရည်ကိုယ်သွေးလေ့လာရေးအစီအစဉ် ၁၄၂ ခုနှင့် ရောင်ဇာတော် လေ့လာရေးအစီအစဉ် ၂၆၀ ခုကို ကျင်းပပြုလုပ်ခဲ့ကြောင်း အသိပေးကြေညာခဲ့ပါတယ်။
-
အီရန်က ဒုံးကျည်ပစ်ခတ်နိုင်သည့် အကွာအဝေး ကန့်သတ်ချက်ကို ဖယ်ရှား၊ ကီလိုမီတာ ၅,၀၀၀ အထိ ပစ်ခတ်နိုင်ရန် ပြင်ဆင်
အီရန်နိုင်ငံသည် ယခင်က မိမိဘာသာ သတ်မှတ်ထားသည့် ဒုံးကျည်ပစ်ခတ်နိုင်သည့် အကွာအဝေး ကီလိုမီတာ ၂,၀၀၀ ကန့်သတ်ချက်ကို ဖယ်ရှားလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ ယခုအခါ အီရန်၏ ပဲ့ထိန်းဒုံးကျည်များသည် ကီလိုမီတာ ၄,၀၀၀ မှ ၅,၀၀၀ အထိ ပစ်ခတ်နိုင်လာမည်ဖြစ်ပြီး ယင်းအကွာအဝေးအတွင်းရှိ အမေရိကန်စစ်စခန်းများကို ပစ်မှတ်ထားနိုင်ကြောင်း အမေရိကန်အား သတိပေးလိုက်ခြင်းဖြစ်ပါတယ်။
-
CENTCOM တပ်မှူး၏ ပြောကြားချက်အပေါ် အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ၏ သရော်တုံ့ပြန်မှု
အမေရိကန်ဒရုန်းများနှင့်ပတ်သက်၍ CENTCOM တပ်မှူး၏ ပေါ့ဒ်ကတ်စ်အစီအစဉ်အပေါ် တုံ့ပြန်ရာတွင် အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိသော ခေတ်မီဒရုန်းများကို မည်သို့ အသေခံဒရုန်းများအဖြစ် ပြောင်းလဲအသုံးပြုနေရကြောင်း ရှင်းပြသင့်သည်ဟု သရော်ပြောဆိုခဲ့ပါတယ်။
-
အီရန်သည် ရန်သူထံမှ လက်တွေ့ကျသော အာမခံချက် ရယူနိုင်သည့် အဆင့်သို့ ရောက်ရှိလာပြီဟု ပြောကြား
အီရန် အမျိုးသားလုံခြုံရေး အဆင့်မြင့်ကောင်စီဆိုင်ရာ အစ္စလာမ်မစ်တော်လှန်ရေးခေါင်းဆောင်၏ ကိုယ်စားလှယ် စအီးဒ် ဂျလီလီက အီရန်နိုင်ငံသည် ပြည်သူများ၏ ခုခံတော်လှန်မှုကြောင့် ရန်သူထံမှ လက်တွေ့ကျသော အာမခံချက်များ ရယူနိုင်သည့် အဆင့်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ထို့ပြင် အီရန်အပေါ် ရက်ပေါင်း ၄၀ ကြာ စစ်ပွဲဆင်နွှဲခဲ့သည့် ရန်သူများသည် သုံးရက် သို့မဟုတ် သုံးပတ်အတွင်း ၎င်းတို့၏ ရည်မှန်းချက်များ အောင်မြင်မည်ဟု ထင်မှတ်ခဲ့သော်လည်း အခြေအနေမှာ မျှော်မှန်းထားသည့်အတိုင်း ဖြစ်မလာခဲ့ကြောင်း ၎င်းက ပြောဆိုခဲ့ပါတယ်။
-
ကဲရှ်မ်ကျွန်းပေါ်တွင် အမေရိကန် MQ-1 ဒရုန်းတစ်စင်းကို ပစ်ချဖျက်ဆီးခဲ့ကြောင်း အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ ကြေညာ
အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့က အီရန်နိုင်ငံတောင်ပိုင်းရှိ ကဲရှ်မ်ကျွန်း ၏ ဝေဟင်ပိုင်နက်အတွင်း ပျံသန်းနေသည့် အမေရိကန်၏ MQ-1 ကင်းထောက်နှင့် တိုက်ခိုက်ရေးဒရုန်းတစ်စင်းကို ၎င်းတို့၏ လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြင့် ပစ်ချဖျက်ဆီးခဲ့ကြောင်း ကြေညာခဲ့ပါတယ်။
-
ခါရှ်-ဇာဟီဒန် အဝေးပြေးလမ်းမကြီးကို နာရီပေါင်းများစွာ ထိန်းချုပ်ခဲ့သည်ဟူသော ဂျိုက်ရှ်အိုလ်ဇိုလ်မ်အဖွဲ့၏ ပြောဆိုချက် ဝါဒဖြန့်မှုအဖြစ် ပေါ်ထွက်
အီရန်နိုင်ငံ စစ်စတန် နှင့် ဗလူချီစတန် ပြည်နယ် ရှိ ခါရှ်-ဇာဟီဒန် အဝေးပြေးလမ်းမကြီးကို နာရီပေါင်းများစွာ ထိန်းချုပ်ထားနိုင်ခဲ့ကြောင်း ဂျိုက်ရှ်အိုလ်ဇိုလ်မ်အဖွဲ့က ထုတ်ပြန်ခဲ့သော်လည်း မျက်မြင်သက်သေတစ်ဦး၏ ပြောကြားချက်အရ အမှန်တကယ်တွင် ယာဉ်များကို နှစ်မိနစ်မှ သုံးမိနစ်ခန့်သာ ရပ်တန့်စေခဲ့ခြင်းဖြစ်ကြောင်း ၊ အဆိုပါဖြစ်ရပ်ကို အသုံးချ၍ အဖွဲ့၏ လုပ်ဆောင်နိုင်စွမ်းကို ပုံကြီးချဲ့ဖော်ပြကာ ဒေသတွင်း ပြည်သူများအကြား ကြောက်ရွံ့မှုနှင့် မလုံခြုံမှုများ ဖြစ်ပေါ်စေရန် ဝါဒဖြန့်ချိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
-
ရဟ်ဗရီရှဟီးဒ်(ကျဆုံးသွားသော ခေါင်းဆောင်)၏သွေးကြွေးဆပ်ရန်ကြွေးကြော်သံများအေမာမ်ရေဇာ (အ.စ) ရောင်ဇာတော် ၏ အင်ကေလာဗ် ရင်ပြင်တွင် ပဲ့တင်ထပ်ခဲ့ ။ ။ Photos
အဗ်နာ ။ ။ ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၃ရက် နေ့ တွင် အေမာမ် ရေဇာ(အ.စ) ၏ သန့်ရှင်းမြင့်မြတ်သော ရောင်ဇာတော် မြတ် သို့ လာရောက်ကြသူ ဇေယာရသ် ပြုသူများးနှင့် အနီးပတ်ဝန်းကျင်တွင် နေထိုင်သူများသည် အစ္စလာမ်မစ် အင်ကေလာဗ် ရင်ပြင်၌ စုဝေးခဲ့ကြပါတယ်။ ၎င်းတို့သည် “ရှဟီးဒ်ခေါင်းဆောင် ၏ သွေးကြွေးဆပ်ရေးနှင့် လက်စားချေရေး” ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပသည့် စုဝေးပွဲတွင် ပါဝင်ခဲ့ကြပြီး ရှဟီးဒ်များ၏ သွေးကို တန်ဖိုးထားဂုဏ်ပြုရေးနှင့် ခုခံတော်လှန်ရေးလမ်းစဉ်ကို ဆက်လက်လျှောက်လှမ်းရေးတို့အပေါ် အလေးအနက်ထားကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြပါတယ်။
-
ယီမင်နိုင်ငံအပေါ် လူမဆန်သော ပိတ်ဆို့ဝိုင်းရံမှုတွင် ပါဝင်နေသည့် ဥရောပအနေဖြင့် အီရန်ကို စွပ်စွဲပြောဆိုခြင်းမှ ရပ်တန့်ရန် တီဟီရန် တောင်းဆို
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ယီမင်နှင့် ဆော်ဒီအာရေဗျနိုင်ငံတို့အကြား ဖြစ်ပွားနေသည့် ပဋိပက္ခတွင် အီရန်က ဝင်ရောက်စွက်ဖက်နေသည်ဟူသော ဥရောပသမဂ္ဂ (EU) ၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ ကာယာ ကာလက်စ် ၏ အခြေအမြစ်မရှိသော စွပ်စွဲချက်ကို ပယ်ချခဲ့ပါတယ်။
-
«အက်စ်မာ အကယ်ဒမီ» ကွန်ရက်အဖွဲ့ဝင် ၄ ဦး ဖမ်းဆီးခံရ
အီရန်နိုင်ငံတွင် ဘာသာရေးယုံကြည်မှုများကို အလွဲသုံးစားပြုကာ အယူသီးမှုနှင့် ဘာသာရေးလွဲမှားသော အကြောင်းအရာများ ထုတ်လုပ်ဖြန့်ဝေခဲ့သည်ဟု စွဲချက် ခံထားရသော «အက်စ်မာ အကယ်ဒမီ» ကွန်ရက်မှ အဖွဲ့ဝင် ၄ ဦးကို တရားစွဲဆိုကာ ဖမ်းဆီးထိန်းသိမ်းရန် အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
-
အီရန်တစ်ဝန်း အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပြုလုပ်
အီရန်နိုင်ငံတစ်ဝန်း နေရာပေါင်း ၉၀၀ ကျော်တွင် ချီတက်ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအပါအဝင် လူမှုဘဝကဏ္ဍအသီးသီးမှ ပြည်သူများ ပါဝင်ဆင်နွှဲခဲ့ပါတယ်။
-
ရီဇဝီရောင်ဇာတော်တွင် ခုခံရေးတပ်ဖွဲ့ဝင်များ၏ တော်လှန်ရေးသစ္စာကတိ ပြန်လည်ပြုခြင်း ။ ။ Photos
အဗ်နာ ။ ။ ပြည်ပရောက် မိုဂျာဟစ်ဒ် များ၏ ၁၁ ကြိမ်မြောက် နိုင်ငံတကာညီလာခံသို့ တက်ရောက်လာကြသည့် ဧည့်သည်အချို့သည် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်၊ အင်္ဂါနေ့ ညနေပိုင်းတွင် သန့်ရှင်းမြင့်မြတ်သော ရီဇဝီရောင်ဇာတော် (အေမာမ် ရေဇာ (အ.စ) ၏ ဂူဗိမာန်) သို့ သွားရောက်ခဲ့ကြပါတယ်။ ထို့နောက် အစ္စလာမ်မစ် တော်လှန်ရေး၏ ကျဆုံးသွားသော ခေါင်းဆောင်ကြီး ၏ ဂူသင်္ချိုင်းကို ဖူးမြော်ဂါရဝ ပြုခဲ့ကြပြီးအေမာမ် ခိုမေနီ (ရ.ဟ) ၏ ရည်မှန်းချက်များနှင့် အစ္စလာမ်မစ်တော်လှန်ရေးအပေါ် သစ္စာစောင့်သိမှု၊ တိုက်ပွဲဝင်ကြိုးပမ်းမှုလမ်းစဉ်ကို ဆက်လက်လျှောက်လှမ်းသွားမည့် ကတိကဝတ်တို့ကို အလေးအနက် ပြောကြားခဲ့ကြပါတယ်။
-
အီရန် အစ္စလာမ်မစ်လွှတ်တော်၏ အင်္ဂါနေ့ ပုံမှန်အစည်းအဝေး ။ ။ Photos
အဗ်နာ ။ ။ အီရန် အစ္စလာမ်မစ် လွှတ်တော်၏ ပုံမှန်အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်၊ အင်္ဂါနေ့ နံနက်ပိုင်းတွင်ဥက္ကဋ္ဌ ဒေါက်တာ မိုဟမ္မဒ် ဘာကဲရ် ကာလီဗါဖ် ၏ ဥက္ကဋ္ဌအဖြစ် ဦးဆောင်မှုဖြင့် ကိုယ်စားလှယ် ၁၉၄ ဦး လူကိုယ်တိုင်နှင့် အွန်လိုင်းမှ တက်ရောက်လျက် စတင်ကျင်းပခဲ့ပါတယ်။ အစည်းအဝေး မစတင်မီတွင်လည်း အဟ်မဒ် နာဒရီ က အီရန်ပါလီမန်ကိုယ်စားလှယ်အဖွဲ့၏ အိန္ဒိယနိုင်ငံခရီးစဉ်နှင့် BRICS အဖွဲ့၏ ထိပ်သီးအစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့မှုနှင့်ပတ်သက်၍ အစီရင်ခံစာတစ်ရပ် တင်ပြခဲ့ပါတယ်။
-
တီဟီရန်မြို့တွင် နိုဝင်ဘာ ၄ ရက် ၊ ကမ္ဘာ့နယ်ချဲ့ဝါဒဆန့်ကျင်ရေး အမျိုးသားနေ့ စီတန်းလှည့်လည်ပွဲ ကျင်းပ ။ ။ Photos
အဗ်နာ ။ ။ ကမ္ဘာ့နယ်ချဲ့ဝါဒဆန့်ကျင်ရေး အမျိုးသားနေ့အထိမ်းအမှတ် စီတန်းလှည့်လည်ပွဲသည် အီရန်နိုင်ငံ၏ မြို့တော် တီဟီရန် ရှိ အမေရိကန်၏ သူလျှိုစခန်း (ယခင်အမေရိကန်သံရုံး) သို့ ရောက်ရှိပြီးနောက် ကြီးကျယ်ခမ်းနားသော လူထုစုဝေးပွဲကြီးအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ အဆိုပါ လူထုစုဝေးပွဲတွင် အခြေခံပညာကျောင်းများ၊ ကောလိပ်များနှင့် တက္ကသိုလ်များမှ ကျောင်းသား၊ ကျောင်းသူများအပြင် ပြည်သူလူထု အလွှာအသီးသီးမှ လူများလည်း ပါဝင်တက်ရောက်ခဲ့ကြပါ တယ်။
-
ဆီးရီးယားနိုင်ငံက “မက္ကဟ် သဘောတူညီချက်” တွင် ပါဝင်လာနိုင်ခြေရှိကြောင်း ထုတ်ဖော်ပြောကြား
ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီး အစ်အဒ် အယ်လ်ရှိုင်ဘာနီ က ဆော်ဒီအာရေဗျနိုင်ငံကို အကူအညီပေးရန်အတွက် “မက္ကဟ် သဘောတူညီချက်” တွင် ပါဝင်လာနိုင်ခြေရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
-
အမေရိကန် ၏ အီရန် တောင်းဆိုချက်များအပေါ် တုံ့ပြန်မှုမှာ ကျေနပ်ဖွယ်မရှိဟု ရေဇာအီ ပြောကြား
မိုဟ်စင် ရေဇာအီ က အမေရိကန် ၏ အီရန်နိုင်ငံ၏ အခွင့်အရေးများနှင့် တောင်းဆိုချက်များအပေါ် တုံ့ပြန်မှုသည် ကျေနပ်ဖွယ်မရှိကြောင်း ပြောကြားခဲ့ပါတယ်။ အမေရိကန်အနေဖြင့် အီရန်၏ အချက် ၇ ချက်ပါ သတ်မှတ်ချက်များကို ပြည့်ပြည့်စုံစုံနှင့် ရှင်းလင်းတိကျစွာ အကြောင်းပြန်ရန် လိုအပ်သည့်အပြင် ယင်းသတ်မှတ်ချက်များကိုလည်း လက်တွေ့အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုခဲ့ပါတယ်။
-
ကာတာက အီရန်၊အမေရိကန်ကြား စေ့စပ်ရေး ကြိုးပမ်းနေ
အီရန်နိုင်ငံမှ ယုံကြည်စိတ်ချရသော သတင်းရင်းမြစ်တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ကာတာကိုယ်စားလှယ်အဖွဲ့၏ တီဟီရန်ခရီးစဉ်သည် တီဟီရန်နှင့် ဝါရှင်တန်အကြား သဘောထားကွဲလွဲမှုများကို လျှော့ချရန်နှင့် စစ်ပွဲအဆုံးသတ်ရေးအတွက် ဖြစ်နိုင်ခြေရှိသော သဘောတူညီချက်တစ်ရပ် ရရှိလာစေရန် လမ်းခင်းပေးသည့် သံတမန်ရေးကြိုးပမ်းမှုများ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။
-
အာယာသွလ္လာဟ်ရှိက်ခ်ဟိုစိုင်းန် အဗ်ဒိုလ္လာဟ်မုအ်သူက်နှင့်ဘာသာရေး၊ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားသူများနှင့်ပညာရှင်များ စုပေါင်းတွေ့ဆုံခြင်း။ ။ Photos
အဗ်နာ ။ ။ ဘာသာရေးပညာရှင်များနှင့် ဘာသာရေး၊ ယဉ်ကျေးမှုနယ်ပယ်မှ တက်ကြွလှုပ်ရှားသူများသည် အီမာမ် ရေဇာ (အ.စ) ဘာသာရေးစာသင်ကျောင်းသို့ သွားရောက်ကာ အာယာသွလ္လာဟ် ရှိက်ခ် ဟိုစိုင်းန် အဗ်ဒိုလ္လာဟ် မုအ်သူက် နှင့် တွေ့ဆုံခဲ့ကြပြီး အာယာသွလ္လာဟ် အပေါ် ချမှတ်ထားသည့် တရားရုံး၏ စီရင်ချက်ကို ရှုတ်ချခဲ့ကြပါတယ်။ မကြာသေးမီက အာယာသွလ္လာဟ် ရှိက်ခ် ဟိုစိုင်းန် အဗ်ဒိုလ္လာဟ် မုအ်သူက် သည် ခုခံတော်လှန်ရေးဝင်ရိုးတန်း (ဝင်ရိုးတန်း အယ်လ်မုကာဝမဟ်) ကို ထောက်ခံအားပေးခဲ့သည့် ပြစ်မှုဖြင့် ကူဝိတ်နိုင်ငံတရားရုံး၏ သေဒဏ်ချမှတ်ခြင်းကို ခံခဲ့ရသူဖြစ်ပါတယ်။
-
အီရန်က အမေရိကန် MQM-170 ကင်းထောက်ဒရုန်းနှစ်စင်းကို ကဲရှ်မ်ကျွန်းတောင်ဘက်တွင် အီလက်ထရွန်နစ်စစ်ဆင်ရေးဖြင့် ထိန်းချုပ်ဖမ်းဆီးနိုင်ခဲ့
အီရန် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က အမေရိကန်၏ MQM-170 အမျိုးအစား ကင်းထောက်ဒရုန်းနှစ်စင်းကို ကဲရှ်မ် ကျွန်းတောင်ဘက် ကောင်းကင်ယံတွင် အဆင့်မြင့် အီလက်ထရွန်နစ်စစ်ဆင်ရေးစနစ်များ အသုံးပြု၍ ထိန်းချုပ်ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ထားပြီး ယခုဖြစ်စဉ်အပါအဝင် အဆိုပါအမျိုးအစား အမေရိကန်ဒရုန်း စုစုပေါင်းလေးစင်းကို သိမ်းဆည်းရမိခဲ့ပြီဖြစ်ကြောင်း ပြောကြားထားပါတယ်။
-
အမေရိကန် နှင့် အစ္စရေးကို ပထဝီဝင်နယ်နိမိတ် မကန့်သတ်ဘဲ ပိုမိုပြင်းထန်စွာ တုံ့ပြန်မည်ဟု ဗိုလ်ချုပ် အဗ်ဒိုလ္လာဟ်ဟီ သတိပေး
အီရန်လက်နက်ကိုင်တပ်ဖွဲ့များ၏ ပူးတွဲစစ်ဦးစီးချုပ် နှင့် ခါသန်မိုလ်အန်ဗီယာ (ဆွ) ဗဟိုစစ်ဌာနချုပ် တပ်မှူး ဗိုလ်ချုပ် အဗ်ဒိုလ္လာဟ်ဟီ က အဓိပတိခေါင်းဆောင် ဟဇရသ် အာယာသွလ္လာဟ် ဆယက်ဒ် မွတ်ဂျ်သဗါ ဟိုစိုင်းန်နီ ခါမေနာအီ ၏ အမိန့်ကို လက်ခံရရှိပြီးနောက် အမေရိကန်နှင့် အစ္စရေးတို့၏ ထပ်မံကျူးကျော်တိုက်ခိုက်မှုများကို ယခင်ထက် ပိုမိုပြင်းထန်၍ ထိရောက်သော နည်းလမ်းများဖြင့် တုံ့ပြန်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ထို့ပြင် ရန်သူ၏ ပစ်မှတ်များနှင့် ပိုင်ဆိုင်မှုများဆိုင်ရာ စာရင်းအသစ်ကို ပိုမိုကျယ်ပြန့်သော ပထဝီဝင်နယ်မြေများအထိ တိုးချဲ့ပြင်ဆင်ထားကြောင်းလည်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
-
အီရန်နှင့် အိန္ဒိယတို့ သတင်းအချက်အလက်နည်း ပညာကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် သဘောတူညီ
အီရန် နှင့် အိန္ဒိယနိုင်ငံတို့ မှ တာဝန်ရှိသူများသည် သတင်းအချက်အလက်နည်းပညာ နှင့် ဆက်သွယ်ရေးကဏ္ဍတွင် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ရန်၊ ကျွမ်းကျင်ပညာရှင်များ အပြန်အလှန် ဖလှယ်မှုများ မြှင့်တင်ရန်နှင့် အဆိုပါကဏ္ဍနှင့် သက်ဆိုင်သည့် နိုင်ငံတကာဖိုရမ်များတွင် နှစ်နိုင်ငံအကြား ဆက်သွယ်ညှိနှိုင်းမှုများ ပိုမိုခိုင်မာစေရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။
-
မည်သည့်ကျူးကျော်တိုက်ခိုက်မှုကိုမဆို ပြင်းပြင်းထန်ထန်နှင့် အချိုးညီမျှစွာ တုံ့ပြန်သွားမည်ဟု အီရန်ကာကွယ်ရေးဝန်ကြီး ပြောကြား
အီရန်နိုင်ငံ၏ ကာကွယ်ရေးဝန်ကြီး မဲဟ်ဒါဒ် အက်ခလာကီ ကီတာဘ်ချီ က အီရန်နိုင်ငံအပေါ် ဖြစ်လာနိုင်သည့် တိုက်ခိုက်မှုများ ပြန်လည်စတင်လာနိုင်ခြေနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံကို သတိပေးပြောကြားခဲ့ပါတယ်။ အီရန်အနေဖြင့် ရန်သူ၏ ခြိမ်းခြောက်မှုများကို လျစ်လျူရှုထားမည်မဟုတ်ဘဲ မည်သည့်အန္တရာယ်ကိုမဆို ရင်ဆိုင်ဖြေရှင်းရန် အပြည့်အဝ အသင့်ရှိနေကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။