-
ဆော်ဒီဦးဆောင်သော မဟာမိတ်တပ်ဖွဲ့၏ တပ်မှူး သေဆုံး နှင့် ၎င်း၏တပ်ဖွဲ့ဝင်များ အန်ဆွာရိုလ္လာဟ်၏ ဖမ်းဆီးခြင်းခံရ
ယီမင်နိုင်ငံ လဟ်ဂျ်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ ဆော်ဒီဦးဆောင်သော မဟာမိတ်တပ်ဖွဲ့၏ တပ်မဟာမှူးတစ်ဦး သေဆုံးခဲ့ကြောင်း ဆနားမြို့အခြေစိုက် မီဒီယာအချို့က ဖော်ပြခဲ့ပါတယ်။ ၎င်း၏တပ်ဖွဲ့ဝင်များမှာလည်း အန်ဆွာရိုလ္လာဟ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း သိရပါတယ်။
-
တူရကီသမ္မတ အာဒိုဂန်၏ အစိုးရအဖွဲ့ဝင်ဟောင်းတစ်ဦးကို စတော့ရှယ်ယာဈေးကွက် ငွေကြေးအကျင့်ပျက်ခြစားမှုအမှုဖြင့် ဖမ်းဆီး
တူရကီနိုင်ငံ၏ ယခင်မိသားစုနှင့် လူမှုရေးမူဝါဒဝန်ကြီးဖြစ်သူ၊ အာဏာရ တရားမျှတမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (AKP) ၏ အဆင့်မြင့်ခေါင်းဆောင်တစ်ဦးဖြစ်သော ဖာတီမာ ဘက်တူလ် ဆာယန် ကာယာ ကို တူရကီစတော့ရှယ်ယာဈေးကွက်ရှိ ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေများနှင့်ပတ်သက်သည့် ငွေကြေးဆိုင်ရာ မသမာမှုအမှုဖြင့် ဖမ်းဆီးခဲ့ပါတယ်။
-
အီရတ်နိုင်ငံ၊ဘာဘီလ်ပြည်နယ်တွင်ဟဇရသ်ကာစင်မ်ဘင်မူစာအလ်ကာဇင် (အ.စ) ၏ ရုပ်ကလာပ်တော်အား သင်္ကေတပြု၍ စီတန်းလှည့်လည်ပို့ဆောင်သည့် အခမ်းအနား ကျင်းပ။ ။Photos
အဗ်နာ ။ ။ အီရတ်နိုင်ငံ၊ ဘာဘီလ်ပြည်နယ်ရှိ ကာစမီ သန့်ရှင်းမြင့်မြတ်သော ရင်ပြင်တော်၌ ဟဇရတ် ကာစင်မ် ဘင် မူစာ အလ်ကာဇင် (အ.စ) ၏ ရုပ်ကလာပ်တော်အား သင်္ကေတပြု၍ စီတန်းလှည့်လည်ပို့ဆောင်သည့် အခမ်းအနားကို အဲဟ်လေဘိုက်(အ.စ) (အ.စ) မျိုးနွယ်တော်မြတ်များအား ချစ်ခင်ကြည်ညိုသူ ပရိသတ်များစွာ တက်ရောက်ပါဝင်လျက် ကျင်းပခဲ့ပါတယ်။အခမ်းအနားသို့ တက်ရောက်လာသူများသည် အဆိုပါ အေမာမ် ဇါဒေ၏ ဂုဏ်ကျေးဇူးတော်ကို အောက်မေ့သတိရ ဂုဏ်ပြုရင်း ဝမ်းနည်းပူဆွေးမှုများ ပြုလုပ်ခဲ့ကြပါတယ်။
-
ပထမ အယန်းမေ ဖွာတွေမီယဟ် (စ.အ) အတွက် မဒရ်စဟ် ဟဇရသ် ဖွာတွေမဟ် မအ်စူမဟ် (စ.အ) ကွေတ္တာ မြို့ တွင် မဂျ်လစ်များကျင်းပ ။ ။ Photos
အဗ်နာ ။ ။ ပါကစ္စတန် နိုင်ငံ ကွေတ္တာ မြို့ ရှိ မဒရ်စဟ် ဟဇရသ် ဖွာတွေမဟ် မအ်စူမဟ် (စ.အ) တွင် ၂၀၂၆ ခုနှစ် ပထမ အယန်းမေ ဖွာတွေမီယဟ် (စ.အ) အတွက် မဂျ်လစ်များ ကျင်းပခဲ့သည့် ပုံရိပ်များ ဖြစ်ပါတယ်။ ဂျမာဒီယိုလ်အောင်ဝဲလ် ၁၀ ရက်မှ ၁၃ ရက်နေ့ အထိကို ပထမ အယန်းမေ ဖွာတွေမီယဟ် (စ.အ) ဟုခေါ်ပြီး ဂျမာဒီယိုစ်စာနီ ၃ရက် မှ ၅ရက်နေ့ အထိ ကို ဒုတိယ အယန်းမေ ဖွာတွေမီယဟ် (စ.အ) ဟုခေါ်ဆိုပါတယ်။
-
အီရန်ကို ခြိမ်းခြောက်နေမှုများ ရပ်တန့်ရန် အမေရိကန်နှင့် အစ္စရေးကို အိုမန်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို
အိုမန်နိုင်ငံခြားရေးဝန်ကြီး ဆယက်ဒ် ဗဒ်ရိုလ် ဘူစအီဒီ က ဒေသတွင်း၌ နောက်ထပ် စစ်ရေး အသစ်တစ်ခုခု ပြုလုပ်လာပါက ဆိုးရွားသော အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်ကြောင်း သတိပေးခဲ့ပြီး ပါရှန်ပင်လယ်ကွေ့၏ လုံခြုံရေးတာဝန်ကို ဒေသတွင်းနိုင်ငံများက ကိုယ်တိုင်တာဝန်ယူသင့်ကြောင်း ပြောကြားခဲ့ပါတယ်။
-
ဟော်မုဇ် ရေလက်ကြား မှ ရေနံသယ်ယူပို့ဆောင်ရန် အမေရိကန်နှင့် ယူအေအီးတို့၏ စစ်ဆင်ရေး အကျပ်အတည်းနှင့် ရင်ဆိုင်ရ
ယူအေအီးနိုင်ငံက စီမံရေးဆွဲပြီး အမေရိကန်က ပူးပေါင်းပါဝင်ခဲ့သည့် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ရေနံတင်ပို့နိုင်ရေး ရည်ရွယ်သော “စူပါကလပ်စတာ” (Supercluster) စစ်ဆင်ရေးမှာ မအောင်မြင်ဘဲ အကျပ်အတည်းနှင့် ရင်ဆိုင်နေရကြောင်း HFI အဖွဲ့အစည်း၏ ထုတ်ပြန်ချက်ကို ကိုးကား၍ သိရပါတယ်။
-
မက္ကဟ် မြို့ပေါ်တွင် ဒရုန်းတစ်စင်းကို ကြားဖြတ်ပစ်ချခဲ့သည်ဆိုသော ဆော်ဒီ၏ ပြောဆိုချက်ကို ယီမင်စစ်တပ် ပယ်ချ
ယီမင်စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူက မက္ကဟ် မြို့၏ လေပိုင်နက်အတွင်း ယီမင်ဒရုန်းတစ်စင်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်ဆိုသော ဆော်ဒီအာရေဗျ၏ ပြောဆိုချက်သည် အခြေအမြစ်မရှိကြောင်း ပြောကြားကာ ပယ်ချခဲ့ပါတယ်။
-
ဒမတ်စကတ်နှင့် ဘဂ္ဂဒက် ဆက်ဆံရေးနီးကပ်လာမှုအပေါ် လုံခြုံရေးနှင့် ဂိုဏ်းဂဏကွဲပြားမှုဆိုင်ရာ အတားအဆီးများ ရှိနေဆဲ
အီရတ်ဝန်ကြီးချုပ် အလီ အယ်လ်ဇိုင်ဒီ၏ ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့သို့ ခရီးစဉ်နှင့် ဆီးရီးယားအုပ်ချုပ်ရေးခေါင်းဆောင် အဲဟ်မဒ် အရှ်ရှရအ် (အဘူမိုဟမ္မဒ်အလ်ဂျောင်လာနီ)၏ နွေးထွေးစွာ ကြိုဆိုမှုတို့သည် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်လာစေရန် ကြိုးပမ်းနေမှုကို ဖော်ပြနေပါတယ်။ သို့သော် လုံခြုံရေးဆိုင်ရာ ပြဿနာများ၊ ဘာသာရေးဂိုဏ်းဂဏဆိုင်ရာ သဘောထားကွဲလွဲမှုများနှင့် နိုင်ငံရေးအတားအဆီးများက နှစ်နိုင်ငံနီးကပ်ရေးလမ်းကြောင်းကို ဆက်လက်အဟန့်အတား ဖြစ်စေလျက်ရှိပါတယ်။
-
ယီမင်နိုင်ငံတွင် လူပေါင်း ၁,၅၀၀ ကျော် သေဆုံးခဲ့ပြီဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ပြောကြား
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ယီမင်နိုင်ငံတွင် မကြာသေးမီက ဖြစ်ပွားခဲ့သော စစ်ရေးပဋိပက္ခများအတွင်း ယခုအချိန်အထိ လူပေါင်း ၁,၆၇၇ ဦး သေဆုံးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
-
အီရတ်ဝန်ကြီးချုပ်က ဆယက်ဒါ ဇိုင်နဗ် (စ.အ) ၏ ရောင်ဇာတော် မြတ် သို့လာရောက် ဇေယာရသ် ပြု ပြီးနောက် ဒေါ်လာ ၅ သန်း လှူဒါန်း ။ ။ Photos
အဗ်နာ ။ ။ အီရတ်ဝန်ကြီးချုပ် အလီ ဖာလိဟ် အယ်လ်ဇိုင်ဒီ သည် ဆီးရီးယားနိုင်ငံ၊ ဒမတ်စကတ်မြို့ရှိ ဟဇရသ် ဆယက်ဒါ ဇိုင်နဗ် (စ.အ) ၏ ရောင်ဇာတော် မြတ် သို့ သွားရောက်ဇေယာရသ် ပြု စဉ် မိမိ၏ ကိုယ်ပိုင်ငွေကြေးမှ အမေရိကန်ဒေါ်လာ ၁၀ သန်း လှူဒါန်းခဲ့ပြီး၊ ယင်းအနက် ဒေါ်လာ ၅ သန်းကို ရောင်ဇာ တော်၏ လိုအပ်ချက်များအတွက် သတ်မှတ်လှူဒါန်းခဲ့ပါတယ်။
-
“လက်ဘနွန် မြေလွတ်မြောက်ရေးအတွက် ကြံ့ကြံ့ခံ ခုခံမှုသာ တစ်ခုတည်းသောလမ်းဖြစ်သည်”ဟု ဟစ်ဇ်ဘိုလာခေါင်းဆောင် ပြောကြား
လက်ဘနွန် မြေလွတ်မြောက်ရေးအတွက် ကြံ့ကြံ့ခံ ခုခံမှုသာ တစ်ခုတည်းသောလမ်းဖြစ်သည်”ဟု ဟစ်ဇ်ဘိုလာခေါင်းဆောင် H.I ရှိက်ခ် နအီးမ် ကာစင်မ် က ပြောကြား ခဲ့ပါတယ်။
-
အီရတ်ဝန်ကြီးချုပ်က ဆယက်ဒါ ဇိုင်နဗ် (စ.အ) ၏ ရောင်ဇာတော် အတွက် အမေရိကန်ဒေါ်လာ ၅ သန်း လှူဒါန်း ၊ ဇေယာရသ်ပြု
အီရတ်ဝန်ကြီးချုပ် အလီ ဖာလိဟ် အယ်လ်ဇိုင်ဒီသည် မိမိ၏ ကိုယ်ပိုင်ငွေကြေးမှ အမေရိကန်ဒေါ်လာ ၁၀ သန်း လှူဒါန်းခဲ့ပြီး၊ ယင်းအနက် ဒေါ်လာ ၅ သန်းကို ဆီးရီးယားနိုင်ငံ၊ ဒမတ်စကတ်မြို့ရှိ ဟဇရသ် ဆယက်ဒါ ဇိုင်နဗ် (စ.အ) ၏ ရောင်ဇာ တော် လိုအပ်ချက်များ ဖြည့်ဆည်းပေးရန် သတ်မှတ်လှူဒါန်းခဲ့ပါတယ်။
-
ဆားဘီးယားနိုင်ငံရှိ အစ္စရေးသံရုံး လုံခြုံရေးဝန်ထမ်း ဓားဖြင့်တိုက်ခိုက်ခံရ
ဆားဘီးယားနိုင်ငံ၊ ဘဲလ်ဂရိတ်မြို့ရှိ အစ္စရေးသံရုံးအပြင်ဘက်တွင် သံရုံးလုံခြုံရေးအဖွဲ့ဝင်တစ်ဦး ဓားဖြင့်တိုက်ခိုက်ခံခဲ့ရကြောင်း ဆားဘီးယားရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ တိုက်ခိုက်သူမှာ သေဆုံးသွားခဲ့သော်လည်း ၎င်း၏အထောက်အထားကိုမူ အတည်မပြုနိုင်သေးကြောင်း သိရပါတယ်။
-
အစ္စရေး Channel 12 ၏ ကနဦးစစ်တမ်းအရ ဂါဒီ အိုက်ဇင်ကော့၏ မဟာမိတ်အုပ်စုက ၅၂ နေရာ၊ နေတန်ယာဟု၏ မဟာမိတ်အုပ်စုက ၅၀ နေရာ ရရှိ
အစ္စရေးနိုင်ငံ Channel 12 ရုပ်သံဌာန၏ ကနဦးစစ်တမ်းအရ ဂါဒီ အိုက်ဇင်ကော့ ဦးဆောင်သည့် မဟာမိတ်အုပ်စုသည် လွှတ်တော်အမတ်နေရာ ၅၂ နေရာ၊ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု၏ မဟာမိတ်အုပ်စုက ၅၀ နေရာနှင့် အာရပ်ပါတီများက ၁၈ နေရာ ရရှိထားကြောင်း သိရပါတယ်။
-
ကူဝိတ်နိုင်ငံတွင် အာယာသွလ္လာဟ် ရှိက်ခ် ဟိုစိုင်းန် မုအ်သူက်အား သေဒဏ်ချမှတ်
ကူဝိတ်နိုင်ငံ၏ ရာဇဝတ်မှုဆိုင်ရာ တရားရုံး၊ နိုင်ငံတော်လုံခြုံရေးဆိုင်ရာ အမှုများကို စစ်ဆေးသည့် တရားရုံးခွဲက အီရန်နိုင်ငံအတွက် သူလျှိုလုပ်သည်ဟူသော စွပ်စွဲချက်ဖြင့် ထင်ရှားသော ရှီအဟ် ဘာသာရေးပညာရှင်တစ်ဦးကို သေဒဏ်ချမှတ်ခဲ့ပါတယ်။
-
ဥရောပသုံးနိုင်ငံအုပ်စုသည် အီရန်အပေါ် အမေရိကန်နှင့် အစ္စရေးတို့၏ ကျူးကျော်တိုက်ခိုက်မှုအတွက် လမ်းခင်းပေးခဲ့သည်ဟု အူလျာနော့ဗ် ပြောကြား
ကုလသမဂ္ဂဆိုင်ရာ ရုရှားကိုယ်စားလှယ် မီခေးလ် အူလျာနော့ဗ် က ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီတို့သည် ၂၀၂၂ ခုနှစ်၊ မတ်လမှစတင်၍ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ၏ အုပ်ချုပ်ရေးမှူးများဘုတ်အဖွဲ့အတွင်း တင်းမာမှုများ မြင့်တက်လာစေရန် ကြိုးပမ်းခဲ့ကြောင်း၊ ယင်းလုပ်ရပ်များကြောင့် အီရန်အပေါ် အမေရိကန်နှင့် အစ္စရေးတို့၏ ကျူးကျော်တိုက်ခိုက်မှုများအတွက် အခြေအနေများ ပိုမိုအဆင်ပြေလာခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
-
ဆော်ဒီအာရေဗျနှင့် ဟူသီတို့အကြား တင်းမာမှုမြင့်တက်၊ ယီမင်စစ်ပွဲတွင် ပါဝင်ရန် မိတ်ဖက်နိုင်ငံများ တွန့်ဆုတ်
ဆော်ဒီအာရေဗျ နှင့် ဟူသီတပ်ဖွဲ့တို့အကြား စစ်ရေးတင်းမာမှုများ မြင့်တက်လာချိန်တွင် အီဂျစ်အပါအဝင် မိတ်ဖက်နိုင်ငံများက ယီမင်အတွင်း တိုက်ရိုက် စစ်ရေးပါဝင်မှုကို ငြင်းဆို ခြင်းသို့မဟုတ် ရှောင်ရှားနေကြောင်း ၊ ပဋိပက္ခကို ဖြေရှင်းရန် သံတမန်ရေးရာ ဆွေးနွေးညှိနှိုင်းမှုများ လိုအပ်လာကြောင်း သိရပါတယ်။
-
၂၀၂၆ ခုနှစ် အယန်းမေ ဖွာတွေမီယဟ် (စ.အ) အတွက် အေမာမ် အလီ (အ.စ) ရောင်ဇာတော်တွင် အလံများ နှင့် ဆိုင်းဘုတ်များ ချိတ်ဆွဲ ။ ။ Photos
အဗ်နာ ။ ။ ၂၀၂၆ ခုနှစ် အယန်းမေ ဖွာတွေမီယဟ် (စ.အ) အတွက် အေမာမ် အလီ (အ.စ) ရောင်ဇာတော်တွင် အလံများ နှင့် ဆိုင်းဘုတ်များ ချိတ်ဆွဲနေပါတယ်။
-
ရီယာ့ဒ်မြို့တွင် ပြင်းထန်သော ပေါက်ကွဲသံကြီး ကြားရ
ဆော်ဒီမီဒီယာများ၏ ဖော်ပြချက်အရ ဆော်ဒီအာရေဗျနိုင်ငံ၏ မြို့တော် ရီယာ့ဒ်တွင် လုံခြုံရေးသတိပေးချက် ထုတ်ပြန်ခဲ့ပြီး ပြင်းထန်သော ပေါက်ကွဲသံကြီးတစ်ခုကိုလည်း ကြားခဲ့ရကြောင်း သိရပါတယ်။
-
အီရန်နိုင်ငံ ဆီရစ်ဒေသတွင် ပေါက်ကွဲမှုဖြစ်ပွား/ အမေရိကန်နှင့် အစ္စရေးတို့၏ လှုပ်ရှားမှုများကြောင့် ဒေသတွင်း စစ်ရေးတင်းမာမှု မြင့်တက်လာနိုင်
အီရန်နိုင်ငံတောင်ပိုင်း ဆီရစ် ဒေသတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာပြီး၊ အဆိုပါဖြစ်စဉ်သည် အီရန်က ဖြန့်ကြက်ချထားသည့် သင်္ဘောဖျက်ဒုံးကျည်များကို ပစ်မှတ်ထားတိုက်ခိုက်မှု ဖြစ်နိုင်ကြောင်း ပြောဆိုမှုများ ရှိနေပါတယ်။
-
အမေရိကန်နှင့် ဇီယွန်ဝါဒီအစိုးရ၏ ရန်လိုကျူးကျော်မှုကို တရုတ်နိုင်ငံက ပြင်းထန်စွာ ရှုတ်ချ
တရုတ်နိုင်ငံသည် အီရန် နိုင်ငံ အပေါ် အမေရိကန်နှင့် ဇီယွန်ဝါဒီအစိုးရတို့၏ လုပ်ရပ်များကို ပြောင်ပြောင်တင်းတင်း ကျူးကျော်မှုဟု သတ်မှတ်ကာ ပြင်းထန်စွာ ရှုတ်ချခဲ့ပါတယ်။
-
ယီမင်လက်နက်ကိုင်တပ်ဖွဲ့များက ဆော်ဒီအာရေဗျရှိ အဓိကပစ်မှတ် ၇ ခုကို တိုက်ခိုက်ခဲ့ကြောင်း ကြေညာ
ယီမင်လက်နက်ကိုင်တပ်ဖွဲ့များ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ယဟ်ယာ စရီးအ် က စစ်ဆင်ရေးအများအပြား ပြုလုပ်ခဲ့ပြီး ဆော်ဒီအာရေဗျနိုင်ငံရှိ အာရမ်ကို ကုမ္ပဏီ၊ ရေနံမြေ၊ နိုင်ငံတကာလေဆိပ်များ၊ လေတပ်စခန်းနှင့် ရေဒါစခန်းများအပါအဝင် အဓိကပစ်မှတ် ၇ ခုကို တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
-
အီရန်အပေါ် ပြင်းထန်သော ခြိမ်းခြောက်မှုများ ဖြစ်ပေါ်လာပါက စစ်ပွဲအတွင်း ဝင်ရောက်ပါဝင်မည်ဟု အီရတ်လက်နက်ကိုင်အဖွဲ့ ကြေညာ
အီရတ်နိုင်ငံအခြေစိုက် “ ကတာအစ်ဘ် ဆယက်ဒ် ဒိုရှ်ရှိုဟဒါ ” လက်နက်ကိုင်အဖွဲ့၏ အထွေထွေအတွင်းရေးမှူး အဘူ အာလာ အယ်လ်ဝလာအီက အီရန်နိုင်ငံအပေါ် “အမှန်တကယ် ပြင်းထန်သော ခြိမ်းခြောက်မှု” တစ်ရပ် ပေါ်ပေါက်လာပါက ၎င်းတို့အဖွဲ့သည် သက်ဆိုင်ရာ ပဋိပက္ခအတွင်း ဝင်ရောက်ပါဝင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
-
အီရတ် ရှိ စွန်နီနိုင်ငံရေးအင်အားစုများအကြား အီရန်အပေါ် သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေ
အမေရိကန်နှင့် အီရန်အကြား စစ်ရေးတင်းမာမှုများအပေါ် အီရတ်နိုင်ငံရှိ စွန်နီနိုင်ငံရေးအင်အားစုများ၏ သဘောထားများမှာ တစ်သဘောတည်းမဟုတ်ဘဲ အမျိုးသားအကျိုးစီးပွား၊ အီရန်၏ သြဇာလွှမ်းမိုးမှုနှင့် ခုခံတော်လှန်ရေး၏ တရားဝင်မှုတို့အပေါ် မူတည်၍ ကွဲပြားလျက်ရှိပါတယ်။
-
အီရန် နှင့် ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးများ ဒေသတွင်းအခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေး
အီရန်နိုင်ငံခြားရေးဝန်ကြီးသည် ပါကစ္စတန် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မိုဟမ္မဒ် အစ်ရှက် ဒါးရ် နှင့် တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးခဲ့ပါတယ်။
-
ဘာလ်တစ္စတန်ဒေသတွင် ပထမဆုံးနဲဟ်ဂျုလ်ဗလာဂဟ် ညီလာခံ ကျင်းပ ။ ။ Photos
အဗ်နာ ။ ။ ၂၀၂၆ ခုနှစ် ၊ အောက်တိုဘာ ၁၈ ရက်နေ့တွင် ပါကစ္စတန်နိုင်ငံ၊ ဘာလ်တစ္စတန်ဒေသ၊ စကာဒူးမြို့၌ ကွယ်လွန်သူ အလာမဟ် ရှိက်ခ် မိုဟ်စင် အလီ နဂျဖီ (ရ.ဟ) အား ဂုဏ်ပြုအောက်မေ့သည့်အနေဖြင့် ဘာလ်တစ္စတန်ဒေသ၏ ပထမဆုံး နဲဟ်ဂျုလ်ဗလာဂဟ် ညီလာခံကို ကျင်းပခဲ့ပါတယ်။ ညီလာခံသို့ ဘာသာရေးပညာရှင်များ၊ သုတေသီများနှင့် စာပေပညာရှင်များ တက်ရောက်ခဲ့ကြပြီး နဲဟ်ဂျုလ်ဗလာဂဟ် ၏ ပညာရေး၊ ကိုယ်ကျင့်တရားနှင့် လူမှုရေးဆိုင်ရာ အရေးပါမှုများကို ဆွေးနွေးခဲ့ကြပါတယ်။ ဟောပြောသူများက တရားမျှတမှု၊ လူသားတန်းတူညီမျှရေး၊ ကောင်းမွန်သောအုပ်ချုပ်ရေးနှင့် လူ့ဂုဏ်သိက္ခာကို လေးစားရေးတို့ကို အလေးပေးပြောကြားခဲ့ကြပြီး ယင်းကျမ်းပါ ပညာနှင့် ကိုယ်ကျင့်တရားဆိုင်ရာ သင်ကြားချက်များကို ဘာသာဂိုဏ်းဆိုင်ရာ ကန့်သတ်ချက်များကို ကျော်လွန်ကာ လူသားအားလုံးထံ ဖြန့်ဝေပြီး လက်တွေ့ဘဝတွင် ကျင့်သုံးရန် တိုက်တွန်းခဲ့ကြပါတယ်။
-
ဆော်ဒီအာရေဗျတွင် ကာတီဖ်ဒေသခံ ရှီအဟ် မွတ်စလင်မ် ငါးဦးကို အကြမ်းဖက်မှုဆိုင်ရာ စွဲချက်များဖြင့် သေဒဏ်စီရင်
ဆော်ဒီအာရေဗျနိုင်ငံသည် ကာတီဖ်ဒေသမှ ရှီအဟ် မွတ်စလင်မ် ငါးဦးကို အကြမ်းဖက်မှုနှင့် ဆက်စပ်သည့် စွဲချက်များဖြင့် သေဒဏ်စီရင်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာပါတယ်။ အဆိုပါစွဲချက်များသည် နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိ ဖန်တီးထားခြင်းဖြစ်သည်ဟု ဝေဖန်သူများက ဆိုထားပြီး လူ့အခွင့်အရေး၊ တရားမျှတသော တရားစီရင်မှုနှင့် ရှီအဟ် လူမှုအသိုင်းအဝိုင်းများအပေါ် ဆက်ဆံပုံတို့နှင့်ပတ်သက်၍ စိုးရိမ်မှုများ မြင့်တက်လာကြောင်း သိရပါတယ်။
-
ဆီးရီးယားနိုင်ငံရှိ ကင်ဆာလူနာများ ကုသစရိတ်ထက် သေဆုံးခြင်းက ပိုသက်သာနေသည့် အခြေအနေ
ဆီးရီးယားနိုင်ငံရှိ ကင်ဆာလူနာများသည် ရောဂါဝေဒနာ နှင့် ကုသမှု၏ ဘေးထွက်ဆိုးကျိုးများကိုသာ ခံစားနေရခြင်းမဟုတ်ဘဲ ဆေးဝါး၊ ဆေးစစ်ဆေးမှု၊ သွားလာရေးနှင့် နေထိုင်ရေးစရိတ်များကိုပါ ရင်ဆိုင်နေရပါတယ်။ အဆိုပါကုန်ကျစရိတ်များသည် မိသားစုတစ်စု၏ လစဉ်ဝင်ငွေထက်ပင် ပိုမိုများပြားနိုင်ပြီး လူနာများကို ကုသမှုရပ်ဆိုင်းခြင်း သို့မဟုတ် နောက်ကျမှ ကုသခြင်းများ ဖြစ်စေပါတယ်။
-
ဆော်ဒီအာရေဗျတွင် ဘင်္ဂလားဒေ့ရှ် လင်မယားနှစ်ဦးကို သေဒဏ်ပေးခဲ့သည်ဟု သတင်းထွက်ပေါ်၊ ဘင်္ဂလားဒေ့ရှ်ပြည်သူများက တရားစီရင်ရေးလုပ်ငန်းစဉ်အပေါ် မေးခွန်းထုတ်
ဘင်္ဂလားဒေ့ရှ်နိုင်ငံသား နာဇ်ရူလ် အစ္စလာမ်နှင့် ဆီဒီက် အက်ခသရ် တို့ကို ဆော်ဒီအာရေဗျနိုင်ငံ၊ မက္ကဟ် မြို့ရှိ ဗလီတစ်ခုအတွင်း မလျော်ကန်သော အပြုအမူများ ပြုလုပ်ခဲ့သည်ဟု စွဲချက် ဖြင့်သေဒဏ်ချမှတ်ပြီး အကောင်အထည်ဖော်ခဲ့ကြောင်း လူမှုကွန်ရက်နှင့် သတင်းဖော်ပြချက်များတွင် ပြောဆိုနေကြပါတယ်။ အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်ဘက်တွင် တရားစီရင်ရေးလုပ်ငန်းစဉ်၏ ပွင့်လင်းမြင်သာမှုနှင့် ကောင်စစ်ဝန်ရုံးအား အသိပေးခဲ့ခြင်းရှိ၊ မရှိအပေါ် မေးခွန်းထုတ်မှုများ ထွက်ပေါ်နေပါတယ်။
-
ဆော်ဒီအာရေဗျရှိ အာရမ်ကို ရေနံစက်ရုံများ ၏ မီးလောင်မှု ဆက်လက်ဖြစ်ပွားနေ
ဆော်ဒီအာရေဗျနိုင်ငံ အရှေ့ပိုင်းရှိ အာရမ်ကို (Aramco) ၏ ရေနံလုပ်ငန်းဆိုင်ရာ အဆောက်အအုံများတွင် မီးလောင်မှု ထပ်မံဖြစ်ပွားခဲ့ကြောင်း မီဒီယာသတင်းရင်းမြစ်များက ဖော်ပြထားပြီး၊ ဒမ်မမ်ဒေသတွင် ယနေ့ နံနက်အစောပိုင်းက ပေါက်ကွဲသံအများအပြား ကြားခဲ့ရကြောင်း သိရပါတယ်။